ဝိုင် (အရက်): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
စာကြောင်း ၁၉ -
[[File:Wine press from 16th century.jpg|thumb|upright|၁၆ ရာစုမှ ဝိုင်ညှစ်စက်]]
 
'''ဝိုင်''' ဆိုသည်မှာ ယမကာ တစ်မျိုးဖြစ်ပြီး ကဇော်ဖောက်ထားသော စပျစ်သီးမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ တဆေး သည် စပျစ်သီးထဲမှ သကြားကို စုပ်ယူပြီး အီသနော၊ ကာဗွန်ဒိုင် အောက်ဆိုက်ဒ်နှင့် အပူဓာတ်တို့ အဖြစ် ပြောင်းလဲပေးသည်။ စပျစ်သီး အမျိုးမျိုး နှင့် တဆေးမျိုးထူး အမျိုးမျိုးတို့မှ ဝိုင်စတိုင်လ် အမျိုးမျိုးကို ရရှိစေသည်။ ထိုသို့ အမျိုးမျိုး ကွဲပြားရခြင်း အကြောင်းမှာ စပျစ်သီး၏ ဇီဝဓာတုဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်ခြင်း၏ ရှုပ်ထွေးသော ဩဇာတွဲဖက်မှုများ၊ ကဇော်ဖောက်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော ဓာတ်ပြုခြင်းများ၊ စပျစ်သီးစိုက်ပျိုးရာ ပတ်ဝန်းကျင် နှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ စသည်တို့၏ ရလာဒ်များပင်ရလဒ်များပင် ဖြစ်သည်။ နိုင်ငံအများစုတွင် ဝိုင်၏ စတိုင်လ် နှင့် အရည်အသွေးကို သတ်မှတ်ရန် အတွင် တရားဥပဒေအရ သတ်မှတ်ထားသော အမည်နာမ များ ရှိသည်။ ၎င်းတို့မှ ပထဝီဆိုင်ရာ မူလရင်းမြစ် နှင့် ခွင့်ပြုထားသော စပျစ်သီး အမျိုးမျိုးကို ကန့်သတ်ထားသကဲ့သို့ ဝိုင်ထုတ်လုပ်မှု၏ အခြားသော အရာများကိုလည်း ကန့်သတ် ထားသည်။ စပျစ်သီးမှ ပြုလုပ်ထားခြင်း မဟုတ်သော ဝိုင်များတွင် အခြားသော သီးနှံများကို အသုံးပြုထားပြီး ၎င်းတို့တွင် ဆန်မှ ပြုလုပ်ထားသော ဝိုင်နှင့် အခြားသော သစ်သီးများ ဖြစ်သော ဇီးသီး၊ ချယ်ရီသီး၊ တလည်းသီး၊ ဘယ်ရီသီးနှင့် အဲလ်ဒါးဘယ်ရီသီးတို့ကို အသုံးပြုကြသည်။
 
ဝိုင် အားချက်လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝိုင်နှင့် ပတ်သက်၍ အစောဆုံးတွေ့ရသော အထောက်အထားမှာ ဂျော်ဂျီယာနိုင်ငံ (ဘီစီ ၆၀၀၀)၊ အီရန် (ဘီစီ ၅၀၀၀) ၊ <ref name="indie">{{cite news|url=http://www.penn.museum/blog/collection/125th-anniversary-object-of-the-day/7000-year-old-wine-jar-object-of-the-day-24/|title=7,000 Year-old Wine Jar|last=Ellsworth|first=Amy|date=18 July 2012|publisher=University of Pennsylvania Museum of Archaeology and Anthropology}}</ref> နှင့် စစ္စလီကျွန်း (ဘီစီ ၄၀၀၀)<ref name="SicilyGuardian">{{cite news|url=https://www.theguardian.com/science/2017/aug/30/traces-of-6000-year-old-wine-discovered-in-sicilian-cave|title=Traces of 6,000-year-old wine discovered in Sicilian cave|last=Tondo|first=Lorenzo|date=30 August 2017|agency=The Guardian}}</ref> တို့ဖြစ်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံ ၅ နိုင်ငံ၌ ဝိုင်အများဆုံး ထုတ်လုပ်သော ဒေသများ ရှိပြီး ၎င်းတို့မှာ အီတလီ၊ စပိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။<ref>{{cite book |title=Vintage: The Story of Wine |last=Johnson |first=H. |year=1989 |publisher=Simon & Schuster |isbn=978-0-671-79182-7 |pages=11–6}}</ref>