အောင်သင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
စာကြောင်း ၂၉ -
အလယ်တန်းပြဆရာအလုပ်မှ ၁၉၅၆ ခုနှစ်တွင် အနားယူ၍ မကွေးကောလိပ်၌ ဥပစာဝိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့သည်။ ထိုနောက် [[ရန်ကုန်တက္ကသိုလ်]]သို့ ၁၉၅၈ ခုနှစ်တွင် ဆက်လက်တက်ရောက်ခဲ့သည်။ ‘[[သရက်ထောင်ဖောက်ခဲ့စဉ်က (စာအုပ်)|သရက်ထောင်ဖောက်ခဲ့စဉ်က]]’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ [[ရှုမဝ ရုပ်စုံမဂ္ဂဇင်း|ရှုမဝမဂ္ဂဇင်း]]သို့ ပို့ခဲ့သည်။ သို့သော် ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမဝက ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့သည်။ ထို့နောက် မြဝတီမဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ ၁၉၅၉ ခုနှစ်တွင် မေလထုတ် မြဝတီမဂ္ဂဇင်းတွင် သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးဖော်ပြခံရသည်။ ထိုဆောင်းပါးသည် အောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်သည်။ ဝိဇ္ဇာတန်းကို ၁၉၆၀ ခုနှစ်တွင် မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး(၂)ပုဒ် (လူသေလူမဖြစ်မီက ရှင်ဥက္ကဋ္ဌ ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ် ကဗျာဘာသာ ပြန်(၁)ပုဒ်ကို ကလောင်ခွဲအမည် မောင်သံနိုင် အမည်ဖြင့် ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခ ဦးဝန်လက်ထက်၌ ‘မြန်မာစာမဟာဝိဇ္ဇာ အရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်” ဖြေဆိုအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ၁၉၆၂ ခုနှစ်တွင် နည်းပြဖြစ်လာသည်။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူသည်။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့သည်။ နောက်ပိုင်းတွင် အမည်ရင်း '''အောင်သင်း''' ဖြင့်သာ အသုံးပြုခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် [[မော်လမြိုင် တက္ကသိုလ်|မော်လမြိုင်ဒီဂရီကောလိ]]ပ်သို့ ပြောင်းရွှေ့ခဲ့သည်။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း(၃)ပုဒ်ရေးခဲ့ရာ (၂)ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဋ္ဌာန်းခဲ့သည်။
 
ပြင်ဦးလွင်[[စစ်တက္ကသိုလ် (ပြင်ဦးလွင်)|စစ်တက္ကသိုလ်]] မြန်မာစာဌာနသို့ ၁၉၆၅ မေလတွင် လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့အမှုထမ်းရသည်။ ထိုနောက် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ၁၉၇၀ အောက်တိုဘာလတွင် ဆက်တက်ခဲ့သည်။ ရှုမဝမဂ္ဂဇင်း၌ မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့သည်။ ”ဝတ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ၁၉၇၄ တွင် ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။ ဧပြီလ ၁၉၇၈ တွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရသည်။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေးခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ၁၉၈၃ နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ် ၁ မှစ၍ ၂၅ လတိုင်တိုင်၊ အကြိုက်ဆုံးဝတ္ထုတိုကို လစဉ်ရေးသားခဲ့သည်။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးသည်။ ပိဋကတ်မိတ်ဆက်၊ ဂန္တဝင်ဂန္ထဝင် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များလည်းထွက်ခဲ့သည်။ နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့သည်။
 
==ဘဝနိဂုံး==
စာကြောင်း ၄၇ -
* ''ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ''
* ''မျိုးဆက်သစ်တွက် ပိဋကတ်မိတ်ဆက်''
* ''မျိုးဆက်သစ်တွက် ဂန္တဝင်မိတ်ဆက်ဂန္ထဝင်မိတ်ဆက်''
 
== ရည်ညွှန်းကိုးကား ==