ပဲခူးတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၀န် +ဝန်)
စာကြောင်း ၈၅ -
ပဲခူးတိုင်းတွင် မြန်မာသမိုင်းကြောင်း၌ ထင်ရှားခဲ့သော မင်းနေပြည်တော်ဟောင်းများ ပါဝင်နေပေသည်။ အရှေ့မြောက်ပိုင်းတွင် ကေတုမတီ အမည်ဖြင့် ကျော်ကြားခဲ့သော မြန်မာပဒေသရာဇ်တို့၏ နေပြည်တော်ဟောင်း [[တောင်ငူမြို့]]တည်ရှိပေသည်။ အနောက်မြောက်စွန်းတွင် မြန်မာသမိုင်းဦး၌ ကြီးကျယ်စည်ကားခဲ့သော ပျူလူမျိုးတို့၏ မြို့တော် [[သရေခေတ္တရာ]]မြို့ဟောင်း ရှိပေသည်။ ပဲခူးတိုင်း၏ မြို့တော်ဖြစ်သော ပဲခူးမြို့သည်လည်း ရှေးအတိတ်ကာလက မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ခဲ့ရာ ဟံသာဝတီ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ပေသည်။
 
ပဲခူးတိုင်းတွင်ယခင်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီ ခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ ခရိုင်(၆)ခု ပါဝင်ခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/တိုင်းနှင့်ခရိုင်များ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်ဖြင့်ပင် ဆက်လက်တည်ရှိခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ပြည်ထဲရေးဝန်ကြီးဌာန၏(၂၉.၉.၁၉၆၅) ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင်ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့ တွင် ခရိုင်ရုံးစိုက်ခဲ့ပါသည်။
 
ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း၊ (၄.၁၁.၁၉၆၅) ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကို မြို့နယ်(၈) မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟု သတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ်ပါဝင်ခဲ့ပါသည်။