ညွန့်ဝင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာသားပြင်ဆင် အကြောင်းအရာ ပေါင်းထည့်သည်။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
{{unreferenced}}
{{Copyedit}}
[[ရုပ်ရှင်သရုပ်ဆောင်]] အကယ်ဒမီများရှင် '''ညွန့်ဝင်း'''ကို အဖ အလင်္ကာကျော်စွာ [[ရွှေမန်းတင်မောင်]]၊ အမိ ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် [[သထုံမွို့သထုံခရိုင်]]၊ ဘီးလင်းမြို့နယ် ဇှဲကလာရှာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ကလေးဘဝ၌ [[မန္တလေးအမျိုးသားကျောင်|မန္တလေးအမျိုးသားကျောင်း]] နှင့် [[ရန်ကုန်စိန့်ဖရန့်စ်ကျောင်|ရန်ကုန်စိန့်ဖရန့်စ်ကျောင်း]] များတွင် ပညာသင်ယူခဲ့သည်။ ထို့နောက် ၁၀ နှစ်သားအရွယ်မှ အသက် ၂၀ အရွယ်အထိ [[အိန္ဒိယနိုင်ငံ]] [[ဒါဂျီလင်တက္ကသိုလ်]]တွင် ပညာသင်ယူခဲ့သည်။ အိန္ဒိယနိုင်ငံမှ [[မြန်မာနိုင်ငံ]]သို့ ပြန်ရောက်ပြီးနောက် ၆ လခန့်အကြာတွင် ရေဒီယိုပညာ သင်ယူရန် [[အင်္ဂလန်နိုင်ငံ]] သို့ သွားရောက်ခဲ့သည်။ အင်္ဂလန်နိုင်ငံ [[ကိန်းဘရစ်ချ် တက္ကသိုလ်|ကိန်းဘရစ်တက္ကသိုလ်]] တွင် ၁ နှစ်ခန့် ပညာသင်ယူပြီးနောက် ရေဒီယိုအီလက်ထရောနစ် ဒီပလိုမာ ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်နိုင်ငံမှ [[အမေရိကန်ပြည်ထောင်စု]]၊ [[အော်ရီကန်စတိတ်တက္ကသိုလ်]] တွင် ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာပညာများကို ၁ နှစ်ခန့် သင်ယူရာ ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာဒီပလိုမာ ရရှိခဲ့သည်။
 
ညွန့်ဝင်းသည် ဖခင်၏ဇာတ်သဘင်လုပ်ငန်းတွင် ပြင်ဆင်မွမ်းမံမှုဖြင့် တစ်ဖက်တစ်လမ်းမှ တာဝန်ယူနိုင်ရန် ရည်သန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ညွန့်ဝင်းသည် [[မြန်မာဇာတ်သဘင်|မြန်မာ့ဇာတ်သဘင်]]နှင့်အလှမ်းကွာလွန်းခဲ့သဖြင့် ဇာတ်စင်ပေါ်သို့တက်ရန် ဝန်လေးနေခဲ့သည်။ ဖခင်၏နောက်သို့လိုက်ရန် သူ့အဖို့ ကြိုးပမ်းစရာ မြောက်မြားစွာ ရှိနေသည်ကို ရိပ်စားမိသည်။ ထို့ကြောင့် သူ သင်ယူခဲ့သော ရေဒီယိုပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ရန် ရည်သန်ခဲ့သည်။ ထိုအချိန်မှာပင် မြဇော်ဖလင်မှ ရုပ်ရှင်ရိုက်ရန် ညွန့်ဝင်းကို ကမ်းလှမ်းခဲ့သည်။
စာကြောင်း ၁၁ -
ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းမောင်လှမျိုး ရိုက်ကူးသော ''ဗန်တိုလူလေးနှင့် သူဇာ'' ဇာတ်ကားပင် ဖြစ်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်းနှင့်လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက်များကြောင့် [[မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု|မြန်မာ့ရုပ်ရှင်ထူးချွန်ဆု]] ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။ ညွန့်ဝင်း၏အနုပညာသက်တမ်းတစ်လျှောက် အများဆုံးတွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီး ၂ ဦးမှာ အကယ်ဒမီ[[ဝါဝါဝင်းရွှေ]]နှင့် အကယ်ဒမီခင်သန်းနုတို့ ဖြစ်သည်။ ညွန့်ဝင်း၏ဇာတ်ကားများစွာကို ကြီးကြပ်ရိုက်ကူးခဲ့သော ဒါရိုက်တာမှာ အေဝမ်းမောင်လှမျိုး ဖြစ်သည်။
 
ညွန့်ဝင်းသည် ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ ဗန်တိုလူလေးနှင့် သူဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ အကယ်ဒမီ ဝါဝါဝင်းရွှေ၏ ''ချစ်သူဝိုင်းဝိုင်းလည်'' ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ [[ဝင်းဖေ(ဒါရိုက်တာ)|ဝင်းဖေ]] ကြီးကြပ်၍ ဒါရိုက်တာ မင်းမာဃနှင့် ကျော်သိုက်ထွန်း ရိုက်ကူးသည့် ''တတိယအရွယ်၏ဒုတိယဝေဒနာ'' ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ မောင်နန္ဒ၏ ''သီတာခုနှစ်တန်'' ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း ၏ ''သူ့ကျွန်မခံပြီ'' ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ [[ကြည်စိုးထွန်း]]၏ ''ဆန်ရေ'' ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ [[စင်ရော်မောင်မောင်]]၏ ''လျှို့ဝှက်သောနှင်း'' ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်။
 
== မိသားစု ==