သာသနာ့ အလံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Modifying: th:ธงศาสนาพุทธ; cosmetic changes
စာကြောင်း ၁ -
[[ImageFile:TharFlat.jpg|thumb|သာသနာ့ အလံ]]
== သာသနာ့ အလံ ==
=== သာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ ===
ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်လာခဲ့ကြသော သာသနာတော်၏ အခွင့်အရေး များယိုယွင်းပျက်စီးလာခြင်းကို ကာကွယ်ရန် သာသနာ့ဝန်ထမ်းရဟန်းတော်များနှင့် လူဒါယကာအပေါင်းတို့ အတူပူးတွဲ၍ ဘာသာရေး အဖွဲ့အစည်းတစ်ခုဖွဲ့ရန် စိတ်အား ထက်သန်စွာဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။
 
စာကြောင်း ၈ -
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များက အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်ပေသည်။
 
=== စတင်တီထွင်သူ ===
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီစတီးအိုးကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီပီဂုဏဝဎ္ဍန(Carollis Pujitha Gune Wardene) ဖြစ်သည်။)
'''ဟင်နရီစတီးအိုးကော့ ( H.S. Olcott )'''
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်အတွင်း တပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီး ဗိုလ်မှူးကြီးအဖြစ် အငြိမ်းစား ယူခဲ့သည်။ အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်သည်။ သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓဝါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူဖြစ်၏။
 
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ကျမ်းစာတက် ပုဂ္ဂိုလ်များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင် မန္တလေးသို.လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စာကြောင်း ၂၀ -
 
စီပီဂုဏဝဎ္ဍန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။
၁၈၅၀-ခုနှစ်များအတွင်း သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်နဝါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီးအိုးကော့ က စီပီဂုဏဝဎ္ဍန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏဝဎ္ဍန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
 
စီပီဂုဏဝဎ္ဍန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံးလိုက်နာ ကျင့်သုံးနိုင်ရန် ဗုဒ္ဓအလံတော်သည် ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကိုပင် အသုံးပြုရန်” အကြံပေး တင်ပြပေသည်။ ၎င်း၏ အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက နှစ်သက်စွာ လက်ခံသည်။ ၎င်းအလံပုံစံကို သရသဝိသန္ဒေရေသ စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏဝဎ္ဍန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏဝဎ္ဍန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
 
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ(၄၆၉)၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ဖော်ပြဝန်ခံထားပါသည်။ ၁၈၈၅-ခုနှစ် (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေသည်။ ၁၈၈၆-ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ ထိုအလံကို မြင်ရသောအခါ များစွာကျေနပ် နှစ်သက်မိသည်။ အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့ပါသည်။
 
=== မြန်မာနိုင်ငံ နှင့် သာသနာ့အလံ ===
သာသနာ့အလံတော်ကို သီဟိုဠ်တစ်ကျွန်းလုံးတွင် ရင့်ညောင်းသော ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိသုမင်္ဂလာထေရော သည် များစွာသဘောကျသည်ဟုဆိုသည်။ ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာဆေထေရာ ၏ စိတ်အားထက်သန်မှုအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့ အလံတော်ကြီး အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈ဝပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
 
=== အဓိပ္ပါယ် ===
ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ [[ရောင်ခြည်တော် ခြောက်သွယ်]] ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့် ဘုရားရှင်၏ အံသြဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမဝ၊ ဖူး၍မဝ၊ အံ့မခန်းအထူးပင် ခန့်ညားတင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ် မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
=== အရွယ်အစား/အရောင် ===
* အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
* အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
* အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
* အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုးလေးစား သတ်မှတ်ထားသည်။
 
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
# နီလ = အပြာရင့်ရောင်
# ပီတ = အဝါရင့်ရောင်
# လောဟိတ = အနီရောင်
# သြဒါတ = အဖြူရောင်
# မဥ္ဇီဋ္ဌ = ပန်းနုရောင်် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
# ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
 
=== အသုံးပြုပုံ ===
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် သာသနာ့အလံကို စနစ်တကျ အသုံးပြုနိုင်ရန် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) အထွေထွေကဏ္ဍ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
 
(က)အခါကြီး ရက်ကြီးများ
# ကဆုန်လပြည့်(ဗုဒ္ဓနေ့)
# နယုန်လပြည့်(မဟာသမယနေ့)
# ဝါဆိုလပြည့်(ဓမ္မစကြာနေ့)
# ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)
# တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)
# သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)
# တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့ နှင့် သံဃာတော်များနေ့)
# တပို့တွဲလပြည့်(သြဝါဒ ပါတိမောက် ဓမ္မနေ့)
 
(ခ)ပွဲတော်နှင့် အခမ်းအနားများ
# ဝါဆိုပွဲတော် အခမ်းအနား
# အဘိဓမ္မာအခါတော်နေ့
# ကထိန်ပွဲတော်
# ရဟန်းခံရှင်ပြုပွဲ
# ဆွမ်းကြီးလောင်းလှူပွဲ
# စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
# နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
# ခွင့်ပြုချက်ရရှိပြီသည့် တရားပွဲ
# ဘုရားထီးတင်ပွဲ
# ဗုဒ္ဓပူဇနိယပွဲတော်
# အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
# သံဃာ့အစည်းအဝေး
# သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
# ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ ဖြစ်ကြသည်။
 
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈)
အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
# ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
# လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
<ref>အရှင်စန္ဒောဘာသ(ရွှေဘို)ရေး `သာသနာ့အလံတော်´</ref>
 
== စာကိုး ==
<references/>
 
[[Category:ဘာသာရေး]]
[[Category:ဗုဒ္ဓဘာသာ]]
Line ၁၀၃ ⟶ ၁၀၄:
[[ru:Буддийский флаг]]
[[si:බෞද්ධ කොඩිය]]
[[th:ธงพระพุทธศาสนาพุทธ]]
[[zh:国际佛教旗]]