ဂျော့ ဝါရှင်တန် ကာဗာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရံပုံငွေ +ရန်ပုံငွေ)
No edit summary
စာကြောင်း ၁၄ -
ကျောင်းသို့ တဦးတည်းထွက်ခွာခဲ့တော့သည်။
 
နိယိုရှိုမြို့တွင် ဂျော့သည် မာရီလာဝပ်ကင်း ဟုခေါ်သော အဝတ်လျှော်လက်သည်အလုပ်ဖြင့် အသက်မွေးသော နီဂရိုးမကြီးထံတွင် နေခွင့်ရသည်။ သူသည် စုတ်ပြတ်နေသော ကျောင်းလေးတွင် ရသမျှကြိုးစားသင်ယူကာ နီဂရိုးမကြီး၏ အဝတ်လျှော်၊ မီးပူတိုက်အလုပ်များကို ဝိုင်းကူရသည်။ ထိုကျောင်းမှ ပညာကုန်သောအခါ သူတို့ နေသည့်လမ်းမှ မိသားတစုသည် ၇၅ မိုင် ဝေးသည့် ကင်းဆက်ပြည်နယ်၊ ဖို့တ်စကော့မြို့သို့ ပြောင်းရွှေ့တာနှင့် ကြုံနေ၍ လိုက်ပါခွင့်ပြုရန် တောင်းပန်ပြီး လိုက်ခဲ့သည်။ သူထွက်ခွာချိန်တွင် နီယိုရှိုမြို့လေး၏ လင်ကွန်းကျောင်းမှ ပေးအပ်လိုက်သော ကျောင်းထွက်လက်မှတ်လေးတွင် ၁၈၇၆၊ ဒီဇင်ဘာ ၂၂ ရက်ဖြစ်သည်။ ထို့နောက် ၁၀ နှစ်တာပတ်လုံး အမေရိကန်အနောက်ပိုင်းဒေသတခွင်၌ လှည့်လည်နေထိုင်ခဲ့သည်။ ရရာအလုပ်ကို လုပ်ကာ တက်လို့ရသည့်ကျောင်း၌ တက်သည်။ သည်ကျောင်းမှာ သင်စရာကုန်လျှင် နောက်တကျောင်းပြောင်းပြီး အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရရာစာအုပ်စာတန်းမှန်သမျှ အကုန်ဖတ်သည်။ တနေ့တွင် ဖို့စကော့မြို့လေး၌ နီဂရိုးတစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်တာကို မြင်ရပြီးနောက် သူအခြားမြို့များသို့ပြောင်းရွှေ့ပြန်သည်။သူသည် ၁၈၈၅၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည့် [[ကန်းဆပ်ပြည်နယ်]]၏ အရှေ့မြောက်ဘက်ရှိ ဟိုက်လင်းကောလိပ် ကျောင်းဝင်ခွင့်သည် သူ့အတွက် လူမည်းဖြစ်နေခြင်းကြောင့် ပယ်ချခံရပြန်သည်။ အပြန်အတွက် ခရီးစားရိတ်မပါသဖြင့်ခရီးစရိတ်မပါသဖြင့် အဆိုပါမြို့ရှိ ဗီလားမိသားစုလေး သစ်သီးခြံလေးတွင် ခြံလုပ်သားလုပ်၍ ငွေစုပြန်သည်။ ၁၈၈၆ တွင် ကင်းဆက်လွင်ပြင်သို့သွားကာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ပြန်သည်။ သူနေထိုင်သော ကင်းဆက်လွင်ပြင်၏ ဆောင်းဥတုတွင် အလွန်နီးသော လမ်းကိုပင် တနေရာ နှင့် တနေရာ ကြိုးတန်း၍သွားရသည်။ ထိုသို့ မသွားလျှင် ပိန်းပိတ်အောင် ကျနေသော ဆီးနှင်းများအကြား လမ်းမတွေ့ပဲ အသက်ပျောက်ရသောကြောင့်ဖြစ်သည်။
 
၁၈၈၈ နွေဦးတွင်အရှေ့ပိုင်းသို့ ထွက်ခွာခဲ့သည်။ [[အိုင်အိုဝါပြည်နယ်]]၊ ဝင်းတားဆတ်ရွာ တွင် ဟိုတယ် ထမင်းချက်ဝင်လုပ်ခဲ့သည်။ ထိုမြို့ဘုရားကျောင်းမှ ဓမ္မတေး သီဆိုသူ အမျိုးသမီးကြီးက အင်ဒီယာနိုလာမြို့ရှိ ဆင်ပလင်ကောလိပ် သို့တက်ရန်တိုက်တွန်းသည်။ ဆင်ပလင်သည် [[အေဘရာဟမ် လင်ကွန်း]] ၏ လူသားအားလုံး တန်းတူ အခွင့်အရေးကို ယုံကြည်သူဖြစ်သည်။သို့ဖြင့် ၁၈၉၀ စက်တင်ဘာလ ၉ ရက်နေ့တွင် စကားရင်းမြစ်ဗေဒ၊ သင်္ချာ နှင့် ပန်းချီပညာတို့ကို သင်ယူပြီး ကျောင်းဝင်းအပြင်တွင် ပင်းမင်းဆိုင် ဖွင့်ပြီး စားရိတ်ရှာခဲ့သည်။စရိတ်ရှာခဲ့သည်။ သူဝါသနာအလျှောက် ဆွဲထားသော ပန်းချီကားများကို ဆရာများက မြင်တွေ့ပြီး ငွေစိုက်ထုတ်ကာ အိုင်အိုဝါပြည်နယ်လုံးဆိုင်ရာ ပန်းချီပွဲတော်သို့ အတင်းအကျပ်တင်ရာ ၄ ကားလုံးဆုရသည့်အပြင် ကမ္ဘာ့ပန်းချီ ပြပွဲသို့ တင်သွင်းခြင်းခံရသည်။သတင်းစာများက ကာဗာကို ဂုဏ်ပြုရေးသားကြသည်။
 
၁၈၉၄ အသက် ၃၂ အရွယ်တွင် သိပ္ပံဘွဲ့ B.Sc ကို ရရှိခဲ့သည့်အပြင် အိုင်အိုဝါကောလိပ် ရုက္ခဗေဒစမ်းသပ်ခန်းတွင် လက်ထောက်ရုက္ခဗေဒဌာနမှူးရာထူးကို ရသည်။၁ ၈၉၆ တွင် စိုက်ပျိုးရေးနှင့် ဗက်တီးရီးယားဆိုင်ရာ ရုက္ခဗေဒဘာသာရပ်အတွက် မဟာသိပ္ပံဘွဲ့ကို ရရှိသည်။ ထိုအချိန်၌ အယ်ဘားမားပြည်နယ်၊ တပ်စကီးမြို့တွင် ဘွတ်၊ တီ ၊ ဝါရှင်တန် (Booker .T.Washinton) သည် လူမည်းများ