သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၃၂ -
သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ ကြာ ခံစားရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များသည် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဆောင်ထားကြရသည်။ အငတ်ဘေးနှင့် သူပုန်ဘေးများ ၁၂ နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။ နောင်အခါကာလ ဤသို့ဘေးများပေါ်ပေါက်လာပါက သတိ၊ သမာဓိ၊ ပညာဆုတ်ယုတ်ကာ နှုတ်တက် မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာ တင်ကြသည်။
 
အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀ တို့က သီရိလင်္ကာနိုင်ငံ(သီဟိုဠ်) ပဠဂါမဏိမင်းဒုဋ္ဌဂါမဏိမင်း လက်ထက်တော်တွင် ပေရွက်ပေါ်တွင် အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့သည်။ မလယဇနပုဒ်နေ အကြီအကဲများနှင့်အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ အချိန်ကာလ ၁ နှစ်ကြာမြင့်သည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။
 
== ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း ==