သဗ္ဗညုဘုရား(ပုဂံ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာကြောင်း ၁ -
[[Image:That-byin-nyu.jpg|thumb|သဗ္ဗညုဘုရား(ပုဂံ)ကို အဝေးမှ မြင်ရပုံ]]
 
*စေတီပုထိုးအမှတ်=၁၅၉၇/၉၀၆
သဗ္ဗညုဘုရားသည်'''သဗ္ဗညုဘုရား''' သည် [[မြန်မာနိုင်ငံ]]၊ [[မန္တလေးတိုင်းဒေသကြီး]]၊ [[ပုဂံ]]တွင် တည်ရှိသည်။ [[ပုဂံမြို့ဟောင်း|ပုဂံနန်းမြို့ရိုး]] အတွင်း [[အာနန္ဒာဘုရား|အာနန္ဒာ လိုဏ်ဂူတော်ဘုရား]]ကြီး၏ အနောက်တောင် ယွန်းယွန်း ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိသည်။ သဗ္ဗညု လှိုဏ်ဂူတော် ဘုရားကြီးသည် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားတွင် ထုထည်ကြီးမားသော ဘုရားကြီးများအနက် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူပင် ဖြစ်သည်။ ဉာဏ်တော် ပေ (၂၀၀)ကျော် မြင့်သဖြင့် အခြားဘုရားပုထိုးများ အကြားတွင် ထီးထီးမားမားကြီး တည်ရှိနေသည်။ သဗ္ဗညုဟူသော ဝေါဟာရကို ပုဂံခေတ် ရေးထိုးကျောက်စာများတွင် သိစပ်မြင်နှံ့ ဟူ၍ ပြန်ဆိုရေးသားလေ့ ရှိသဖြင့် ဗုဒ္ဓဘုရားသခင်၏ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြုခေါ်ဝေါ် သမုတ်သည်ဟု ယူဆကြသည်။
 
သဗ္ဗညုဘုရားဒါယကာမှာ ကျန်စစ်မင်းကြီး၏ အရိုက်အရာကို ဆက်ခံသည့် မြေးတော် [[အလောင်းစည်သူ]]မင်းကြီးဖြစ်သည်။ အလောင်းစည်သူ မင်းကြီးသည် ခရစ် ၁၁၄၄-ခုနှစ်တွင် ရှင်မဟာမောဂ္ဂလ္လာန် ကြပ်မတ်၍ တည်ဆောက်ခဲ့သော ကျောင်းအမကြီး ဝိသာခါ၏ ပုပ္ဖာရုံကျောင်းတော်ကြီးကို အတုယူကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသမိုင်းများတွင် ဆိုလေသည်။ ထို့ကြောင့် ထိုလိုဏ်ဂူမှာ ဘုရားဝတ်ပြုရန် သက်သက်ချည်းသာ မဟုတ်ပဲ ရှေးခတ်က သံဃာတော်များ သီတင်းသုံးရန်နှင့် ပိဋကတ်တိုက်ထားရှိ သုံးစွဲရန်လည်း လျာထားစီမံခဲ့သည်ဟု ထင်ရန်ရှိလေသည်။
စာကြောင်း ၈ -
 
== သမိုင်းကြောင်း ==
သက္ကရာဇ်မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်တော်မူသော အလောင်းစည်သူမင်းကြီးသည် ထီးနန်းစိုးစံတော်မူ၍ ၁၁ နှစ်အကြာ တစ်နေ့သောအခါ၌ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်၏ အရှေ့မျက်နှာရှိ ဝိသာခါသူဌေးမ၏ ကောင်းမှုဖြစ်သောပုပ္ဖာရုံ ကျောင်းတော်သဏ္ဌာန် စေတီတည်ရသော်ကောင်းလေစွဟု အကြံဖြစ်တော်မူ၏။ ပုပ္ဖာရုံကျောင်းတော်ကား လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်ဖြင့် မကြာမြင့်မီပင်တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ၊ အောင်အောင်မြင်မြင်ပြီးစီးခြင်းသို့ ရောက်ရသောကျောင်းတော်ကြီး ဖြစ်သည်။ ယင်းကျောင်းကြီးသည် ဘုံတိုက်ခန်း ၅ဝဝ၊ အထက်ဆင့်၌တိုက်ခန်း ၅ဝဝ အားဖြင့်တိုက်ခန်း ၁ဝဝဝတို့ဖြင့် ဆန်းကြယ်စွာ တန်းဆာဆင်ယင်ထားသည်။
 
အလောင်းစည်သူမင်းကြီးသည် [[ရှင်အရဟံ]]၊ စိမ်းညက်မင်းသားတော် မဟာထေရ်ရှင်အာနန္ဒာစသော သံဃာတော်အရှင်မြတ်များ၊ ပညာရှိ မှူးတော်မတ်တော်များနှင့် တိုင်ပင်၍ အရှင်မောဂ္ဂလာန်စီရင်တော်မူသော ပုပ္ဖာရုံကျောင်းနှင့်သဏ္ဌာန်တူစွာ အမြင့်သံတောင် ၁၆ဝ ရှိသော သဗ္ဗညုစေတီကို သက္ကရာဇ်မြန်မာသက္ကရာဇ် ၄၈၆ ခုနှစ် ၌ တည်ထားကိုးကွယ်တော်မူ၏။
 
တိုင်းနိုင်ငံအသီးသီးမှ ဆက်သအပ်သော ဓာတ်တော်များကိုလည်း ဌာပနာ၍ မလည်တောင်ခြေအရပ်မှ ရအပ်သောပတ္တမြားများကို ပေါက်ပေါက်ပြုကာ ကြဲဖြန့်ပူဇော်တော်မူ၏။ အခန်းကြီး အခန်းငယ်နှင့်တကွ အသွယ်သွယ်သော ကြောင်လိမ်တို့ကိုလည်း အံ့မခန်းမျှစီမံတော်မူ၏။ အချိန်တစ်သောင်းရှိသော ကြေးစင်ခေါင်းလောင်းကြီးကိုလည်း သွန်းလုပ်လှူဒါန်းတော်မူ၏။ ဘုရား၏အရှေ့တောင် ထောင့်တွင်ခေါင်းလောင်း ချိတ်ဆွဲသည့် ကျောက်တိုင်ကြီးများမှာ ယခုတိုင်ရှိနေသည်။
စာကြောင်း ၃၁ -
 
== ဂရို့ချိုးဘုရား ==
သဗ္ဗညုလိုက်ဂူနှင့်သဗ္ဗညုလိုဏ်ဂူနှင့် ကပ်လျက်ရှိသော ဂူဘုရားငယ်တစ်ဆူသည် ဂရို့ချိုးဘုရားဟု အမည်တွင်သည်။ အဆိုရှိသည်မှာ သဗ္ဗညုလိုဏ်ဂူကို တည်ဆောက်စဉ်က အုတ်တစ်သောင်းပါ အုတ်တစ်ဖိုလျှင် အုတ်တချပ်ကျဖြင့် ဂရို့ချိုးမှတ်ပြီး တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။
 
* UNESCO စေတီပုထိုးအမှတ်=၁၅၉၇/၉၀၆
 
== ကိုးကား ==