အယ်လ်ဂျီးရီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
restoring deleted section Mg Tin Zar Soe (ဆွေးနွေး) ၏ တည်းဖြတ်မူ 518968 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၅၁ -
 
နိုင်ငံ၏ ငါးပုံလေးပုံမှာ ဆာဟာရသဲကန္တာရ ဖုံးလွှမ်းလျှက်ရှိသည်။ ပြည်သူအများစုသည် မြောက်ဘက်ကမ်းခြေတလျှောက်၌ နေထိုင်ကြသည်။ အများစုမှာ အာရပ်လူမျိုးများ ဖြစ်ကြ၏။ ၁၇ ရာစု နောက်ပိုင်း အာဖရိကကို အာရပ်များ တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုမီက ဤနိုင်ငံ၌ ဘာဘာလူမျိုးစုများ အခြေချနေထိုင်ကြသည်။ ထိုလူမျိုးများသည် အာရပ်လူမျိုးများ ဩဇာလွှမ်းမိုးမှုကို ခုခံတွန်းလှန်ရင်း တောတောင်ထူထပ်သည့် နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ဘာဘာလူမျိုးများ ဖြစ်ကြသည်။
== သမိုင်းကြောင်း ==
၁၆ရာစုမှစ၍ တူရကီအော်တိုမန် အင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော နိုင်ငံအား ၁၈၃၀ ပြည့်နှစ်တွင် ပြင်သစ်က သိမ်းပိုက်ခဲ့၏။ ၁၉၅၄ ခုနှစ်မှစ၍ အမျိုးသားလွတ်မြောက်ရေး တပ်ဦး၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ရာ ၁၉၆၂ ခုနှစ် တွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။ ထိုလွတ်လပ်ရေး တိုက်ပွဲအတွက် ပြည်သူတစ်သန်းကျော်မျှ အသက်ပေးရင်းနှီးခဲ့ရသည်ဟု ဆို၏။
== နိုင်ငံရေး ==
၁၉၆၂ ခုနှစ်တွင် လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတအဖြစ် အာမက်ဘင်ဘဲလားအား ရွေးချယ်တင်မြှောက်သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတ ဘင်ဘဲလားအား ဗိုလ်မှူးကြီး ဘူပီဒီယင်းက ဖြုတ်ချအာဏာသိမ်းခဲ့သည်။ ၁ဝနှစ်ကြာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ၁၉၇၆ ခုနှစ်၌ ပြဋ္ဌာန်းကာ ဆိုရှယ်လစ်စနစ်အား အကောင်ထည်ဖော်ရန် ရည်မှန်းခဲ့သည်။ ဆိုရှယ်လစ် စနစ်သစ်တွင် လွတ်လပ်ရေးတိုက်ပွဲ၌ ဦးဆောင်ခဲ့သော အမျိုးသားလွတ်မြောက်ရေးတပ်ဦးသည် နိုင်ငံ၏ တစ်ခုတည်းသော ပါတီဖြစ်လာခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဘူပီဒီယင်း ကွယ်လွန်သောအခါ ဗိုလ်မှူးကြီး ဘင်ဂျီဒစ် တက်လာသည်။