ဂျူးဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
→‎မိုင်မိုနိုက်၏အခြေခံသဘောတရားများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၂ -
တွင် မိုင်မိုနိုက်သည် ရိုးရိုးသားသား အမှားကျူးလွန်ထားသူ ဂျူးလူမျိုးများကို ဘာသာအယူဝါဒဆန့်ကျင် သူများကဲသို့ ပုံစံအမျိုးမျိုးခွဲခြားဖော်ပြထားသည်ဟု တင်ပြထားသည်။
အခြားသောသူများကလည်း မည် သည့်လွယ်ကူရှင်းလင်းသော ဂျူဒါအစ်ဇင်၏ အနှစ်သာရပို့ချချက် နည်းနာများပင်ဖြစ်စေ ဆန့်ကျင်လျက် ရှိသည်။ အမှန်တစ်ကယ်တွင် ဂျူဒါအစ်ဇင် ယုံကြည်သက်ဝင်မှုများစာရင်းကို လျှော့ချနေသလိုဖြစ်နေပြီး ဂျူးသမ္မာကျမ်းစာများအားလုံးကို လက်ခံသူအရေအတွက်လျော့နည်းစေနိုင်သည်ဟု ဖော်ပြငြင်းဆိုထားကြသည်။ ဤကိစ္စများနှင့်
တစ်ဆက်တည်းတွင် ရှေးခေတ်သမိုင်းပညာရှင် ဂျိုးဇက်ဖတ်စ် (Josephus) သည် ကျင့်ကြံမှုများနှင့် လိုက်နာမှုများကို ဘာသာယုံကြည်ခြင်းမျှသာထက်ပိုပြီး အလေးအနက်ထားဟြေဆိုထား သည်။ ဂျူးဥပဒေကို လိုက်နာမှု ပျက်ကွက်၍ ဘာသာစွန့်သွားသူများကို ပါဝင်လာစေရန်နှင့် ဘာသာကူး ပြောင်းလာသူများအတွက် လိင်တံထိပ်အရေဟြးဖြတ်ခြင်းနှင့်လိင်တံထိပ်အရေပြားဖြတ်ခြင်းနှင့် ရိုးရာဓလေ့စရိုက်များ စည်းကမ်းတကျရှိခြင်း တို့ပါဝင်သည်။ လိုအပ်ချက်များကို ဆက်လက်ထိန်းသိမ်းထားရမည်။
မိုင်မိုနိုက်၏အခြေခံသဘောတရားများသည် လာမည့် ရာစုနှစ်အနည်းငယ်အတွင်း များစွာ လျစ်လျူရူခြင်းခံရမည် ဖြစ်သည်။နောက်ပိုင်းတွင် ထိုအခြေခံသဘောတရားများကို သင့်လျော် မှန်ကန်စွာ ပြောင်းလဲဖော်ပြချက်နှစ်ခုဖြစ်သည့် “အာနီမအာမင်” နှင့် “ယစ်ဒဲ” ("Ani Ma'amin" and "Yigdal") တို့သည် များစွာသော ဂျူးဝတ်ပြုပွဲများတွင်တစုတဝေးတည်း ပါဝင်လာတော့မည်ဖြစ်ပြီး ၎င်းတို့ ၏ မျှော်လင့်ထားသော ကမ္ဘာ နှင့်အဝန်း လက်ခံလာမှုသို့ ရှေးရှုနေသည်။
မျက်မှောက်ခေတ်ကာလတွင် တိကျသောကာလ တိကျသော ဘာသာရေးတရားသေမူဝါဒကို ချမှတ် ပေးနိုင်သည့် ဗဟိုအာဏာပိုင်စနစ်သည် ဂျူဒါအစ်ဇင်တွင် မရှိဖြစ်နေသည်။ဤအကြောင်းကြောင့် အခြေခံယုံကြည်သက်ဝင်မှုများအပေါ် မူတည်လျက် များစွာသောမတူကွဲဟြး ခြားနားမှုများသည် ဂျူဒါအစ်ဇင်၏ မြင်ကွင်းအတွင်းတွင် စဉ်းစားတွေးတောစရာဖြစ်နေသည်။သို့ရာ တွင် အားလုံးသော ဂျူးဘာသာရေး လှုပ်ရှားမှုများသည် ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ ဟီဘရူး သမ္မာကျမ်းစာနှင့် တယ်လဲမတ် နှင့် ကက်ဘာလာ တို့ကဲ့သို့သော များစွာသော ရှင်းလင်းချက်များအပေါ် အခြေခံလျက်ရှိသည်။ ဂျူဒါအစ်ဇင်ကို ဘုရားသခင်နှင့် ဘိုးဘေးအေဗရာဟင် တို့ အကြား သမ္မာကျမ်းစာဝင်သဘောတူညီချက်ဟု ကမ္ဘာ နှင့်အဝန်းအသိအမှတ်ပြုထားသည်။ ထိုနည်းတူ စွာပင် ဂျူဒါအစ်ဇင်၏ အမြင့်မြတ်ဆုံးတမန်တော်ကြီး မိုးဇက် သို့ပြဆိုထားသည့်သဘောတူညီချက် ကိုလည်း သိမှတ်ပြုနာခံလျှက်ရှိသည်။ ရပ်ဘင်နစ် ဂျူဒါအစ်ဇင်၏ မဏ္ဍိုင် ပြဋ္ဌာန်းချက် မစ်နာ တွင် ဘုရားသခင်၏ ဤသဘောတူညီချက်ကို လက်ခံခြင်းသည် ဂျူဒါအစ် ဇင်၏ အနှစ်သာရသွင်ပြင်ဖြစ်သည်ဟု စဉ်းစားသုံးသပ်ထားပြီး သဘောတူညီချက်ကို ကန့်ကွက်သူများသည် ရောက်ရှိလာမည့် ကမ္ဘာတွင်ပြစ်ဒဏ်အဖြစ်ပေးဆပ်ခံရမည်။