ကညွတ်ပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး →‎Common Asparagus (ကညွတ်)
စာကြောင်း ၃၅ -
===ပုံသဏ္ဌာန်===
ပုံသဏ္ဌာန် : အပင် ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ ၁၀ ပေထိမြင့်၏။ ကိုင်းဖြာ၏။ ပင်စည်လုံး အစိမ်းရောင်ရှိ၍ ချောမွေ့ပြီး ဖြောင့်မတ်သည်။ ပင်စည်ပေါ်တွင် အဝါရောင် ဆူးတောင့်ကြီးများရှိသည်။
*အရွက် အရွက်မြွှာကလေး များ အလွန်သေးငယ်၍ အပ်ချောင်း ပုံသဏ္ဌာန်ရှိပြီး အနည်းငယ် ကောက်ကွေ့နေ၏။
*အပွင့် ငယ်၍ အဖြူရောင်ရှိပြီး မွှေးကြိုင်သောအနံ့ရှိသည်။
*အသီး မှည့်သောအခါ အနီရောင်ရှိ၏။
*အမြစ် အပင်အောက်ခြေ မြေကြီးထဲ၌ ဥကဲ့သို့ အမြစ်များ မြောက်မြားစွာ စီတန်းနေသည်။
အသုံးပြုနိုင်သည့်
===အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ===
အစိတ်အပိုင်းများ : အမြစ် ၊ အညွန့်။
မြန်မာနိုင်ငံတွင်
===မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ===
တွေ့နိုင်သောနေရာများ : အထက်မြန်မာပြည်တွင် အတွေ့ရနည်းသည်။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင်ပေါက်ရောက်သည်။ တောင်ပေါ်ဒေသနှင့် အေးသော အရပ်များတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
ပေါက်ရောက်ပုံ။အထက်မြန်မာပြည်တွင် ။သဘာ၀အလျောက်အတွေ့ရနည်းသည်။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင်ပေါက်ရောက်သည်။ တောင်ပေါ်ဒေသနှင့် အေးသော အရပ်များတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ သဘာ၀အလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြသည်။
==စိုက်ပျိုးသည့်နည်းစံနစ်-==
(က)မျိုးစေ့ပျိုးထောင်ခြင်း ။ ။ အစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ ပတ်မှ ၆ ပတ် ကြာတတ်သဖြင့် ၃ဝံ စင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့် အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။
(ခ) စိုက်ပျိုးခြင်း ။ ။ မြေဆွေးဩဇာဓာတ်များသည့်မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ် ၃ ပေ ၊ အနက် ၁ ပေရှိ စိုက်မြောင်းများကို ၄ ပေ ခွာကာတူးဖော်၍ တစ်နှစ်ခန့် ရှိ ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။
(ဂ) ပြုစု ဂရုစိုက်ခြင်း။ ။ မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။ ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။
(ဃ) ရိတ်သိမ်းခြင်း ။ ။ သက်နုကညွတ်ပင်များ ၂-၃ နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာဖြတ်ယူသင့်သည်။ ၃နှစ်သား ကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိ ဖြတ်ယူနိုင်သည်။
==အသုံးဝင်ပုံ==
အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သလိပ်ကို ကြေစေ၍ သွေးသည်းခြေကိုနိုင်သည်။ သွေးလွန် သွေးအန်နာတို့ကို ပယ်၏။
အသုံးပြုပုံ ။ ။ အရွက် ၊ အပင် ၊ အစို့ ၊ အမြစ် ၊ အသီး ၊ အားလုံးလူတို့အား အကျိုးပြုသည်။ သို့သော် အစို့ အမြစ် သည် အဓိက အသုံးကျသည်။
 
===အမြစ်===
# အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍လည်းကောင်း စားပါက အားကိုဖြစ်စေသည်။
# ကညွတ်မြစ်ဥ အရည်ကို ကျိုချက်၍ရသော အဆီဖြင့် အဆစ်ရောင်ခြင်း ၊ ကိုက်ခြင်း နှင့် လေရောဂါ တို့ကို လိမ်းကျံပေးက ပျောက်၏။
Line ၅၉ ⟶ ၆၀:
# ၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။
 
===အညွန့်===
# အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏။ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။ <ref>http://arogyamonline.com/commodity/materials/?raw=66</ref>