စူဠဒုက္ခက္ခန္ဓသုတ်: တည်းဖြတ်မှု မူကွဲများ

" မဇ္ဈိမနိကာယ် ၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၄ -
မဟာနာမ် ထိုအမျိုးသားသည် ဤသို့ ထကြွ စေ့ဆော် အားထုတ်သဖြင့် စည်းစိမ်ဥစ္စာတို့သည်ပြည့်စုံကုန်ငြားအံ့၊ ထိုအမျိုးသားသည် “အဘယ်သို့ စောင့်ထိန်းလျှင် ငါ၏ စည်းစိမ်ဥစ္စာတို့ကို မင်းနှင့်ခိုးသူတို့ မဆောင်နိုင်ကြကုန်ဘဲ မီးမလောင် ရေမမျော မချစ်သော အမွေခံသားတို့ မယူနိုင်ဘဲ ရှိကုန်ရာအံ့နည်း” ဟု ထိုစည်းစိမ်ဥစ္စာတို့ကို စောင့်ထိမ်းရခြင်း အကြောင်းကြောင့် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ထိုအမျိုးသားသည် ဤသို့ စောင့်ရှောက်ထိန်းသိမ်းပါလျက် ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သော်လည်း ဆောင်ယူကြကုန်အံ့၊ ခိုးသူတို့သော်လည်း ခိုးယူကြကုန်အံ့၊ မီးသော်လည်း လောင်အံ့၊ ရေသော်လည်း မျောအံ့၊ မချစ်အပ်သော အမွေခံတို့သော်လည်း ဆောင်ယူကြကုန်အံ့၊ ထိုအမျိုးသားသည် “ငါ့အား ဖြစ်ပြီးသော စည်းစိမ်ဥစ္စာတို့လည်း မရှိတော့ပါတကား” ဟု ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ် စည်တီး မြည်တမ်း၏၊ ပြင်းပြစွာ တွေဝေခြင်းသို့ ရောက်၏၊ မဟာနာမ် ဤသည်လည်းကာမအ ထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသော ကာမတို့ကြောင့်သာလျှင်ဖြစ်သည့်မျက်မှောက်ဆင်းရဲ အစုဖြစ်သော ကာမတရားတို့၏ အပြစ်ပေတည်း။
 
မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတရားတို့ကြောင့်သာလျှင် မင်းအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ရေမြေ့ရှင်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ပုဏ္ဏားအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သူကြွယ်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သားအမိအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သားအဖအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ညီအစ်ကိုမောင်နှမအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ အပေါင်းအဖော်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ့ထိုသူတို့သည်ထိုသူတို့သည် ထိုသို့ဖြစ်ရာ၌ ငြင်းခုံခြင်း ရန်ဖြစ်ခြင်း သဘောကွဲလွဲခြင်းသို့ ရောက်ကြကုန်လျက်အချင်းချင်း လက်တို့ဖြင့်လည်း ပုတ်ခတ်ကြ ကုန်၏၊ ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏၊ တုတ်တိုတို့ဖြင့်လည်း ရိုက်ကြကုန်၏၊ ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏၊ ထိုသူတို့သည်ထိုရန်ဖြစ်ရာအရပ်၌ သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက် သော ဆင်းရဲဒုက္ခသို့လည်းရောက်ကြကုန်၏၊ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမ အရင်းခံကာမလျှင်တည်ရာရှိသော ကာမတို့ ကြောင့်သာလျှင်ဖြစ်သည့် မျက်မှောက် ဆင်းရဲအစုဖြစ်သောကာမတရားတို့၏ အပြစ်ပေတည်း။
 
မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် သန်လျက်နှင့် (သားရေ) ကာကို ယူ၍ လေးနှင့်မြားတောင့်ကို လွယ်လျက် မြား လှံတို့ကိုပစ်လွှတ်နေကြစဉ်ပင် သန်လျက်တို့ကို တလက်လက် ဝှေ့ယှမ်းနေကြစဉ်ပင် နှစ်ဖက် ရင်ဆိုင်တိုက်ရာစစ်မြေပြင်သို့ ပြေးဝင်ကြကုန်၏။ ထိုသူတို့သည် ထိုစစ်မြေပြင်၌ မြားတို့ဖြင့်လည်း ပစ်ကြကုန်၏၊ လှံဖြင့်လည်း ထိုးကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏၊ ထိုသူတို့သည် ထိုစစ်မြေပြင်၌သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏၊ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသောကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သော ကာမတရားတို့၏ အပြစ်ပေတည်း။