ရွှေမော်ဓောဘုရား(ပဲခူး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂၁ -
|website =
}}
'''ရွှေမော်ဓောဘုရား''' ({{IPA-my|ʃwè mɔ̀dɔ́ pʰəjá|}}; {{lang-mnw|ကျာ်မံက်တဴ}} {{IPA-my|tɕaɪʔmṵtú|}})သည် [[မြန်မာနိုင်ငံ]]ရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ [[ပဲခူးမြို့]]၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဝေါမဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး [[သာသနိက အဆောက်အအုံ]] တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။
 
== မူရင်းဘုရားသမိုင်း ==
စာကြောင်း ၄၇ -
ဘုရားသခင် ပရိနိဗ္ဗာန်စံ၍ စန္ဒကူးထင်းပုံထက်တင်ကာ ဖုတ်ကြည်းသောအခါ အဓိဋ္ဌာန်တော်ကြောင့် သွားတော်ဓာတ်ကို ဂဝမ္မတိမထေရ်သည် ပင့်ဆောင်၍ သထုံပြည်ရှင် မဟာသိရိမာ သောကမင်းအား ပေးလေသည်။ မင်းကြီးသည် ၃၃ ဆူသော သွားတော်ဓာတ်ကို ၃၃ ဆူသော ကျောက်စေတီငယ်ပြုစေ၍ ကိုးကွယ်လေသည်။ မဟာသိရိမာသောကမင်း လွန်သော် နှစ်ပေါင်း ၅ဝ ခန့်လောက်သာ ထိုကျောက်စေတီများကို ကော်ရော်သူများ ရှိ၍ နောက်အနှစ် ၂ဝဝ ခန့် ပစ်ပယ်ထားခြင်း ခံရသဖြင့် စေတီများသည် တောအတိ ဖုံးလွှမ်းသွားလေသည်။ သာသနာနှစ် ၂၃၆ ခုတွင် သထုံပြည်သို့ သာသနာပြုကြွလာကြသော အရှင်သောဏနှင့် ဥတ္တရမထေရ်နှစ်ပါး၏ ထုတ်ဖော်ချက်အရ သထုံပြည်ရှင် စူဠသိရိမာသောကမင်းသည် ၃၃ ဆူသော ကျောက်စေတီငယ် တို့မှ ၃၃ ဆူသော သွားတော်ဓာတ်တို့ကို ထုတ်၍ နေပြည်တော်မှ အရှေ့မြောက်မျက်နှာ၌ မဝေးလွန်းမနီးလွန်းသော နေရာတွင် ၃၃ ခုသော ရွှေတိုက်တို့ကို ပြုစေ၍ ၃၃ ဆူသော သွားတော်ဓာတ်တို့ကို ရွှေကြုတ်တို့၌ ထည့်ကာ ရွှေအိုး ၃၃ လုံးဖြင့် ပိတ်၍ ရွှေတိုက်သွင်း၍ ပူဇော်သည်။
ထို့နောက် စူဠသိရိမာ သောကမင်းသည် ဤသို့ အဓိဋ္ဌာန် ပြု၏။ ''ဤဓာတ်တော်တို့သည် ဘုရားသခင်၏ ဓာတ်တော်တို့ အမှန်စင်စစ် ဖြစ်ငြားအံ့၊ ထိုဓာတ်တော် တို့သည် သတ္တဝါတို့၏ စီးပွားချမ်းသာအလို့ငှာ ထိုက်သည့်အရပ်၌ ရွှေအိုးနှင့်တကွ တည်စေကုန်သတည်း''။ယင်းသို့ အဓိဋ္ဌာန်ပြုပြီးသည်၏ အခြားမဲ့၌ သွားတော်ဓာတ် ၃၃ ဆူသည် ရွှေအိုးနှင့်တကွ ရွှေတိုက်၌ ကွယ်၍ ထိုထိုအရပ်တို့၌ တည်ကြကုန်၏။
# ဟံသာဝတီမြို့၏ အနောက် မျက်နှာ၌ တည်သော စေတီကို ရှေးသူဟောင်းတို့သည် မဝေစေတီ၊မဓဝစေတီ၊ တစ်နည်း မော်ဓောဟု ခေါ်ဝေါ်ကြသည်။ နောက်လူတို့မူကား ထိုအတူ မဆိုမူ၍ ''မဟ်တဝ်''ဟု ခေါ်ဝေါ်ကြကုန်၏။
# သထုံမြို့ဟောင်းမှ ကေလာသစေတီ၊
# သထုံမြို့သစ်မှ ရွှေစာရံစေတီ၊
စာကြောင်း ၈၂ -
 
 
 
မဝေါမြို့သို့မဓဝါမြို့သို့ ဘုရားသခင်၏သွားတော်ဓာတ်တစ်ဆူ ရောက်သွားသည်ကို စူဠသိရိမာသောကမင်း သိလတ်သော် အနုမမည်သော အမတ်အား လွှတ်၍ တိုက်စေတီတစ်ဆူ တည်စေသည်။
အနုမအမတ်သည် သွားတော်ဓာတ်တည်ရာရွှေအိုးကို ဆင်ပေါ်၌ တင်၍ တိုက်စေတီတည်ထိုက်သော အရပ်တွင် ဆင်ဝပ်ပါစေသတည်းဟု အဓိဋ္ဌာန်ပြုကာ ဆင်ကို လွှတ်သော် ထိုဆင်သည် ဟင်္သာကုန်းတန်းမှ ဆင်း၍ အနောက်ဘက် မြင်းသီတကုန်းသို့ တက်ပြီးလျှင် ဝပ်လေ၏။ ထိုကုန်းကို ညှိပြီးလျှင် အမြင့်ရှစ်
တောင်၊ အလျားအတောင် ၅ဝ၊ အနံ ၂၅ တောင်ရှိသော ခုံတုံးကို အုတ်ရင်ပြင်ပေါ်၌ တင်ပြီးမှ ယင်းအပေါ်၌ အလျား အတောင် ၄ဝ၊ အနံအတောင် ၂ဝ၊ အမြင့် ရှစ်တောင်ရှိသော တိုက်စေတီကို ပြသာဒ်နှင့်တကွ ပြု၏။ ပလ္လင်၌ ဘီလူးရုပ်ထုထားသော ဘီလူးရန်နိုင် ဗုဒ္ဓရုပ်ပွားကိုလည်း သွားတော်ဓာတ် ထည့်ရာ ရွှေအိုးနှင့်အတူ တိုက်စေတီတွင်ထား၍ ပူဇော်သည်။ ထိုတိုက်စေတီကို မဝေါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။