လိုင်ဂီယာ: တည်းဖြတ်မှု မူကွဲများ

"လိုင်ဂီယာ (Line Clear၊..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၄:၁၉၊ ၇ ဇွန် ၂၀၂၀ ရက်နေ့က မူ

လိုင်ဂီယာ (Line Clear၊ လမ်းရှင်းစာရွက်)ကို ရထားဘူတာများတွင် တွေ့နိုင်သည်။ တချို့ အမြန်ရထားမျာသည် ဘူတာ အသေးလေးများတွင် ရပ်လေ့မရှိပေ။ သို့သော် မီးရထားဥပဒေအရ ထိုဘူတာနှင့် အရှေ့ လာမည့်ဘူတာအကြား လမ်းကြောင်းရှင်းပါကြောင်းထောက်ခံစာကို ဘူတာငယ်၏ ရုံပိုင်က မောင်းနေသာ ရထားပေါ်သို့ပို့ပေးရသည်။ ၂ ပေခန့် အချင်းရှိသော ကြိမ်ကွင်းတွင် လမ်းကြောင်းရှင်းစာရွက်ကို ပတ်ချည်ထားရသည်။ ရထားလမ်းဘေးကပ်လျက်ရပ်ပြီး ကြိမ်ကွင်းကို ထောင်ထားလိုက်ရသည်။ ရထားပေါ်မှလူက သူ၏လက်ကို ကြိမ်ကွင်းထဲဝင်အောင်ချန်ပြီး စွပ်လိုက်ရသည်။ ယင်းကို "Line clear ဆွဲသည်။" မြန်မာဆန်ဆန် "လိုင်ဂီယာဆွဲသည်။" ဟု ခေါ်ဆိုကြသည်။

ထိုလမ်းရှင်းစာရွက်မရပါက စက်ခေါင်းမောင်းက ရှေ့ဘူတာသို့ ဆက်မောင်းသွားခွင့်မရှိပေ။ ထို လမ်းရှင်းစာရွက်တွင် မိမိဘူတာမှ ရှေ့ဘူတာကြားရှိ လမ်းတံတားတို့၏ ထူးခြားမှုရှိလျှင်လည်း ထည့်ရေးပေးရသည်။ ဥပမာ - မိုင်တိုင်အမှတ် ၁၃၂ နှင့် ၁၄၀ ကြားတွင် လမ်းပြုပြင်နေသဖြင့် အရှိန်လျှော့မောင်းရန် စသည် ပုံစံမျိုးဖြစ်သည်။ ထိုသို့ လမ်းရှင်းကြောင်းပေးနိုင်ရန်အတွက် မိမိဘူတာသို့ဝင်လာမည်ရထားအတွက် ထွက်ခွာလာသည့် ဘူတာက လမ်းရှင်းကြောင်းတောင်းလျှင် ပေးရသကဲ့သို့ ရှေ့ဘူတာကိုလည်း လမ်းရှင်းကြောင်း တောင်းထားရသည်။

လမ်းရှင်းကြောင်းပေးနိုင်ရန်အတွက် လမ်းလုပ်သားခေါင်းနှင့် လမ်းလျှောက်တို့က လမ်းအခြေအနေကို ရုံပိုင်ထံ မပြတ်သတင်းပို့ရသည်။ လမ်းလုပ်သားခေါင်း(မယ်ဇလီ) နှင့် လုပ်လျှောက်လုပ်သားတို့က မိမိနယ်မြေ(ဖိုင်)အတွင်း လမ်းကြံ့ခိုင်မှု၊ တံတားများ ကြံ့ခိုင်မှုကို အမြဲ ကြည့်ရှုစစ်ဆေးရပြီး ရုံပိုင်ကို တာဝန်ခံရသည်။

လိုင်ဂီယာပေးမည့် ဘူတာဝန်ထမ်းသည် စာရွက်ညှပ်ပေးမည့်ကြိမ်ကွင်းကိုကိုင်ပြီး လက်ကိုဆန့်လိုက်ရသည်။ ကြိမ်ကွင်းထိပ်ကို ရထားလမ်းဇလီဖားတုံးထိပ်နှင့် ထိလိုက်ပြီး လက်ကို ၄၅ ဒီကရီအပေါ်သို့ မြှောက်လိုက်ရပါသည်။ ထိုအခါ စက်ခေါင်းမီးထိုး(အလံပြ)က သူ့လက်မောင်းနှင့် အလွယ်တကူ ချိတ်ယူနိုင်ပြီဖြစ်သည်။ ထိုသို့မဟုတ်ပါက ကြိမ်ကွင်းကို ရထားစက်ခေါင်းနှင့် တိုက်မိခြင်း၊ ကြိမ်ကွင်းလွတ်ကျခြင်းတို့ဖြစ်တတ်ပြီး ရထားသည် မရပ်သင့်ဘဲ ရပ်ရတတ်ပါသည်။ ထိုသို့ မရပ်သင့်ဘဲ၊ ရပ်ခွင့်မရှိဘဲ လမ်းရှင်းကြောင်းမရသဖြင့် (ပြုတ်ကျသဖြင့်)ရထားရပ်လိုက်ရပါက ရုံပိုင်အနေဖြင့် အထက်ကို ထုချေလွှာ(ဖြေရှင်းချက်)ပေးရပါသည်။

ရထားစက်ခေါင်းမောင်းသည် လမ်းရှင်းကြောင်းကိုရရှိပြီးလျှင် စာကို သေချာဖတ်ပြီး ကြိမ်ကွင်းကို Outer မကျောင်ခင် ပြန်ပစ်ချပေးခဲ့ပါသည်။ ဘူတာ၌ ရထားရပ်ပါက စက်ခေါင်းထံသို့ စာရွက်သွားပေးရန်သာလိုပါသည်။

အကိုးအကား

https://web.facebook.com/photo.php?fbid=575425006713477&set=p.575425006713477&type=3&theater