ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
== သမိုင်း ==
မြိုးတိုင်းရင်းသားလူမျိုးများ' ရခိုင်ဒေသသို့စတင်အခြေချမှုနှင့်ပတ်သက်၍ ရခိုင်သမိုင်းများတွင်လည်းခြေရာကောက်ယူနိုင်ပါ သည်။ ကစၦပနဒီမြစ်ဝှမ်းဒေသသို့ [[ရခိုင်လူမျိုး]]များ မြောက်ဘက်မှဝင်ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း ၊ပထမဓညဝတီကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်း [[မရယုမင်း]] သည် "မြို"အကြီးအကဲတစ်ဦး၏သမီး မပိန်နှင့် လက်ထပ်ထိမ်းမြားခဲ့ကြောင်း၊ ထို့နောက် "မြို"လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစၦပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနေကြသော ဘီလူးများကို တိုက်ခိုက်အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုပါသည်။<ref>19. History of Burma ,1883,pg,43,45</ref>
ထိုအကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၆) တွင် 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ' ဟူ၍ စပ်ဆိုထားပါသည် ရခိုင်မဟာမုနိဘုရားသမိုင်းစာအုပ်တွင် 'မာရယုသည် စွမ်းရည်သတိ္တနှင့် ပြည့်စုံသည်ဖြစ်၍ မြိုလူမျိုးခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက်ထပ်သည်' ဟုဖော်ပြထားပါသည်။<ref>ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)(စာ ၉၃-၉၆)(စာ ၁၂၂-၁၃၅).</ref>
ဤအဖြစ်အပျက်ကို နှောင်းပိုင်းသုတေသီတို့က ခရစ်နှစ်အဖြစ် နန်းစဉ် နန်းဆက် သမိုင်းပြု၍ ဖော်ပြရာ ဘီစီ-၃၃၂၅ သည် မာရယု၏ နန်းတက်နှစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်သမိုင်းဦး ကာလကပင် ရခိုင်ပြည်နယ်၌ "မြို"တိုင်းရင်းသားတို့ရှိနှင့်ပြီဖြစ်ကြောင်း ယေဘုယျ မှတ်ချက်ယူနိုင်ပါသည်။ မြိုတို့သည် ရခိုင်နှင့်အတူတကွ နေထိုင်လာခဲ့ကြရာ ဝေသာလီခေတ်ကုန်ခါနီးတွင် မြို လူမျိုးသုံးဦးဘုရင်ဖြစ်လာခဲ့သော သမိုင်းကြောင်းသည် ရခိုင်ရာဇဝင်တွင် ထင်ရှားခဲ့ပါသည။ ဝေသာလီကျောက်လှေကားခေတ်တွင် စူဠစန္ဒားမင်းနတ်ရွာစံပြီးနောက် မင်းဆက်ပြတ်ခဲ့ရာ စန္ဒာဒေဝီမိဘုရားသည်ဘုရင်ကြီးမှာခဲ့အတိုင်း မိမိလက်စွပ်ဖြင့်တန်သူကို ရှာဖွေခဲ့ရာ မတွေ့ရ၍ချောင်းဖျား၊မြောင်းဖျား၊တောတောင်အနံှံ့အပြားရှာဖွေစေသည်။ထိုအခါအဆင်း၊ခွန်အား၊စွမ်းအားဖြင့်ပြည့်စုံသောမြိုလူမျိုးသုံးဦးဖြစ်သည့် အမြတူ၊ အမြကူ၊ပဲဖြူ တိို့နှင့် လက်စွပ်တန်သည်ဖြစ်၍ဝေသာလီမြိ့တော်သို့ခေါ်ယူခဲ့သည်။ <ref>'Mro-cha''-A hub for Mru Indigenous people promoting the ''Mru'' Retaning their Ethnicity,pg,24</ref>ယင်းနောက်အစ်ကိုကြီး အမြကူကို အိမ်ရှေ့အရာအပ်နှင်းကာ သားဖြစ်သူပဲဖြူကို မြောက်ဦးမြို့အားစားစေသည်။
ထိုအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၄)တွင် 'မြိုတွင် ထင်ရှား၊ သင်းကြီးသားလျှင်၊ ရည်သွားလုံးရပ်၊ စည်းကြပ်ကျစ်ကြော၊ ချောမောဆင်းရောင်၊ ညီနောင်သားဘ သုံးယောက်ရ၍၊ အစတည်တုံ၊ အမြတူနှင့်၊ တူစုံသားမောင်၊ထီးနန်းဆောင်၍ နောင်တလစ်မှု၊ သားပဲဖြူနှင့်၊ ရိပ်ဖြူဆောင်းချုပ် ၊ ပြည်ရွာအုပ်လျက်' ဟုမှတ်တမ်းတင်ခဲ့သည်။<ref>ရခိုင်ရာဇဝင်သစ်ကျမ်း(ဒုတိယတွဲ)(စာ ၄၂၊
(စာ ၅၁-၅၂).</ref>
ပဲဖြူမင်း မြောက်ဦးမြို့တည်၍နေစဉ် မြောက်ဘက်မှ မွန်ဂိုလီယံများ ဝင်ရောက်တိုက်ခိုက်၍ပျက်စီးသည်ကို 'တုံလှုပ်မစွမ်း၊ ခဲ့ယိုယွင်းတွင် ရှမ်းလိမ်းဘုန်းရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍ဖျက်ဆီးလေသော၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်' ဟူ၍ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၄)၌ပင်ဖော်ပြထားပါသည်။ရခိုင်ဘုရင်ကောလိယမင်း၏သားတော်ဿရာဇာလက်ထက်တွင်ပျောက်ဆုံးနေသော မဟာ မြတ်မုနိရုပ်ပွားတော်ကြီးအား အမတ်ကြီးလကျၤာကို ဆုလာဘ်ပေး၍ ရှာဖွေစေသည်။နောက်ဆုံးတွင်ချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားတွင် နေထိုင်စားသောက်ကြသော မြိုလူမျိုးရဟောင်လာနှင့် အပေါင်လာညီအစ်ကို နှစ်ဦး၏ အကူအညီလမ်းညွန်မှုဖြင့် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးကို ချောင်းဖျားငယ်တစ်ခုတွင် လည်တော်တိုင် မြေဖုံး၍ တွေ့ရသည် ဟုဆိုသည်။<ref>ဓညဝတီရာဇဝင်သစ်ကျမ်း(ပဌတွဲ)၊၁၃၁၆-ခုနှစ် ၊စာမျက်နှာ-၁၃၁။</ref>
ယင်းအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၉)တွင် 'ကောလိယမင်း၊ အရင်းသည်းခြာ၊ ဿရာလျှင်၊ မဟာမုနိ၊ ရှိသည့်အကြောင်း၊ ပေါင်လောင်မြို့ထီး၊ သင်းကြီးညွန်ပြ'ဟူ၍ ဖော်ပြထားပါသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းများ၏ အဆိုအရ တစ်နည်းနည်းဖြင့် ရခိုင်ဒေသသို့ ရောက်ရှိခဲ့မည် ဖြစ်သော "မြို"တိုင်းရင်းသားများသည် ရခိုင်ပြည်မြောက်ပိုင်း ကစၦပနဒီ နှင့် လေးမြို့မြစ်
ဝှမ်းသို့ တစ်သုတ်ပြီးတစ်သုတ် အခြေချခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကစၦပနဒီနှင့်လေးမြို့မြစ်ဝှမ်းသို့ အခြေချလာပုံနှင့်ပတ်သက်၍ ဤသို့ဆိုပါသည် BC-၃၃၀၀ ကျော်က အဆိုပါ မြိုလူမျိုးများသည် အိနိ္ဒယတောင်တန်းအရပ်ဒေသနှင့်တရုတ်ပြည် ယူနန်အရပ်ဒေသတွင်နေထိုင်ခဲ့လေ၏။ ထိုအရပ်ဒေသမှတစ်ဆင့် ကစၦပနဒီ (မြိုဘာသာခေါ်ယာမ်မာစေ) လေးမြို့မြစ် နှင့်ကုလာတန်မြစ် ဝှမ်းပီချောင်း၊မီးချောင်းအရပ်ဒေသ၌အခြေချလာရာထိုအရပ်၌ပင်ရခိုင်တိုင်းရင်းသားများနှင့်ရင်းနှီးစွာနေထိုင်ရင်းရခိုင်မင်းဆက်သုံးဆက်မျှ အုပ်စိုးခဲ့ကြသည်။"
''၁၉၄၃၊ စစ်အတွင်းကမြန်မာနိုင်ငံအစိုးရက ဆင်းလားမြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံလက်စွဲစာအုပ်တွင် ချင်းအမျိုးအနွယ်ဝင် 'မြို'တိုင်းရင်းသားတို့ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြခဲ့ပသည်။ တိဗက်-မြန်မာ မျိုးနွယ်အုပ်စုသည် သုံးစုခွဲ၍ လမ်းကြောင်းဖြင့်တောင်ဘက်သို့ ဆင်းလာခဲ့ရာ ဧရာဝတီမြစ်ဖျားခံရာ အရပ်ဒေသများမှဖြတ်ကျော်ခဲ့ကြသည်။ ထိုနေရာမှချင်းအမျိုးသားတို့သည်အနောက်ဘက် တောင်တန်းများသို့ တက်ခဲ့ကြလေသည်။ ဆင်းသက်လာသောသုံးစု အနက်အများစုတွင် မြန်မာနှင့် ရှေးမြန်မာများပါဝင်သည်။ တောင်ဘက်သို့ဆက်၍ ဆင်းသက်လာရင်း လမ်းတစ်လျှောက်တွင် အချို့က အတည်တကျစွဲမြဲနေထိုင်ရစ်ကြရာ မြန်မာပြည်မြောက်ပိုင်းနေ မျိုးနွယ်စုများဖြစ်သွားကြသည်။ ရခိုင်ရိုးမတောင်တန်းများ၌ နေကြသော ချင်း၊ ဒိုင်းနက်၊ မြို ၊ တောင်သား၊ ခမီးတို့သည်လည်း တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကြသည်။ ချင်း
၊ ကချင်နှင့် မျိုးနွယ်ချင်းဆက်စပ်သော နာဂတို့သည် မြန်မာနိုင်ငံမြောက်ဘက် တောင်တန်းများ၊ ဟူးကောင်းတောင်ကြားနှင့် ချင်းတွင်းမြစ်အနောက်ဘက်တို့တွင် နေထိုင်ကြသည်''ဟုရေးသားထားပါသည်။
ထို့အပြင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မရယုနှင့် ဗေဒါရှင်းတမ်း စသည့်ကျမ်းကန်များတွင်လည်းကောင်းတစ်ချို့သောစာအုပ်စာပေများတွင်လည်းကောင်းမြိုလူမျိုးကိုရေးသားကြရာတွင်[[မြိုဟူသောဝေါဟာရ|''မြို''ဟူသောဝေါဟာရ]] အပြင် ''မြို''ဟူ၍လည်းကောင်း ''မြုန်"ဟူ၍လည်းကောင်း "မြို့"ဟူ၍လည်းကောင်း မှုကွဲစာလုံးပေါင်းဖြင့်ရေးသားထားပါသည်။ မြို၊ မြုန်၊ မြုမ် ၊ မြူ၊ မြို့ဟူသော အရေးအသားသည် "မြို"လူမျိုးတစ်မျိုးကိုပင်ရေးးသားထားဟုမှတ်ယူနိုင်ပါသည်။ အိနိ္ဒယလူမျိုးများက ''မြို''လူမျိုးများကို "မြုံဂျာ"ဟုခေါ်ဝေါ်နေကြသည်။ မှုလ "မြူ" "မရု"စကားလုံးကို ရခိုင် တိုင်းရင်းသားတိို့က "မြို"ဟုခေါ်ပြီး ဗမာတိုင်းရင်းသား တို့ကမှု "မြို"ကို "မျို"အသံထွက်သည်။<ref>18. Morternal Morbidity and Mortality among Indigenous People in Bangladesh: A study of the Mru Community, pg,18,32</ref> မြို လူမျိုးကို တစ်ခြားတိုင်းသားများက သူ့လျာသံနှင့်မည်သို့ပင်ခေါ်စေကာမှု မိမိကိုယ်ကို "မြူ""မရု"ဟု ယနေ့တိုင်ခေါ်ဝေါ်ကြပါသည်။ မြိုတိုင်းရင်းသားလူမျိုးများမှာ မှုလ "မြူ"နာမည်ရှိသလို ရခိုင်၊ ဗမာစသည့်တိုင်းရင်းတို့မှာလည်း"Burma ဘာမာ"ဟုတွေ့ရပြီး၊ရခိုင်တိုင်းရင်းသားတို့မှာလည်း"Arakan အာရကန်"ဟုတွေ့ရပါသည်။ မြိုတိုင်းရင်းသားတို့သည် မိမိကိုယ်ကိုယ် "မြူ"ဟူ၍အပြင် "မြိုစာ Mro-cha"ဟုလည်းခေါ်ပါသည်။ "မြူ"အသုံးနုန်း သည် အများဆိုင်'နာမ်'ကိုလည်းသုံးပါသည်"မြိုစာ"အသုံးနုန်းသည်မိမိကိုယ် ကိုယ်စားပြုပါသည်။ ထို့အပြင် "မရိုစာ Mro-cha"ဟူ၍လည်းကောင်း၊ "မရုစာ ''Mru-
cha''ဟူ၍ လည်းကောင်းခေါ်ဆို သည်။ ''လူ'' လူသားဟု အဓိပ္ပါယ်ရသည်။<ref>20. On the History of Burmah Race,Tranctions of the Ethnological Society of London Vol.5,1867,pg,29,30</ref>
 
== မြိုအမျိုးကွဲပေါင်း ==
မြိုလူမျိုးတို့တွင် မြိုအမျိုးကွဲပေါင်း(၁၀၀)ကျော်ခန့်ရှိသည်ဟူ၍ အဆိုရှိကြပါသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးခန့်သာ ရှာဖွေတွေ့ရှိရကြေား၊ ယင်းအထဲတွင်လည်း အမှန်တကယ်အားဖြင့်ရှိနေသော မြိုမျိုးကွဲမှာ (၃၀) ဖြစ်ကြောင်းအဆိုရှိကြပါသည် ။ ဟုသမိုင်းတွင် ဖော်ပြရေးသားထားပါသည်။မြိုလူမျိုးသည် လူဦး‌ရေနည်းသလောက် မျိုးကွဲများပြားသည်။ ယခုအခါတွင် မြိုမျိုးကွဲများသည် (၇၀) မျိုးရှိကြောင့် ရှာဖွေလေ့လာတွေ့ရှိပါသည်။ ၄င်းတို့မှာ-၁။ပလောင်ဒို 2။ တင်မ်တူ ၃။ဆွေ၄။ဆာမ်လာမ်၅။ပြန့်စာ ၆။ဆင်ကာလ်စာ ၇။ဘွေမာ ၈။ဟရိကလောင် ၉။ခွာ ၁၀။အာလှာမ် ၁၁။ဒန် ၁၂။ကုံမ့်စာ ၁၃။ ဒိန်တင့် ၁၄။ ဘွေတိန် ၁၅။မာလှာမ်မာ ၁၆။နိုနှာမ် ၁၇။နိုလှာမ် ၁၈။ကုမ့်စာ ၁၉။ ပေးနှာမ့် ၂၀။ ပြန်မ်ဆင် ၂၁။ ခိုင်စာ ၂၂။ ဆင်ရိုးစာ ၂၃။ကြောင်ဝေ့စာ ၂၄။ပေါင့်စာ ၂၅။ငါ့မာ ၂၆ ။ ဟန်းလာ့ ၂၇။ ယောမ့်ရဲ့ ၂၈။ပက်တိယာ ၂၉။ ဆင်ပြော့စာ ၃၀။ လန်းပြိုစာ ၃၁။ရွေ့စာ ၃၂။မရာစာ ၃၃။ဖလောင် ၃၄။တာမ်ဆင် ၃၅။ရဟစာ့ ၃၆။ တိန်မ်ကမ် ၃၇။ မင့်စာနှာမ် ၃၈။နာမ့်သရှိန်း ၃၉။ နာမ့်ဆစာ ၄၀ ။ ဟွာမာ ၄၁။ပုလ်စာမ့် ၄၂။ ရုံမ်ထူတင့် ၄၃။ပေါင်မိတင့် ၄၄။ မေ့မတင့် ၄၅။ရန်လိပ်စာ ၄၆။ ခုံမ်စာ ၄၇။ ရန်မိတ်စာ ၄၈။ လင့်စားတင့် ၄၉။ တောင်န် တင့် ၅၀။ ယာမ့်မာတင့် သို့မဟုတ် ယာမ်မာဆောင်အိုင်မ်းတင့် ၅၁။ ရိုမ်စာ ၅၂ လိင်မ် ကန့်စာ ၅၃ ရပေါစာ ၅၄။ ရုံမ်ထူ ၅၅။ ငါ့ရွာ့ ၅၆။နာမ့်ဖန်ဒန် ၅၇။အွေထနိ့ဒန် ၅၈။ စတုဒန် ၅၉။ရောင့်ဒိမ့် ၆၀။ဒက်ဒိမ့် ၆၁။နှာမ်ဒေါင့်မ် ၆၂။ပလက်ဆင် ၆၃။ဝင့်ကို ၆၄။ ဒန်ပရာမ့်နှာမ့် ၆၅။ ကွိုင်စင့်မ် ၆၆။ အောမ်စမ့် ၆၇။ ဆာရမ်စာ ၆၈။ စတု ၆၉။ တိန်စာ ၇၀။ရန်တိန်စာ တို့ဖြစ်ကြပါသည်။ ဒီထက်ရှိနေဦးမလား ဆိုသည်ကို ဆက်လက်လေ့လာရအုံးမည်။