ဆွေးနွေးချက်:မြို(ခမိ)လူမျိုး: တည်းဖြတ်မှု မူကွဲများ

ဆွေးနွေးချက်တင်သည်
No edit summary
စာကြောင်း ၁၉ -
မြိုနာမည် အား ချင်းပြည်နယ်နေ မြို သော်လည်းကောင်း၊ ရခိုင်ပြည်နယ် မြို (ဝါကုန်း) သော်လည်းကောင်း ဆုံးရှုံးမှု မလိုချင်ကြပါ။ သို့သော်စစ်တကောင်းဘက်မှ မြိုအကြောင်း ဝီကီမှာ ရေးတဲ့ အခါရခိုင်သမိုင်းမှာ ဖျက်ပျက်သမျှ ၊ ဆမီးဒေသမှာ ရှိနေတဲ့ မြို မှန်သမျှ ကို ကွင်းဆင်း လေးလာမှု မရှိပဲ ရေးတာ တွေ့ရပါတယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆချက် တစ်ခု ဖြစ်ပါတယ်။ ဘာသာစကားတူညီမှုမှာ မြိုဘာသာစကား ထွင်သူက မရူစာ စကားနှင့် မြိုစကားမတူကြောင်း ဖော်ပြခဲ့ပြီ ဖြစ်ပါတယ်။ --[[အသုံးပြုသူ:Yomeo|Yomeo]] ([[အသုံးပြုသူ ဆွေးနွေးချက်:Yomeo|ဆွေးနွေး]]) ၀၁:၄၈၊ ၂၄ မေ ၂၀၂၀ (UTC)
ဝီကီအကြောင်းအရာဟာ သမိုင်းအပေါ် မှာသာ အခြေခံ ရေးနေရခြင်း ဖြစ်ပါတယ်။ သမိုင်းမရှုပ်ထွေးအောင် မြိုနှင့် မရူစား မှားယွင်းမှု မလိုချင်ပါ။--[[အသုံးပြုသူ:Yomeo|Yomeo]] ([[အသုံးပြုသူ ဆွေးနွေးချက်:Yomeo|ဆွေးနွေး]]) ၀၁:၄၈၊ ၂၄ မေ ၂၀၂၀ (UTC)
Mro Language သိသန့်ရှိနေခြင်း
<ref>https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF(%E1%80%81%E1%80%99%E1%80%AD)%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8--[[အသုံးပြုသူ:Yomeo|Yomeo]] ([[အသုံးပြုသူ ဆွေးနွေးချက်:Yomeo|ဆွေးနွေး]]) ၀၁:၅၃၊ ၂၄ မေ ၂၀၂၀ (UTC)
<ref>https://en.wikipedia.org/wiki/Mro_language --[[အသုံးပြုသူ:Yomeo|Yomeo]] ([[အသုံးပြုသူ ဆွေးနွေးချက်:Yomeo|ဆွေးနွေး]]) ၀၁:၅၃၊ ၂၄ မေ ၂၀၂၀ (UTC)
 
( အခုဖော်ပြသော မြိုလူမျိုးအကြောင်းသည် ခမီးဘာသာစကား ကိုပြောသော အုပ်စုသာ ဖြစ်သည် ခမီလူမျိုး ရှိပြီးသား ဖြစ်သော်လည်း မြိုလူမျိုးနေရာကိုပါ လုနေခြင်းသည် နောင်အခါ တွင်မတွေ့ဝံ့စရာ အကြောင်းဖြစ်ပေါ်နိုင်ပါသည် မြိုအကြောင်းရေးသားပြီးဖြစ်သော်လည်း မြိုဟု ခံယူပြီး ခမီဘာသာစကားပြော အုပ်စု သည် အလွန်တရာ တိုင်းရင်းရင်းသား စိတ်ဓာတ် ၊ မြန်မာ စိတ်ဓာတ်နှင့် မတူကြပေ ။
ဤနေရာ တွင် ဘ,်အချိန်မှ စတင်ပြီး ခမီလူမျိုးမှ မြို လူမျိုး ဖြစ်လာခြင်း သူတို့၏ သမိုင်း ကောက်ကြောင်းကိုရှင်းလင်းပါမည်။)[[အသုံးပြုသူ:Moyezan|Moyezan]] ([[အသုံးပြုသူ ဆွေးနွေးချက်:Moyezan|ဆွေးနွေး]]) ၀၅:၄၆၊ ၂၆ မေ ၂၀၂၀ (UTC)
 
မြိုနှင့်ခမီး ကိစ္စရပ်သည် ချင်းနှင့် ရခိုင် ပြည်တွင် နေထိုင်သော ကုလားတန် တလျှောက် နေထိုင်သော မျိုးတူ အကြောင်းအရာပါ ဖြစ်သည် ၊ စစ်တကောင်းဒေသနေ မရူစားများနှင့် ဆက်နွယ်မှု မရှိပေ။
 
ခမီးမှ မြို ပြောင်း ခြင်း အကြောင်းအရာပါသည် ၎င်းလူမျိုးတွင်း ဖြစ်သော ကိစ္စကပ် ဖြစ်သည်။ ကြားနောက်ဝင် မရူစား အကြောင်းအရာနှင့် ဆက်နံယ်မှု မရှိပါ မြေပြင် ကွင်း ဆင်း လေ့လာမှု ရှိပြီးမှ ပြောပါစေ။ [[အသုံးပြုသူ:Yomeo|Yomeo]] ([[အသုံးပြုသူ ဆွေးနွေးချက်:Yomeo|ဆွေးနွေး]]) ၁၇:၅၀၊ ၂၆ မေ ၂၀၂၀ (UTC)
 
== ဤမြိုလူမျိုး -ဝီကီပီးဒီးယား ဟု ရှိသော အကြောင်းအရာနှင့်သက်ဆိုင်သော ==
(မြိုလူမျိုးမဟုတ်သည့်မြိုဘာသာစကားခါ် နကုန်း သို့မဟုတ် ဝါကုန်း၊ မြို(ခေါ်)ခမီ ဟုခံယူသူများ) ဝါးမျိုသည့် လူမျိုးစု တစ်စုက ဘယ် အုပ်စုလဲ၊ ဘယ်အချိန်က မြိုလူမျိုးဟုစတင်ခံယူကြသလဲ ဆိုသည်ကို ဖော်ပြရန် လိုပေမည် ။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ် တွင် မြန်မာ နိုင်ငံတော်ကြီးကို တိုင်းပြု၊ ပြည်ပြု ရန် စတင် လှုပ်ရှားပြီး လက်ရှိ ရခိုင်ပြည်နယ်ကို ရခိုင်တောင်တန်းဒေသ ဟုသတ်မှတ်၍ ချင်းပြည် နယ်ကိုလည်း ချင်းဝိသေသတိုင်းဟုသတ်မှတ်ခဲ့ပါသည်။မြန်မာနိုင်ငံတော်ကြီးမှတိုင်းနှင့်ပြည်နယ်အသီးသီးပြုပြီးကာလသည်ပါလီမန်ဒီမိုကရေစီခေတ်ရေစီခေတ်ရေစီးကြောင်းသို့ကူးပြောင်းချိန်သည်လက်ရှိနိုင်ငံရေးနှင့်အလားတူပင်၊ယခင်ပါလီမန်ဒီမိုကရေစီခေတ်တွင်မြန်မာနိုင်ငံသားတိုင်းလွှတ်တော်တွင်အမတ်လောင်းတက်ရောက်နိုင်ရေး အတွက် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြီး ပြည်သူတို့ရဲ့ အသည်းကြားက မဲတစ်ပြား နဲ့ တင်မြှောက်သည့် ယခုကာလတူဖြစ်သည်။ထိုအချိန်ခါသော်လည်းကောင်း၊ယခုလက်ရှိအရသော်လည်းကောင်း၊ပလက်ဝ၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ (မြောက်ပိုင်း) တစ်ဆက် ပလက်ဝ၊ ကျောက်တော်၊ ပုဏားကျွန်း၊ရသေးတောင် ၊ဘူးသီးတောင် စသည်ဖြင့် နယ်မြေ တစ်ဆက်တည်း လူမျိုးတစ်စုတည်း ရှိနေ၍ ရွေးကောက်ပွဲတွင် ပလက်ဝ မှဦးထပ်လှိုင်း(ခမီ)ကမဲအများဆုံးဖြင့် ရခိုင် တောင်တန်း ဒေသဟု သတ်မှတ် ချိန်တွင် ရခိုင်တောင်တန်းဒေသ အထူးကိုယ်စားပြု အနေဖြင့် ပထမ ဦးဆုံး လွှတ်တော်အမတ် လောင်းနေရာ ကို ကျောက်တော်မြို့မှ ဦးကြာလှအောင် (ရခိုင်) အား မဲအပြတ် အနိုင်ရခဲ့သည် ဟု သိရသည်။ရခိုင်တောင်တန်းဒေသမှ တစ်ချို့သော ရခိုင်များသည် အခုအချိန်မှာ ခမီက အမတ်တစ်နေရာ ရထားပြီဆိုလျှင် နောက်နှောင် ကျရင် ကျွန်ုပ်တို့ ရခို်င်တောင်တန်းဒေသကို ရခိုင်တွေမအုပ်ချုပ်နိုင်ဘဲ ခမီတွေ အုပ်ချုပ်မှာ စိုးရိမ်၍ ဗိုလ်ကြီးကြာလှအောင်သည် (ယခင်က) ကျောက်တော်မြို့မှ ခမီလူမျိုးများကို စကားစဆိုလေသည်မှာ ပလက်ဝ က ဦးထပ်လှိုင်း သည် ခမီလူမျိုးဖြင့် ပါလီမန် အမတ် ဖြစ်သွားပြီ ငါတို့ ကျောက်တော် က ခမီတွေ အမတ်တစ်နေရာ လိုချင် ရချင်ရင် ခမီလူမျိုးခံယူလို့မရနိုင်တော့ဘူး ၊ပလက်ဝ က ဦးထပ်လှိုင်းရသွားပြီ ဒီတော့ ကျောက်တော်က မြို့နယ်လုံး ခမီတွေ အကုန်လုံးမြိုခံရန် တိုက်သွန်းသည်ဟုဆိုပါသည်။ တဖန် ခေတ်ကာလ တူ မြောက်ဦးမြို့နယ်တွင်လည်း ဆရာတော် ပညာသီဟ သည် မြောက်ဦး မြို့နယ်မှ ခမီ လူမျိုးတွေ ကိုခေါ်ကာ တကာတို့ ဘာသတင်းတွေသိကြ၊ ကြားကြရပြီလေ ဟုမေးကာ ကိုယ်တော်ကတော့ ကျောက်တော်မြို့မှာ ခမီ တစ်မျိုးလုံး မြို လူမျိုးပြောင်းသွားပြီ လို့သတင်းကြားရတယ်။ ဒီတော့ ကိုယ်တော် တို့မြို့နယ်က ခမီတွေ က ခမီလူမျိုးဘဲ ခံရမည်၊ ကိုယ်တော်လည်း ရခိုင်မဟုတ်ဘူး ခမီ လူမျိုး(ကဆိန်) အမျိုး ကျောင်းတိုက်ရွာမှဦးအာဝင်အမျိုးခံ၍ပြောကြားခဲ့လေသည်။ကျောက်တော်မြို့နယ်မှဗိုလ်ကြီးကြာလှအောင်နှင့် မြောက်ဦးမြို့နယ်မှ ဆရာတော် ပညာသီဟ တို့သည် ခမီလူမျိုးကြားတွင် တစ်ဦး ကို တစ်ဦး ကြည့်မရ သလိုလို ၊စကားပြောကြရာမှာသော်လည်းကောင်း မသင့်မြတ် သလို ဖြစ်သည်ဟု ဆိုပါသည်။ ၁၉၅၈-၅၉ ခုနှစ် တွင် ကျောက်တော်မြို့ ဦးကြာလှအောင်(ရခိုင်) နေအိမ််််််််််တွင် မြိုဟူ သော ဆိုင်းဘုတ်ကို ခမီလူမျိုး ကိုယ်စား တင်လေပြီ (မြိုဆိုင်းဘုတ်) တင်အခမ်းအနား တွင် ဆရာတော် ဘဒ်ဘန ကလျာဏ (ပျံလွန်တော်မူ) နှင့် ဦးမောင်အေးဝင်း ဖခင်အမည် မသိ (သက်ရှိ) ငါးတန်ယော်ကော် (ဒေသအခေါ် အမည်တိကျမဆိုလို) သူတို့ နှစ်ဦး အား ဝါဆိုမီကျောင်းတိုက် ဆရာတော် အဂဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲရ ဆရာတော် ဘန္ဒန်ဘခနိ္တစာရ (သက်ရှိ) မှ ကျေွးတာစား၊ ပြောတာကိုမှတ်ယူဟု ပြောကြားစေလွှတ်ခဲ့သည် ဟု သိရသည်။ ၁၉၆၀ ခုနှစ် ကျောက်တော် ခမီ လူမျိုးကို မြို လူမျိုးခံစေပြီး မြိုခံသော ခမီကို ပါတီ ကောင်စီဝင် လူကြီးမြှောက်တင်ပေးခဲ့သော မျက်နှာ ကြောင့် လွှတ်တော်တစ်နေရာ ၊ အမတ်လောင်း ရနို့နို့ နဲ့မြိုခံလာတာ ယခုပင်ဖြစ်သည်။ ၁၉၆၀-၇၀ ခုနှစ် တွင် ကျောက်တော်မြို့တွင် ခမီလူငယ် ဘော်ဒါ ဆောင်ဟု ရှိပြီး ၊မြောက်ဦးမြို့တွင်လည်း ခမီလူငယ် ဖံွ့ဖြိုးရေးအသင်းဟု မိမိ လူမျိုးအမှန်ကို အခြေခံ၍ မိမိလူမျိုး ပညာရေးအတွက် မိမိလူမျိုးအမည်ဖြင့် အမှီသဟဲ ဆောက်လုပ်ထားကြသည်မှာ ယ္ခုကတည်းကနေ ခမီလူမျိုးသိသိသာသာ ပြောနိုင်ပါသည်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းတွင် ခမီတစ်မျိုးသားလုံးမှ အသိစိတ်ဖြင့် ဆရာတော်ဘဒ္ဒန္တခနီ္တစာရ၊(တိလောက၊ကလျာဏ)(ပျံလွန်တော်မှု)နယကဆရာတော်များနှင့်ခမီလူမျိုးတစ်ရပ်လုံးပါဝင်သော ညီလာခံ တစ်ရပ်ပြုလုပ်သည်မှာ ၁၉၇၂ ခုနှစ်၊ဧပြီလ ၂၇ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ လောင်းရှည်ချောင်းကျေးရွာ တွင် အဆိုပညာရှင်၊ အတီးအမှုတ်ပညာရှင် ၊အက ပညာရှင်ဖြစ်ကြသော ဒုံကြီးရွာသား၊အဝပြင်ရွာသား(အမည်မသိ)နှင့် ပြွန်တိုကျေးရွာမှ ဦးအောင်ခင် တို့မှ ခမီအမျိုးသားယဉ်ကျေးမှု တစ်ရပ်ကို ဖော်ပြနိုင်ခဲ့သည်ဟု ဆိုပါသည်။ လက်ရှိ ခမီအမျိုးသားနေ့ကိုှ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ကို သတ်မှတ်ကျင်းပလာသည်မှာ (၇) ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ၁၉၈၈ ခုနှစ် ၊တော်လှန်ရေးအရေးအခင်း ကာလ နောက်ပိုင်း ၁၉၈၉-၉၀ ခုနှစ်တွင် နိုင်ငံတော်မှ လူမှုရေးအသင်း အဖွဲသော်လည်းကောင်း၊ တိုင်းရင်းသား အဖွဲ့အစည်း သော်လည်းကောင်း၊ မည်သည့်အသင်းအဖွဲပါတီမဆို ၂၀၀၈ ၊အခြေခံဥပဒေ သစ်ရေးဆွဲ ဖွဲစည်းရန် ခေါ်ချိန် တွင် ၁၉၇၂ ခုနှစ်၊လောင်းရှည်ချောင်း ကျေးရွာတွင်ဆုံးဖြတ်ချက် ကို အခြေခံ၍ ကျောက်တော်ဘက်လည်းမြိုခံ၍ရအောင်နဂိုခမီလည်းပါဝင်အောင်ဆိုပြီးဥပဒေသစ်ရေးဆွဲရာတွင် တက်ရောက်ရန် မြို(ခေါ်)ခမီ အမျိုးသား ညီညွတ်ရေး အသင်းတစ်ခု ဖြစ်တည်လာခဲ့သည်။ ဤ သို့ဆိုလျှင် မြို(ခေါ်)ခမီ ဆို ဘယ်လိုစတင်ဖြစ်ပေါ်လာရသလဲ ဆိုဒါ ရှင်းနေပြီဖြစ်သည်။ ထပ်၍ ဘယ်ခုနှစ်လောက်က ခမီလူမျိုး မှ မြို လူမျိုးသို့ ခံယူလာကြသလဲ ဆိုသည်ကို ဖော်ပြရန်လိုပေမည်။
 
== ကျောက်တော်မြို့နယ်၊ညောင်ပင်လှကျောင်းမှ အစပြု၍(၁၉၅၉-၆၀) ခုနှစ်အတွင်း ``မြို``လူမျိုးအမည်ဟု ပြောင်းလဲခံယူရန် မှတ်တမ်း ==
အစည်းအဝေးသို့ တက်ရောက်သော ပုဂိုလ်များ ၁။ ဦးထွီးလောင်း လမ္မတော်ကျေးရွာ ၂။ ဦးထွန်းအောင် လမုလက်နက်ကျေးရွာ ၃။ ဦးစံလှဦး လမ္မတော်ကျေးရွာ ၄။ ဦးကေချေ လမ္မတော်ကျေးရွာ ၅။ ဦးကျော်ဇောလှ လမ္မတော်ကျေးရွာ ၆။ ဦးစံထွန်းဖြူ ငါးယက်ကိုင်းကျေးရွာ ၇။ ဦးတွီနောင် ညောင်ပင်လှကျေးရွာ ၈။ ဦးမောင်ညွတ်အောင် သရက်ပင်ကျေးရွာ ၉။ ဦးရွှေလှဦး လမ္မတော်ကျေးရွာ ၁၀။ ဦးသာကျော်အောင် လမ္မတော်ကျေးရွာ ၁၁။ ဦးရွှေလှ သံဖရာဒေါင်းကျေးရွာ ၁၂။ ဦးနီထွန်းအောင် မာလာကျေးရွာ ၁၃။ ဦးသူကြွယ်ဖ ကံသုံးဆင့်ကျေးရွာ ၁၄။ ဦးကျော်ဖြူ လမုလက်နက်ကျေးရွာ ၁၅။ ဦးကျော်ထွန်း လမ္မတော်ကျေးရွာ ၁၆။ ဦးရွှေခိုင် မာလာကျေးရွာ ၁၇။ ဦးကာလုံကျောက်ဆည်ပြင်ကျေးရွာ ၁၈။ ဦးကျော်ဇံ ကိုတလုတ်ကျေးရွာ ၁၉။ ဦးလှဖော်သူ မကျားဆည်ကျေးရွာ ။ ရည်ရွယ်ချက် ။ ပလက်ဝမြို့၊ ရခိုင်တောင်တန်းဒေသမှ ဦးထပ်လှိုင်းက ခမီအမည်ခံ၍ ပါလီမန်ရွေးကောက်ပွဲ၌နေရာယူထားသောကြောင့်မိမိတို့ကျောက်တော်နယ်ကလည်း``မြို``လူမျိုးသို့အမည်ပြောင်းကြ၍ ရွေးကောက်ပွဲဝင်နိုင်ကြရန်ရည်ရွယ်ကြသည်။ အစည်းဝေးကျင်းပခြင်း။ အစည်းအဝေး၌ အခမ်းအနားမှူးအဖြစ် အလုပ်အမှုဆောင်အဖွဲ့တစ်ဦးက ဆောင်ရွက်၍ ညောင်ပင် လှဆရာတော် က သဘာပတိအဖြစ်ဆောင်ရွက်သည်။သဘာပတိညောင်ပင်လှဆရာတော်ဘဒ္ဒန္တပညာဝံသကအဖွင့်မိန့်ခွန်းပြော ဆိုရာတွင် ခမီလူမျိုးဦးထပ်လှိုင်း သည် ပါလီမန်ရွေးကောက်ပွဲအတွက် နေရာဝင်ထားပြီဖြစ်၍ မိမိတို့လည်း ``မြို``(မရရစ်) ဖြင့် လူမျိုးတစ်ခုခုပြောင်းကြပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ၎င်း ကော်မတီ၏ ဆွေးနွေးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ကြရန် သြဝါဒပေးခဲ့သည်။ ဖွဲစည်းခြင်း။ ဆရာ၏သြဝါဒ မိန့်ခွန်းကို မရူ(သို့)``မြို``(မရရစ်)ဖြင့် လူမျိုးတစ်ခုခုအမည်ခံ၍ ရခိုင်ရာဇဝင်အရရှေးကျလူမျိုးလည်းဖြစ်ကြရန် အလို့ငှါ အောက်ပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြသည်။
== မြိုလူမျိုးဖြင့် ရွေးကောက်ပွဲဝင်နိုင်ရေးကော်မတီ ဝင်များ ==
၁။ ဦးထွေးလောင်း ဥက္ကဌ ၂။ ဦးထွန်းအောင် ဒု-ဥက္ကဌ ၃။ ဦးစံလှဦး အတွင်းရေးမှူး ၄။ ဦးကေချေ အလုပ်အမှုဆောင် ၅။ ဦးကျော်ဇောလှ အဖဲ့ွဝင် ၆။ ဦးစံထွန််းဖြူ အဖဲ့ွဝင် ၇။ ဦးတွီနောင် အဖဲ့ွဝင် ၈။ ဦးမောင်ညွတ်အောင် အဖဲ့ွဝင် ၉။ ဦးရွှေလှဦး အဖဲ့ွဝင် ၁၀။ ဦးသာကျော်အောင် အဖဲ့ွဝင် ၁၁။ ဦးရွှေလှ အဖွဲ့ဝင် ၁၂ ။ ဦးနီထွန်းအောင် အဖွဲ့ဝင် ၁၃။ ဦးသူကြွယ်ဖ အဖွဲ့ဝင် ၁၄။ ဦးကျော်ဖြူ အဖွဲ့ဝင် ၁၅။ ဦးကျော်ထွန်း အဖွဲ့ဝင်။ ဆွေးနွေးဆုံးဖြတ်ချက်များ ဆွေးနွေးချက်(၁) သန့်ရှင်းဖဆပလ နှင့် တည်မြဲ ဖဆပလ ခေတ်တွင် ရခိုင်တောင်တန်းဒေသ ပလက်ဝမြို့မှ ဦးထပ်လှိုင်းသည် သန့်ရှင်း ဖဆပလ တွင် ရွေးကောက်ပွဲခံယူရန်ဖြစ်၍ မိမိတို့ကျောက်တော်နယ်ကလည်း ``မြို``လူမျိုးအမည်ခံ၍ ရွေးကောက်ပွဲဝင် ကြရန် ဆွေးနွေးခဲ့ကြသည်။ ဆုံးဖြတ်ချက်(၁) (က) ပလက်ဝမှ ဦးထပ်လှိုင်းက ခမီ လူမျိုးဖြင့် ရွေးကောက်ပွဲဝင်ရန် (ခ) မိမိတို့ကျောက်တော်နယ်ကလည်း ယခင် ခမီ လူမျိုးမှ ယခုအခါ ``မြို``လူမျိုးခံယူ ခေါ် တွင်စေပြီး ရခိုင်ရာဇဝင်ရေးသားမှုအရလည်း သမိုင်းဝင်ဖြစ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
 
== ဆွေးနွေးချက် (၂) ==
``မြို``လူမျိုးအမည်ခံယူကြရန်အတွက်ညောင်ပင်လှဆရာတော်နှင့်အစည်းအဝေးသို့တက်ရောက်ကြသူများသည်ကျောက်တော်နယ်ရှှိဗိုလ်ကြီးဦးကြာလှအောင်၏နေအိမ်၌မြိုအမျိုးသားအဖွဲ့ဟုဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်ကြ၍ ဖွင့်လှစ်နိုင်ရန် အစပြုဆွေးနွေးခဲ့ကြသည်။
== ဆုံးဖြတ်ချက်(၂) ==
(က) ၁၉၆၂ ခုနှစ် တော်လှန်ရေးကော်စီအာဏာရလာသောအခါကျောက်တော်နယ်မှ``မြို``လူမျိုးအမည်ခံမြို့နယ်ကော်စီဝင်် အချို့က ခယင်ဘိုးဘွားစဉ်ဆက်မှ ခမီလူမျိုးကိုဖျက်၍ ``မြို``လူမျိုးခံယူမှသာ ဝန်ထမ်းတစ်နေရာတွင် အလုပ်ပေးရန်ဆုံးဖြတ်ခဲ့ကြသည်။(ခ)ယနေ့ထိကျောက်တော်နယ်နှင့်မြောက်ဦးနယ်မြောက်ပိုင်းအတွင်းနေထိုင်ကြသော``မြို``တိုင်းရင်းသားများအဖြစ်ဟုနိုင်ငံသားမှတ်ပုံတင်ကဒ်များတွင်တွေ့ရှိရပါသည်။ဤမျှလောက် ဆိုလျှင် မြို(ခေါ်)ခမီ သို့မဟုတ် မြို ခေါ် ခမီ သို့မဟုတ် မြို(ခ)ခမီ သို့မဟုတ် မြိုခမီ ဆိုသူများသည် မြို မဟုတ်ကြောင့် ထင်ထင် ရှား ရှား ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ပြီဖြစ်သည်။
== ၁၉၄၇-ခုနှစ်နောက်ပိုင်းတွင် ခမီ (၃) အုပ်စု ပေါ်ထွက်လာ ယင်းတို့၏ အမည်နာမှ အမျိုးမျိုး ==
၁။ အရိုင်းခမီ(ခူမီး) ၂။ အဝခမီ (ခမီ) ၃။ မြို(ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ (ယခုအခါ မြိုဟုခံယူ) တို့၏ မိမိအခေါ် ၊နီးစပ်ရာလူမျိုးအခေါ် ၊နေထိုင်ရာဒေသအခေါ် နှင့် နိုင်ငံခြားသား အခေါ်ဟူ၍ အမျိုးမျိုးတွေ့နိုင်သည် ။ ယင်း (၃)အုပ်စုတို့၏ လူမျိုးအမည်နာမ မူကွဲဟန်စာလုးံပေါင်း အရေးအသားအမျိုးမျိုးတို့မှာ ထပ်တူရှိကြောင့် တွေ့ရပေမည် ။ ၁။အရိုင်းခမီ(ခူမီး) ဟူသောဝေါဟာရအပြင် တွေ့နိုင်သော အရေးအသားများမှာ အရိုင်းခမီ၊ ခမွီး(ခူမီး) ဟူ၍လည်းကောင်း ၊ ခူမီးဟူ၍လည်းကောင်း ၊ ခွေးမွေးဟူ၍လည်းကောင်း ၊ ခမီးဟူ၍လည်းကောင်း ၊ ခွေးမြီးဟူ၍လည်းကောင်း ၊ခမွီးဟူ၍လည်းကောင်း ၊ ခမွေ ဟူ၍လည်းကောင်း ၊ ခမွီ ဟူ၍လည်းကောင်း ၊ ကုလာတန်ခူမီး ဟူ၍လည်းကောင်း ၊ စာလုးံပေါင်းအရေးအသားအမျိုးမျိုးကို တွေ့နိုင်သည် ။ အင်္ဂလိပ်အက္ခရာအလို - Ahraing(Khumi) are also known as Ahraing Khami, Kwemyi(Khumi), Khumi, Khwemyi, Khami(Khumi) , Khami, Khamee, Kumi, Khwemye, Kami, Khwe-mee, Kwemi, Kaladan Khumi, Eastern Khumi,Hkamie written by differently the Khumi reffer the tribe. ၂။အဝခမီ(ခမီ) ဟူသော ဝေါဟာရအပြင် တွေ့နိုင်သည့် အရေးအသားအမျိုးမျိုးများမှာ ခမွီးဟူ၍လည်းကောင်း ၊ ခမွေ ဟူ၍လည်းကောင်း ၊ ခမွီဟူ၍လည်းကောင်း ၊ အဝခမီဟူ၍လည်းကောင်း၊ ခွေးမြီးဟူ၍လည်းကောင်း ၊ ဝါကုန်းဟူ၍လည်းကောင်း ၊ဘကုန်းဟူ၍လည်းကောင်း၊ ခမီးဟူ၍လည်းကောင်း ၊ ခမီဟူ၍လည်းကောင်း ၊ ခေမွီးဟူ၍လည်းကောင်း ၊ စာလုးံပေါင်းအရေးအသားအမျိုးမျိုးရှိသော်လည်း ခမီလူမျိုးကိုရည်ညွန်း ခေါ်ဆိုခြင်းဖြစ်ပါသည်။ အင်္ဂလိပ်အက္ခရာ အလို- Awa(Khami) are also known as Khamyi, Khemyi, Khami, Khimi, Kami, Khwe-myee, Khwemyi, Kwemi, Vakung, Wa kung, Khamee, written by differently the Khami reffer to the tribes အဝခမီ (ခမီ) ရိုးရာဝတ်ဆင်မှု ၃။ မြို(ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ (ယခုအခါမြိုဟုခံယူ) ဟူသော ဝေါဟာရ အပြင် ခမွီးဟူ၍လည်းကောင်း ၊ ခမွေးဟူ၍လည်းကောင်း ၊ အဝခမီဟူ၍လည်းကောင်း ၊ ခမိဟူ၍လည်းကောင်း ၊ ဝါကုန်းဟူ၍လည်းကောင်း ၊ဘကုန်းဟူ၍လည်းကောင်း ၊ ခွေးမွေးဟူ၍လည်းကောင်း ၊ ခမီးဟူ၍လည်းကောင်း ခမီဟူ၍လည်းကောင်း၊ ခွေးမြီးဟူ၍လည်းကောင်း ၊ ခေမီး ဟူ၍လည်းကောင်း၊ အရေးအသားအမျိုးမျိုးကိုတွေ့နိုငိသည် ။ သူတို့ကိုသူတို့ ခေါ်သည့်အခါမှာ ခမီ ဟုခေါ်သည်။ အင်္ဂလိပ်အက္ခရာအလို Mro-Khami are also known as Khamyi, Kamyi, Awa Khami, Kami, Wa kung, Va kung, Khwemyi, Khamee, Khimi, Khwe-mee, Kimi, written by differently the Khami reffer to the tribe. မြို(ခေါ်)ခမိ (သို ့မဟုတ်) မြိုခမိ (ယခုအခါမြိုဟုခံယူ) ဝတ်ဆင်မှုသည် ေ ဖာ်ပြပါ ခမီ (၃)အုပ်စုတ ွင် အမည်နာမ စာလုးံပေါင်း အရေးအသား အမျိုးမျိုးသော ခမီွီး ၊ ခမီး ၊ ခမိ၊ အဝအခမီ ၊ အရိုင်းခမီ သည် ဤ (၃)အုပ်စုတွင် ထပ်တူရှိကြောင်းတွေ့ရသည် ။ ယင်းသို့ လူမျိုးအမည်နာမ ထပ်တူသည်မှာ လူမျိုးတစ်မျိုးတည်းမှ ဆင့်သက် ဆက်နွယ်လာမှုရှိသော လူမျိုးစုမှာသာ တွေ့နိုင်သည် ။ ထို့အပြင် ပထဝီနယ်မြေ တူသည် ။ဘာသာစကားပြောဆို ဆက်စပ်မှု ၇၀% ကျော် တူညီကြောင့်လည်းလေ့လာတွေ့ရှိသည် ။ သို့ဖြစ်လျှင် ရခိုင့်ရာဇဝင်သမိုင်းကျမ်း ၊ မြန်မာ့စွယ်စုံကျမ်း ၊မြန်မာ့သမိုင်း စာအုပ် များနှင့် သုတေသနပြုစာတမ်းကြီးများတွင် ပါရှိသော ခမွီး ၊ ခမီး ၊ ခမိ ၊ အရိုင်းခမီ ၊အဝခမီ စာလုးံပေါင်း အရေးအသားအမျိုးမျိုးသည် ဤ (၃) အုပ်စု ကို ရည်ညွန်း ပြကြောင့် တွေ့ဆနိုင်ပေသည် ။ မြို (Mro) ,မရူ(Mru) ,မြုံ( Murong) အမည်နာမတို့နှင့်ကား ဤခမီ (၃)အုပ်စု တို့နှင့် ဆက်စပ်မှု ရှိသည်ကို မတွေ့ရှိပေ။ ဆွေးနွေးခဲ့ပြီးသော အကြောင်းအရာကို ဤနေရာတွင်ထပ်မံထည့်သွင်းထားသည်။[[အသုံးပြုသူ:Moyezan|Moyezan]] ([[အသုံးပြုသူ ဆွေးနွေးချက်:Moyezan|ဆွေးနွေး]]) ၀၆:၄၁၊ ၂၆ မေ ၂၀၂၀ (UTC)
::{{Ping|Ninjastrikers}} ကျေးဇူးပြု၍ (ဝီကီပီဒီးယာမ်း)အား ဆွေးနွေးလိုပါသည်။[[အသုံးပြုသူ:Moyezan|Moyezan]] ([[အသုံးပြုသူ ဆွေးနွေးချက်:Moyezan|ဆွေးနွေး]]) ၀၆:၀၇၊ ၂၆ မေ ၂၀၂၀ (UTC)
 
( မၐ်လာပ်..ဤ [[မြိုလူမျိုး]]စာမျက်နှာအားပယ်ဖျက်ပေးရန် တောင်းဆိုပါသည် ..အထက်က ဆွေးနွေးခဲ့ပြီးပြီလည်းဖြစ်ပါသည်။[[အသုံးပြုသူ:Moyezan|Moyezan]] ([[အသုံးပြုသူ ဆွေးနွေးချက်:Moyezan|ဆွေးနွေး]]) ၀၉:၅၃၊ ၂၉ မေ ၂၀၂၀ (UTC)
စာမျက်နှာ "မြို(ခမိ)လူမျိုး" သို့ ပြန်သွားရန်။