ကထာ သရိတ သာဂရ: တည်းဖြတ်မှု မူကွဲများ

"ကထာ သရိတ သာဂရ ခေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁၃ -
 
၂။ ဗရိဟတ် ကထာ မဉ္ဇရီ
ယင်းကျမ်းကို ကရှမိရ်ဘုရင် အနန္တ (၁၀၂၈ - ၈၀) လက်ထက် ခရစ်နှစ် ၁၀၆၃ - ၆ ခုနှစ် ဝန်းကျင်ခန့်က မဟာကဝိ ခေမိန္ဒရ ရေးသားခဲ့သည်။ ကဗျာအဖွဲ့အနွဲ့များမှာ အဆင့်အတန်းမြင့်သည်။ သို့ရာတွင် မူရင်းဝတ္တုကြောင်းများကို အကျဉ်းရုံးထားလွန်းသဖြင့် အရသာပျက်သွားသည့်အပြင် ပေါ်လွင်မှုနည်း နည်းသွားလေသည်။ အချို့နေရာ၌ ဖွဲ့ထားပုံများမှာ လှပပြီး စိတ်ကို ဆွဲဆောင်နိုင်ပေသည်။ မိန်းမ၏အလှနှင့် မင်းညီမင်းသားတို့၏ သူရသတ္တိအကြောင်းကို ဖွဲ့ဆိုရာ၌ ပြောင်မြောက်သည်။ 'ရှလိုကဆန်ဂရဟ' နှင့် နှိုင်းယှဉ်ကြည့်ပါက ယင်းကျမ်းတွင် ဗရိဟတ်ကထာ၌ မပါဝင်သည့် ပုံဝတ္ထုများကို ထည့်သွင်းကြောင်းတွေ့ရသည်။ ထိုပုံဝတ္ထုများသည့် ကရှမိရ်၌ ခေတ်စားသော ပုံဝတ္ထုများဖြစ်လေသည်။ စာဆိုပညာရှင်ကို ဗျာသဒေဝ ဟုလည်းခေါ်သည်။
 
၃။ ကထာ သရိတ သာဂရ
မဟာကဝိ ခေမိန္ဒရနှင့် ခေတ်ပြိုင် ရာမ၏သား သောမဒေဝ ဘဋ္ဋသည် ခေမိန္ဒရနောက် နှစ်ပေါင်း ၂၀ ကြာပြီးနောက် ရေးသားစီရင်ခဲ့သည်။ သောမဒေဝသည်လည်း ကရှမိရ်ပြည်သားဖြစ်သည်။ ဆိုရိုးစကားအရ အနန္တဘုရင်၏ ပညာရှိမိဘုရား သူရိယဝတီက 'မဉ္ဇရီ' ကျမ်းသည် အကျဉ်းရုံးထားလွန်းသည်ကိုတွေ့ရ၍ သောမဒေဝအား ကျမ်းအသစ်တစ်စောင် ရေးသားစီရင်ရန် တိုက်တွန်းခဲ့သည်။ ထိုအခါ သောမဒေဝက 'ဗရိဟတ်ကထာ'ကို အခြေခံပြီး မကျဉ်းလွန်းမကျယ်လွန်းသော ကျမ်းတစ်စောင်ကို သက္ကဋဘာသာဖြင့် အနုပညာမြောက်စွာ ရေးသာခဲ့သည်။ ကထာ သရိတ သာဂရ တွင် ဂါထာအဖွဲ့ပေါင်း ၂၂၀၀၀ ခန့်ပါဝင်သည်။ ရေးဟန်နှင့် ဘာသာစကားလုံးတို့မှာလည်း ညက်ညောပြီး လွယ်ကူသည်။ ထို့ကြောင့် 'မဉ္ဇရီ' ထက် လူကြိုက်များသည်။ ကထာ သရိတ သာဂရ တွင်လည်း ကရှမိရ် ပုံဝတ္ထုများ ရောနှောပါဝင်နေပေသည်။ ဇိဝါနန္ဒ အမည်ရှိသော ဆရာ ကထာ သရိတ သာဂရ ဂါထားများကို သက္ကဋ စကားပြေဖြင့် ဖွင့်ဆိုရေးသားခဲ့သည်။
 
၄။ သက္ကဋဘာသာပြန်
အထက်ပါ ၃ ကျမ်းအပြင် ၇ ရာစုနှစ်၌ ဂင်္ဂါရာဇ ဒဝိနီတသည့် ဗရိဟတ် ကထားကို သက္ကဋဘာသာသို့ ပြန်ဆိုခဲ့သည်။