ကထာ သရိတ သာဂရ: တည်းဖြတ်မှု မူကွဲများ

"ကထာ သရိတ သာဂရ ခေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၅:၅၈၊ ၆ ဇွန် ၂၀၂၀ ရက်နေ့က မူ

ကထာ သရိတ သာဂရ ခေါ် ဝတ္ထုသမုဒ္ဒရာသည် သက္ကဋဘာသာဖြင့်ရှိသော ကမ္ဘာကျော် ဝတ္ထုပုံပြင်ပေါင်းချုပ်ကြီးဖြစ်သည်။ ကထာ သရိ သာဂရ ဟူသည် မြန်မာလို ဝတ္ထုသမုဒ္ဒရာဟု အဓိပ္ပာယ်ရသည်။ ဝတ္ထုသမုဒ္ဒရာဟု ဆိုသည့်အတိုင်း ကထာ သရိတ သာဂရ တွင် ပုံပြင်ဝတ္ထုပေါင်းများစွာ ပါဝင်သည်။

သက္ကဋဘာသာဖြင့်ရှိသော ရှေးဟောင်းပုံပြင်ဝတ္ထုများကို ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။ ပထမတစ်ခုမှာ အဆုံးအမ ဥပဒေသပေးသော ပုံပြင်ဝတ္ထုများဖြစ်သည်။ ဒုတိယတစ်မျိုးမှာ စိတ်ဝင်စားမျုအတွက် သက်သက်ရေးသားသော ပုံပြင်ဝတ္ထုများဖြစ်ကြသည်။ ဟိတောပဒေသ၊ ပဉ္စတန္တရ စသည့် ကမ္ဘာကျော် ပုံဝတ္ထုများသည် ပထမအမျိုးအစားထဲမှဖြစ်သည်။ ကထာ သရိတ သာဂရမှာ ဒုတိယအမျိုးအစားထဲတွင်ပါဝင်သည်။ ကထာ သရိတ သာဂရတွင် အဆုံးအမ ဥပဒေသပေးသည့် ပုံဝတ္ထုများပါဝင်စေကာမူ ပုံဝတ္ထုများ၏ အဓိက ရည်ရွယ်ချက်မှာ လူနှင့် လူ့လောကတို့၏ ဘဝကို ရေးခြယ်ပြခြင်းဖြင့် စာဖတ်သူများအား စိတ်ဝင်စားစေလိုခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သက္ကဋစာပေသမိုင်းနှင့် ကမ္ဘာပုံဝတ္ထုစာပေသမိုင်း၌ ကထာ သရိတ သာဂရသည့် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေခြင်းဖြစ်သည်။

ကထာ သရိတ သာဂရသည် မူလပင်ရင်းဝတ္ထုမဟုတ်ပေ။ 'ပိုက်ရှာကျီ' ဘာသာဖြင့် မဟာကဝိ ဂုဏာဒယ ရေးသားခဲ့သော အလွန်ရှေးကျပြီး လူကြိုက်များခဲ့သည့် 'ဗရိဟတ်ကထာ' အမည်ရှိကျမ်းကို အကျဉ်းချုပ်အားဖြင့် သက္ကဋဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။ ပိုက်ရှာကျီဘာသာစကား တည်ရှိရာဒေသနှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားကြသော်လည်း ပညာရှင်အများစုအလိုအရ ထိုခေတ်က ပိုက်ရှာကျီဘာသာစကားကို ဝိန္ဓယာဒေသတွင် ပြောဆိုသုံးဆွဲခဲ့ကြသည်။ ဗရိဟတ်ကထာမှာ ယခုအထိ ရှာဖွေမတွေ့ရသေးပေ။ ဗရိဟတ်ကထာနှင့် ပတ်သတ်၍သော်လည်းကောင်း၊ ရေးသားသူနှင့် ပတ်သတ်၍သော်လည်းကောင်း အတိအကျ အပြည့်အဝမသိရသေးပေ။ ဗရိဟတ်ကထာတည်ရှိခဲ့ကြောင်းကိုမူ ကထာ သရိတ သာဂရ၌ သက်သေအထောက်အထားအဖြစ်ပါရှိသည်။ ကထာ သရိတ သာဂရ၏ ပထမကဏ္ဍဖြစ်သော ပုံဝတ္ထုကျောရိုး၌ ယင်းအကြောင်းကို ထည့်သွင်းရေးသားထားသည်။

ကရှမိရ်ပြည်သားရေး ဗရိဟတ်ကထာမဉ္ဇရိစာအုပ်၌ ဂုဏာဒယကို ဂေါဒါဝရီမြစ်ကမ်း၌ တည်ရှိသော ပတိဋ္ဌာနအရပ်သားဟု ယူဆပြီး သာတဝါဟနဘုရင်၏ သူကောင်းပြုခံရသူဟု ဖော်ပြထားသည်။ နီပေါပြည်သားရေး ဗရိဟတ် ကထာ ရှလိုက ဆန်ဂရဟ စာအုပ်တွင် ဂုဏာဒယသည် မထုရာ၌ ဖွားမြင်ပြီး ဥဇ္ဇေနီဘုရင် မဒန၏ မင်းမှုထမ်းဖြစ်သည်ဟု ဖော်ပြထားသည်။ ပညာရှင်အများစုကမူ ပထမအကြောင်းအရာကို မှန်သည်ဟု ယူဆကြသည်။

ဗရိဟတ်ကထာ၏ ဘာသာပြန် သို့မဟုတ် အသွင်ပြောင်းသုံးမျိုးကို ယခုအခါ၌ တွေ့ရှိရသည်။

၁။ ဗရိဟတ် ကထာ ရှလိုက ဆန်ဂရဟ ယင်းစာအုပ်ကို ရေးသားသူမှာ နီပေါပြည်သား ဗုဓဆွာမိဖြစ်သည်။ ရေးသားသည့်အချိန်ကို အတိအကျမပြောနိုင်သော်လည်း ၈ရာစု သို့မဟုတ် ၉ရာစုခန့်က ရေးသားခဲ့သည်ဟု ခန့်မှန်းကြသည်။ ယင်းဝတ္ထုပေါင်းချုပ်တွင် ဂါထာပေါင်း ၂၅၀၀၀ ခန့်ပါဝင်သည်ဟု ခန့်မှန်းရသည်။ ပညာရှင်အချို့၏အလိုအရ ယင်းဘာသာပြန်သည့် မူရင်းပုံဝတ္ထုများနှင့်အနီးစပ်ဆုံးဖြစ်သည်။ ရေးသာပုံမှာ လွယ်ကူပြီး ရှင်းလင်းပြတ်သားသည်။

၂။ ဗရိဟတ် ကထာ မဉ္ဇရီ