ကထာ သရိတ သာဂရ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၁ -
===၄။ သက္ကဋဘာသာပြန်===
အထက်ပါ ၃ ကျမ်းအပြင် ၇ ရာစုနှစ်၌ ဂင်္ဂါရာဇ ဒဝိနီတသည့် ဗရိဟတ် ကထာကို သက္ကဋဘာသာသို့ ပြန်ဆိုခဲ့သည်။
 
==အရေးပါပုံ==
ကထာ သရိတ သာဂရတွင် ပါရှိသော ဝတ္ထုများတွင် ထိုခေတ် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဓလေ့ထုံးစံများကို ဖော်ပြထားသဖြင့် ရာဇဝင်သမိုင်းပြုစုသူများအတွက် များစွာ အထောက်ပံ့ဖြစ်သည်။
 
==ဗုဒ္ဓဘာသာအတွေးအခေါ်==
ကထာ သရိတ သာဂရ ၌ ပါရှိသော ဝတ္ထုများအပေါ်၌ ဗုဒ္ဓဘာသာအတွေးအခေါ်အယူအဆများ များစွာထင်ဟပ်နေသည်ကို တွေ့ရသည်။ များစွာသော ဝတ္ထုကြောင်းတို့မှာ ဇာတ်နိပါတ်တောများမှ ယူထားသည်ကို တွေ့ရသည်။ ဝတ္ထုရေးဆရာ သောမဒေဝကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟု တချို့က သတ်မှတ်ဆုံးဖြစ်ကြသည်။ အိန္ဒိယရဟန်းတော် အာနန္ဒာကောသလ္လာယန ကမူ သူ၏ ဇာတ်ဘာသာပြန်နိဒါန်း၌ "ဗရိဟတ်ကထာ၏ မြစ်ဖျားခံရာမှာ ဇတ်နိပါတ်ဝတ္ထုများဖြစ်ပေလိမ့်မည်" ဟု ရေးသားထားလေသည်။ ကထာ သရိတ၌ ပါသော ဥဒယနမှာ ဇာတ်နိပါတ်တော်လာ ဥတိန္နဘုရင်ပင် ဖြစ်သည်ဟု ဆိုကြသည်။
 
==ဘာသာပြန်==
ဝတ္ထုသမုဒ္ဒရာဟု ဆိုသည့်အတိုင်း ကမ္ဘာ့ပုံတ္ထုများ၏ ပုံဝတ္ထုပင်လယ်သမုဒ္ဒရာကြီးသဖွယ်ဖြစ်နေသည်။ ထို့ကြောင့် ကျမ်းဂန်၏ ပမာဏာမှာလည်း ကြီးမားကျယ်ပြန့်လှသည်။ ဝတ္ထုသမုဒ္ဒရာ အင်္ဂလိပ်ဘာသာပြန်မှာ အတွဲဆယ်တွဲရှိသည်။ မြန်မာဘာသာကို ၁၉၆၆ ခုနှစ်တွင် ဆရာ ပါရဂူက အကျဉ်းရုံးပြီး ပြန်ဆိုခဲ့သည်။
 
==အကိုးအကား==
ကထာသရိတသာဂရ ခေါ် ဝတ္ထုသမုဒ္ဒရာ။ ပါရဂူ။ ဒုကြိမ်။ ၂၀၀၉။ နေရီရီစာအုပ်တိုက်။ ရန်ကုန်။