မာယာ ယဉ်ကျေးမှု လောက: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:ယဉ်ကျေးမှုလောက using HotCat
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
စာကြောင်း ၁ -
[[File:Chichen Itza 3.jpg|300px|right|ချီချင်အစ်ဇာရှိ အယ်လ်ကက်စတီလို]]
မာယာ ဆိုသည်မှာ မီဆို အမေရိကန် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကိုလမ်ဘီယံခေတ်မတိုင်ခင် အမေရိကားတွင် အပြည့်စုံဆုံး စာအရေးအသားကို တီထွင်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခြင်း ခံခဲ့ရယုံသာမက သူတို့၏ [[အနုပညာ]]၊ [[ဗိသုကာပညာ]]၊ [[သင်္ချာ]]ပညာနှင့် [[နက္ခတ္တဗေဒ]]ပညာတို့အတွက်လည်း ထင်ရှား ကျော်ကြားခဲ့သည်။ မာယာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကို ဂန္တဝင်ခေတ်မတိုင်မီဂန္ထဝင်ခေတ်မတိုင်မီ (Pre-Classic period) ([[ဘီစီ]] ၂၀၀၀ မှ [[အေဒီ]] ၂၅၀ အတွင်း) စတင်တည်ထောင်ခဲ့သည်။ မီဆိုအမေရိကန် တို့၏ မှတ်တမ်းများအရ မာယာမြို့ပြများသည် ဂန္တဝင်ခေတ်ဂန္ထဝင်ခေတ် (Classic period) (အေဒီ ၂၅၀ မှ အေဒီ ၉၀၀ အတွင်း) အဖွံ့ဖြိုးဆုံး ဖြစ်ခဲ့ပြီး ဂန္တဝင်ခေတ်အလွန်တွင်ဂန္ထဝင်ခေတ်အလွန်တွင် ဆက်လက်တိုးတက်နေခဲ့သည်မှာ [[စပိန်]]တို့ ရောက်ရှိလာသည့် အချိန်တိုင်အောင်ပင် ဖြစ်သည်။
 
မာယာယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် အခြားမီဆိုအမေရိကန် လူ့အဖွဲ့အစည်းများနှင့် သွင်ပြင်လက္ခဏာ အတော်များများ တူညီကြသည်။ အကြောင်းမှာ ထိုဒေသအတွင်း အချင်းချင်း ထိတွေ့ဆက်ဆံမှု အများအပြား ရှိခြင်းနှင့် [[ယဉ်ကျေးမှု]] ရောစပ်ယှက်နွယ်ခြင်းများ ရှိခဲ့သောကြောင့်ဖြစ်သည်။ စာရေးသားခြင်း၊ ကျောက်စာထွင်းခြင်း၊ [[ပြက္ခဒိန်]] ဖော်ထုတ်ခြင်းတို့သည် မာယာတို့ တီထွင်ခဲ့ခြင်း မဟုတ်သော်လည်း သူတို့က အပြည့်စုံဆုံး ဖြစ်အောင် ပြင်ဆင် မွမ်းမံခဲ့ကြခြင်းပင် ဖြစ်သည်။ မာယာတို့၏ ဩဇာလွှမ်းမှုကို ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာ၊ မြောက်အယ်လ်ဆာဗေဒေါ နှင့် [[မက္ကဆီကိုနိုင်ငံ|မက္ကဆီကို]] အလယ်ပိုင်းသို့တိုင်အောင် တွေ့ရှိနိုင်သည်။ မာယာတို့၏ အနုပညာနှင့် ဗိသုကာပညာတွင် ပြင်ပ လွှမ်းမိုးမှု အများအပြားကို တွေ့နိုင်သည်။ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဆက်ဆံမှုများကြောင့် ဖြစ်နိုင်သည်ဟု ယူဆရပြီး ပြင်ပမှ တိုက်ရိုက် တိုက်ခိုက်အောင်နိုင်ခြင်းကြောင့်ဟု မယူဆကြပေ။
 
ဂန္တဝင်ခေတ်ဂန္ထဝင်ခေတ် ကုန်ဆုံးလာခြင်း၊ စပိန်တို့ ရောက်ရှိလာခြင်းနှင့် စပိန်တို့ အမေရိကကို [[ကိုလိုနီ]]အဖြစ် သိမ်းယူခြင်းတို့ ရှိသော်လည်း မာယာလူမျိုးတို့ လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။
 
[[ကဏ္ဍ:ယဉ်ကျေးမှုလောက]]