"ဘိတ်ကလာတဲ့ငံပြာရည်" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
(Removing Myanmar_Director_u_kyaw_Soe.jpg, it has been deleted from Commons by JuTa because: Source of derivative work not specified since 16 March 2020.)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ))
ဘိတ်ကလာတဲ့ငံပြာရည်၏ အမည်ရင်းမှာ ဦးစိုးမောင် (ခ) ဦးကျော်စိုး ဖြစ်သည်။ ၁၉၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် [[တနင်္သာရီတိုင်းဒေသကြီး]]၊ [[မြိတ်မြို့]]၌ ဦးရွှေကြာနှင့် ဒေါ်ထူးမေတို့က မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံး သားဖြစ်ကာ ၁ဝ တန်းအောင်မြင်ခဲ့ပြီးနောက် ကျောင်းဆက်မတက်ဖြစ်ဘဲ အမြတ်ခွန်အရာရှိအဖြစ် ထမ်းဆောင်ခဲ့သည်။ တာဝန်အရ အခွန်ကြီးကြပ်ရာမှ ရုပ်ရှင်လောကသားများနှင့် တွေ့ဆုံခဲ့ပြီး ပဲရော့ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒါရိုက်တာပဲရော့ ဖေကြိုင်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ ဦးဖေကြိုင်ထံမှ ရုပ်ရှင်ရိုက်ကူးရေး ပညာများသင်ယူခဲ့သည်။ ဦးကျော်စိုးသည် ရုပ်ရှင်နှင့်ပတ်သက်၍ ဝါသနာဆန္ဒပြင်းပြသည့်အတွက် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။
 
၁၉၅၅ ခုနှစ် မတိုင်မီ 'ပြည်တော်အေး' ရုပ်ရှင်ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ပွဲဦးထွက်အဖြစ် ဒါရိုက်တာ 'ကျော်စံကေး' အမည်ခံယူကာ ''မေတ္တာပေါင်းကူး'' ဇာတ်ကားကို မင်းသား ထွန်းဝေ၊ မင်းသမီး ခင်ယုမေတို့နှင့် ရိုက်ကူးခဲ့သည်။ ဆက်၍ကာတွန်းအောင်ရှိန်၏ ''စံရှား-ဒိန်းဒေါင်'' ဇာတ်ကောင် ဇာတ်လမ်းများကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့လေရာ ၁၉၆၄ ခုနှစ်တွင် ''မှားတဲ့အခါလည်း မှားပေမပေါ့'' နှင့် ''အောင်ပင်လယ်'' ဇာတ်ကားများကို လည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် ''ကဲမယုံချင်နေ'' ဇာတ်ကားကိုလည်းကောင်း ရိုက်ကူး ရုံတင်ပြသခဲ့သည်။ ထို့နောက် ဒါရိုက်တာ 'ကျော်စံကေး' အမည်မှ ''ဘိတ်ကလာတဲ့ ငံပြာရည်'' အမည်ကို ပြောင်းလဲခံယူကာ ၁၉၆၆ ခုနှစ်တွင် ပြည်တော်အေး ရုပ်ရှင်မှပင် ''အံ့သြကုန်နိုင်ဖွယ်အံ့ဩကုန်နိုင်ဖွယ်'' ဇာတ်ကားကို ရိုက်ကူးရုံတင်ပြသခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ''ပြည်တော်အေး'' ရုပ်ရှင်အမည်မှ ''ကျော်စိုး'' ရုပ်ရှင်အမည်သို့ ပြောင်း၍ ဒါရိုက်တာ ''ဘိတ်ကလာတဲ့ ငံပြာရည်'' အမည်ဖြင့်ပင် ''စံရှား -ဒိန်းဒေါင်'' ဇာတ်လမ်းတွဲဖြစ်သော ''ပင့်ကူနီ'' ဇာတ်ကားကို ရိုက်ကူး ရုံတင် ပြသခဲ့သည်။ ထိုမှဆက်၍ ဘိတ်ကလာတဲ့ ငံပြာရည် အမည်ကိုတောက်လျှောက်အသုံးပြုလေသည်။
 
ဘိတ်ကလာတဲ့ငံပြာရည်သည် ၁၉၉၂ ခုနှစ် တွင် ကွယ်လွန်သွားခဲ့ပြီး နောက်ဆုံးရိုက်ကူးသွားခဲ့သည့် ဇာတ်ကား မှာ ''ခုနစ်ဖော်မောင်နှံ'' ဖြစ်သည်။