ရန္တပိုစာချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
စာကြောင်း ၂၃ -
ခရစ် ၁၈၁၉ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ဘိုးတော်မင်းတရားခေါ် ဗဒုံမင်း နတ်ပြည်စံလွန်တော်မူရာ မြေးတော် စစ်ကိုင်းမင်းက ဆက်ခံ စိုးစံခဲ့သည်။ နောင်တွင် ဘကြီးတော်မင်းတရားဟု အမည်တွင်သော မင်း စစ်ကိုင်းမင်း နန်းတက်သောအခါ ဗဒုံမင်း၏ ဆိုးမွှေ ကောင်းမွှေ အားလုံးကို ဆက်ခံခဲ့ရသည်။ ဗဒုံမင်းလက်က ယိုးဒယား(ထိုင်း) နှင့် စစ်အကြိမ်ကြိမ် ဆင်နွှဲခဲ့သဖြင့် မြန်မာပြည်သူပြည်သားတို့ စိတ်ရော ကိုယ်ပါ နွမ်းနယ်လျက်ရှိကာ စီးပွားရေးလည်း ကျဆင်းခဲ့သည်။ စစ်ကိုင်းမင်းအဖို့ ဤပြဿနာကိုသာမက ဗြိတိသျှ – မြန်မာ နယ်စပ် မပြေလည်မှုများကိုလည်း ရင်ဆိုင်ရသေးသည်။
စစ်ကိုင်းမင်းနန်းတက်ချိန်တွင် ဥရောပ၌ နပိုလီယန် စစ်ပွဲပြီးသည်မှာ ၄ နှစ်မျှ ရှိလေပြီ။ ဗြိတိသျှတို့မှာ အောင်နိုင်သူများ ဖြစ်ရကား ပိုမို၍ နယ်ချဲ့မာန်တက်လာကြသည်။ ဥရောပတိုက်၌ ပြိုင်ဘက်ရှင်းလျှက် အရှေ့တစ်လွှား၌ ပြိုင်ဘက်များကို ဖယ်ရှားကာ ရသမျှနယ်တို့ကို ကိုလိုနီအဖြစ် သိမ်းယူရန် စိုင်းပြင်းလျက် ရှိကြသည်။ ပြင်သစ်တို့မှာမူ ဥရောပနှင့် အိန္ဒိယတွင် စစ်ရေးအရ အင်္ဂလိပ်တို့ကို အလျှော့ပေးခဲ့ရသော်လည်း ကိုလိုနီရှာဖွေပွဲတွင် အပြိုင်ကြဲရန် အားခဲဆဲပင် ရှိသည်။
ဗြိတိသျှနယ်ချဲ့တို့သည် ဗဒုံမင်းလက်ထက်၌ ကပ္ပတိန်ဆိုင်းကို စေလွှတ်သည့် ၁၇၉၅ ခုနှစ်မှသည် စစ်ကိုင်းမင်း နန်းတက်သည့် ၁၈၁၉ ခုနှစ်ထိ နှစ်ပေါင်း ၂၄ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ နယ်ပေါင်းများစွာကို သိမ်းပိုက် ကျွန်ပြုခဲ့ကြသည်။ ၁၇၉၅ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက် ၁၇၉၉ ခုနှစ်တွင် မိုင်ဆိုး (Mysone) နယ်နှင့် မဒရပ်စ် (Madras) နယ်ကိုလည်းကောင်း ၊၁၈ဝ၁ ခုနှစ်တွင် ယူနိုက်တက် ပရော့ဗင်ဆက် (United Provinces) (ယခု အတ္တာပရာဒက်ချ်နယ်) ဟု ခေါ်သော နယ်မြေ၏ အထက်ဒေသများကို လည်းကောင်း၊ ၁၈ဝ၂ ခုနှစ်တွင် ဘုံဘေနယ်တွင်းမှ ဘာရိုဒါ (Baroda) ဒေသကိုလည်းကောင်း၊ ၁၈ဝ၃ ခုနှစ်တွင် သြရိသဩရိသ (Orissa) နယ်ကိုလည်းကောင်း၊ ၁၈၁၈ ခုနှစ်တွင် ပက်သျှဝါ (The Peshwa) နယ်နှင့် ရာဇပုတ္တန (Rajaputana) နယ်ကိုလည်းကောင်း ဗြိတိသျှတို့သည် သိမ်းပိုက်လိုက်ကြသည်။ ၁၇ ရာစုကတည်းက ခြေကုပ်ယူကာနယ်ချဲ့ခဲ့သော ဗြိတိသျှတို့မှာ ၁၉ ရာစုအစတွင် အိန္ဒိယနိုင်ငံ၏ သုံးပုံနှစ်ပုံကျော်မျှကို လက်ဝယ်ပိုက်ထားနိုင်သည့် အခြေသို့ ရောက်နေလေပြီ။ စစ်ကိုင်းမင်းအဖို့ ဤသို့လျှင် အခြေအနေရှိသော ဗြိတိသျှနှင့်ဆက်ဆံရန် အကြောင်းများ ပေါ်ပေါက်ခဲ့လေသည်။
ဗဒုံမင်းလက်ထက်မှပင် စတင်၍ ရခိုင် စစ်တကောင်း နယ်စပ်ပြဿနာနှင့် စပ်လျှဉ်း၍ ဗြိတိသျှ မြန်မာ ဆက်ဆံရေး တင်းမာလာခဲ့ရာ ဗဒုံမင်းလက်ထက် ၁၈၁၃ ခုနှစ်က မြန်မာတို့ နန်းတင်ပေးခဲ့သော မဏိပူရစော်ဘွား မာဂျစ်ဆင်း(Marijit Singh) သည် စစ်ကိုင်းမင်း၏ ရာဇဘိသိက်သွန်းပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ ယင်းသို့ ပျက်ကွက်သည်မှာ တော်လှန်ခြားနားခြင်း ဖြစ်သည်ဟု စစ်ကိုင်းမင်းက မှတ်ယူသည်။ ထို့ကြောင့် နန်းတက်သည့် ၁၈၁၉ ခုနှစ်တွင်ပင် မဏိပူရသို့ မြန်မာတပ်များကို စေလွှတ်သည်။ မာဂျစ်ဆင်းသည် မြန်မာတပ်များ၏ တိုက်ခိုက်မှုကို မခံမရပ်နိုင်ဘဲ ကချာ (Cachar) နယ်သို့ ထွက်ပြေးသွားသည်။ ကချာနယ်မှာ ဗြိတိသျှပိုင် ဆီလဟတ် (Sylhet) နယ်နှင့် ကျောခိုင်းနံစပ် ဖြစ်သည်။ ကချာနယ်တွင် မာဂျစ်ဆင်း၏ တပ်များက လုယက်သောင်းကျန်းကြသည်။ ထို့ကြောင့် ကချာစော်ဘွား ဂေါဝိန္ဒချန္ဒရာ (Govinda Chandra) သည် ဗြိတိသျှပိုင်နက်အတွင်းသို့ ပြေးဝင်ကာ ဗြိတိသျှတို့ထံမှ အကူအညီကို တောင်းခံလေသည်။
အိန္ဒိယဘုရင်ခံချုပ်သည် စစ်တကောင်းနယ်၏ နောက်ဖေးတံခါးပေါက်သဖွယ်ဖြစ်သော ကချာနယ်ကို သိမ်းပိုက်ရန် ရှေးမဆွကပင် စီစဉ်ပြီးဖြစ်သည်။ ကချာနယ်အတွင်း၌ အချင်းချင်း မညီမညွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူရန် မိမိမည်သို့ စီစဉ်ထားကြောင်း ၁၈၂၃ ခုနှစ် ဇွန်လခန့်ကပင် အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်သည်။ မြန်မာတို့ကလည်း ဤအချက်ကို ရိပ်စားမိသောကြောင့် ကချာနယ်ဘက်သို့ အာရုံစူးစိုက်လာပြီး ၁၈၂၃ ခု နိုဝင်ဘာလတွင် ဆီလဟတ်နယ်နှင့် အာသံနယ်စပ် တစ်လျှောက်၌ တပ်အင်အား အခိုင်အမာ ချထားလိုက်သည်။ ကချာနယ်ကို မတိုက်ခိုက်ရန် မြန်မာတပ်မှူးအား ဗြိတိသျှတို့က ချက်ချင်းပင် စကားဆိုလာသည်။ ကချာနယ်ကို ကာကွယ်စောင့်ရှောက်ပေးရေးနှင့် နေသားတကျ ရှိအောင် စီစဉ်ပေးရေးအတွက် ဝင်ရောက်စွတ်ဖက်ရန် အခွင့်အရေးမှာ ဗြိတိသျှအစိုးရ၌သာ ရှိသည်ဟု အကြောင်းပြလေသည်။
စာကြောင်း ၃၅ -
မင်းကြီးမဟာသီဟသူရ၏ အစီအစဉ်အတိုင်း စစ်တကောင်းသို့ ချီတက်တိုက်ခိုက်ဖြစ်ခဲ့ပါလျှင် အင်္ဂလိပ် – မြန်မာ စစ်ပွဲ၏ ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ကြောင်း ထိုစဉ်က ကိုယ်တိုင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များသာမက ခေတ်သစ် သမိုင်းပညာရှင်တို့ကပါ ယုံကြည်ကြပေသည်။ ဗြိတိသျှတို့သည် မူလ စစ်ရေး အစီအစဉ်အတိုင်း ရခိုင် ၊မဏိပူရဒေသတို့၌ စစ်တစ်မျက်နှာ ဖွင့်တိုက်နေစဉ် စစ်သည်ပေါင်း ၁၁၅ဝဝ ဖြင့် ဆာအာချီဘောကင်းဘဲလ်ကို ရန်ကုန်သို့ ရေကြောင်းဖြင့် ချီတက်စေသည်။ ဤရေကြောင်းချီတပ်များက မာန်အောင်ကျွန်း၊ မော်တင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကို သိမ်းပိုက်လိုက်ကြသည်။ ပန်းဝါသို့ မင်းကြီးမဟာသီဟသူရ ချီတက်တိုက်ခိုက်ရခြင်းမပြုမှီ မဟာဗန္ဓုလသည် “စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင်သော်လည်း ကုလားတို့ ငြိမ်ဝပ်မည် မဟုတ်၊ ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါး နှောင့်ယှက်ရန် ရှိပါသည်။ ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့် ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ သင့်ပါမည့်အကြောင်း” ကြိုတင်၍ စစ်ကိုင်းမင်းထံ လျှောက်ထားလိုက်လေသည်။ ထိုလျှောက်ထားချက်အတိုင်း စစ်ကိုင်းမင်းက ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်နှင့် ဝန်ကြီး သတိုးမဟာသေနာပတိ တို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းစေသည်။
၁၈၂၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့ ရောက်လာသောအခါ မြန်မာတို့ဘက်မှ မြို့စောင့်တပ်မျှသာ ရှိ၍ မြို့တွင်းမှ ဆုတ်ပေးခဲ့ရသည်။ ထို့နောက် မြန်မာတပ်များသည် ကြည်မြင့်တိုင်တွင် ခံတပ် အခိုင်အခံ့ဆောက်လုပ်ကာ စစ်ပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က စစ်မျက်နှာ၌ အရေးမလှဖြစ်နေ၍ မဟာဗန္ဓုလသည် အုပ်စီးမပျက် တပ်များကို ကွပ်ကဲ၍ ရုတ်ခြည်း ရောက်ရှိလာသောအခါ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။
မြန်မာတပ်တို့၏ စစ်ချီ၊ စစ်တက်၊ တိုက်ခိုက်လှုပ်ရှားမှုများမှာလည်း အဆင့်အတန်း မနိမ့်ချေ။ တပ်ဗိုလ် တပ်သားများ၏ သူရသတ္တိမှာလည်း ရန်သူများပင် အံ့သြရလောက်အောင်အံ့ဩရလောက်အောင် ထူးခြားလှသည်။ သို့ရာတွင် ဗြိတိသျှတို့၏ လက်နက်နှင့် မြန်မာတပ်များ ကိုင်ဆောင်သော လက်နက်ချင်းကား မယှဉ်သာအောင် ကွာခြားသောကြောင့် မဟာဗန္ဓုလသည် ရပ်တန့်မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့ ဆုတ်ပေးခဲ့ရလေသည်။ ထို့နောက် ဓနုဖြူခံတပ်တွင် စစ်သည်များကို ကွပ်ကဲနေသော နယ်ချဲ့အင်္ဂလိပ် ပစ်ခတ်ခဲ့သော ဗုံးဆန်ထိမှန်၍ ၁၈၂၅ ခု ဧပြီလ ၁ ရက်နေ့တွင် ကျဆုံးသွားခဲ့ရလေသည်။
မဟာဗန္ဓုလသည် ဘိုးတော်မင်းတရား လက်ထက်ကပင် အိမ်ရှေ့မင်းအိမ်တော်၌ အမှုထမ်းရွက်ခဲ့သူ ဖြစ်သည်။ အိမ်ရှေ့ ကိုယ်ရံတော်၊ ဗြဲတိုက်သံတော်ဆင့် စသော ရာထူးများဖြင့် အမှုထမ်းခဲ့ပြီးနောက် ၁၈၁၃ ခုနှစ် ဇွန်လတွင် နေမျိုးသူရရဲခေါင်ဘွဲ့ခံ ဒီပဲယင်းမြို့ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် ဒီပဲယင်းမြို့ဝန် ဘဝ၌ပင် မဏိပူရတိုက်ပွဲ၊ အာသံတိုက်ပွဲများ၌ ပါဝင်စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၁၈၁၉ ခုနှစ် စစ်ကိုင်းမင်း နန်းတက်လာသောအခါ အလုံမြို့ဝန်အဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ ထိုစဉ်အတွင်း မင်းကြီးမဟာဗန္ဓုလဘွ့ဲ ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲ မတိုင်မှီ၌ပင် အလုံမြို့ဝန် မင်းကြီးမဟာဗန္ဓုလကို ဝန်ကြီးရာထူး တိုးမြှင့်ခန့်အပ်လိုက်သည်။ သတိုးသုဓမ္မမဟာဗန္ဓုလသည် ဝန်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး နှစ်နှစ်အကြာ၌ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
မဟာဗန္ဓုလ ကျဆုံးပြီ ဆိုသည့်နောက် မြန်မာတပ်များသည် ဓနုဖြူမြို့ကို လက်လွှတ်လိုက်ရ၍ အထက်ပိုင်းသို့ ဆုတ်ခွာပေးခဲ့ကြရလေသည်။ မင်းကြီး သတိုးသုဓမ္မမဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက် ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ကြည်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ ဆက်လက် ချီတက်ကြသည်။ မြန်မာတပ်များသည် ပြည်မြို့အနီးတစ်ဝိုက်မှ ဆီးဆို့ခုခံကြသည်။ ပြည်မြို့တစ်ဝိုက် ဖြစ်ပွားသော တိုက်ပွဲများကို ဦးဆောင်သည့် မြန်မာတပ်မတော် တပ်မှူး တပ်ဗိုလ်များတွင် ရှမ်းအမျိုးသမီး သုံးဦး ပါဝင်သည်။ ဤတိုက်ပွဲများ၌ ရှမ်းစော်ဘွား မြို့စားတို့၏ တပ်များသည်လည်း မြန်မာတပ်များနှင့်အတူ လက်တွဲ၍ ဗြိတိသျှတို့အား ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြရာ ဗိုလ်ချုပ် မဟာနေမျိုးနှင့်အတူ မောက်မယ်စော်ဘွား ကျဆုံးခဲ့ရလေသည်။ ဤသည်မှာ တိုင်းရင်းသားအချင်းချင်း အရေးကြီးက သွေးနီးခဲ့သည့် သာဓက တစ်ရပ်ပင် ဖြစ်သည်။