မွန်ပြည်နယ်၏ အလံတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၅ -
 
 
'''[[မွန်ပြည်နယ်]]၏ အလံမွန်ပြည်နယ်အလံ''' မှာ အနီရောင်နောက်ခံတွင် ရွှေရောင်[[ဟင်္သာ]]ငှက်ရုပ်ပုံကို ရေးထိုးထားသည်။ အလံတော်၏ အရွယ်အစားမှာ အလျား ၆ ပေ၊ အနံ ၄ ပေ ဖြစ်သည်။ အလံသစ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိအကြိမ် [[မွန်ပြည်နယ် လွှတ်တော်]] ဒသမ ပုံမှန် အစည်းအဝေး (သတ္တမနေ့) တွင် အတည်ပြုခဲ့သည်။<ref name="irrwaddy">{{cite web|url=https://burma.irrawaddy.com/news/2018/06/08/160642.html|title=မွန်ပြည်နယ်အလံသစ် လွှတ်တော် အတည်ပြု|author=ဉာဏ်စိုးဝင်း|date=၈ ဇွန် ၂၀၁၈|accessdate=၂၅ ဇူလိုင် ၂၀၁၈}}</ref><ref name="voice">{{cite web|url=http://thevoicemyanmar.com/tags/%E1%80%A1%E1%80%9C%E1%80%B6/posts/22201-mpn|title=မွန်ပြည်နယ် ကိုယ်စားပြုအလံကို အတည်ပြု|author=ထွန်းမြတ်သူ|date=၈ ဇွန် ၂၀၁၈|accessdate=၂၅ ဇူလိုင် ၂၀၁၈}}</ref>
 
== သမိုင်းကြောင်း ==
ယခင်အစိုးရများ လက်ထက်က [[မွန်ပြည်နယ်]] ကိုယ်စားပြုအလံသည် ရွှေဟင်္သာ (အဖို) နှင့် နောက်ခံအပြာရောင်ဖြစ်ပြီး ရွှေဟင်္သာ၏ အောက်ခြေ၌ မွန်ပြည်နယ် ဟု စာတမ်းပါရှိသည့် အလံကို အသုံးပြုခဲ့သည်။<ref name="irrwaddy"/>
 
[[မွန်ပြည်နယ် အစိုးရအဖွဲ့]]တွင် တရားဝင် အသုံးပြုမည့် အလံသစ်ကိစ္စကို ၂၀၁၈ခုနှစ် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြပြီး ရွှေဟင်္သာပါသည့် အလံတော်၏ နောက်ခံရောင်ကို အနီနှင့် အပြာ နှစ်မျိုး ရွေးချယ်ကာ ဇွန် ၇ ရက်က ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် နောက်ခံအနီရောင်ကို ရွေးချယ် အတည်ပြုခဲ့သည်။<ref name="irrwaddy"/>