ရွှေတုတ်၊ ဦး(ယင်းတောဝန်ကြီး): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅ -
 
ဦးရွှေတုတ်သည် [[ဘိုးလှိုင်၊ ဦး(ယောမင်းကြီး)|ယောမင်းကြီးဦးဘိုးလှိုင်]]၏ ဖခင်ဖြစ်သည်။ ဦးရွှေတုတ်တွင် ကတော်သုံးပါး ရှိလေရာ ဝန်ကတော်မယ်ငြိမ်းနှင့် ရသောသားသည် ယောမင်းကြီး အလောင်းလျာပင်ဖြစ်သည်။
 
မြန်မာသက္ကရာဇ် ၁၂၀၇-ခုနှစ်တွင် [[သာယာဝတီမင်း]]သည် သားတော်ပြည်မင်း ပုန်ကန်လိမ့်မည် ဟူ၍ သင်္ကာယနံ့မကင်း ဖြစ်တော်မူ၏။ ထို့ကြောင့် ထိုကိစ္စကို စုံစမ်းသည်တွင် သားတော်ပြည်မင်းနှင့် ယင်းတော်ဝန်ကြီး၊ ဆင်ဝန်၊ ညောင်ပင်ကြီးဗိုလ်၊ အဝမြို့ဝန်၊ စစ်ကိုင်းဗိုလ်၊ ဗိုလ်နတ်ကျော်၊ ဆောအတွင်းဝန်ဟောင်း ငရစ်၊ သံတော်ဆင့် လက်ဝဲတို့ နှီးနှောတိုင်ပင်သည်ဟု သတင်းရရှိတော်မူသည်။ ထို့ကြောင့် ဆောအတွင်းဝန်ဟောင်း ငရစ်နှင့် သံတော်ဆင့် လက်ဝဲတို့ကို ဦးစွာပထမ ကွက်မျက်တော် မူသည်။ ယင်းတော်ဝန်ကြီးကို မူကား မြန်မာသက္ကရာဇ် ၁၂၀၇-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၆)ရက်နေ့တွင် ရွှေနန်းတော်သို့ ခေါ်ယူစစ်မေးတော် မူ၏။ ယင်းတော်ဝန်ကြီးလည်း ပြည်မင်းနှင့်တိုင်ပင်ကြံစီရာ ပါကြောင်း ဖြောင့်ဆိုသည်။ ထို့ကြောင့် သာယာဝတီမင်းသည် ယင်းတော်ဝန်ကြီးအား စံနန်းတော်ဦး မြောက်လှေကားအဆင်းတွင် ကိုယ်တော်တိုင် လက်သုံးတော်လှံဖြင့် ထိုး၍ စံနန်းတော်ပြင်သို့ ယူသွားစေရာ ယင်းတော်ဝန်ကြီးလည်း လက်ဝဲတံခါးပြင်ရောက်လျှင် သေဆုံးသည်။
 
<ref>ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်၊ စာ-၁၄</ref>