ကက်သလစ် အသင်းတော်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၃ -
ကက်သလစ်တို့၏ ခရစ်ယာန်ယုံကြည်ခြင်းသည် နိုင်စန် ခရိ(ဒ်) (Nicene Creed) ဟုခေါ်သော ယုံကြည်ခြင်းအချုပ်ပေါ်တွင် အခြေခံထားသည်။ ကက်သလစ်အသင်းတော်သည် [[ခရစ်တော်၊ ယေရှု|ယေရှု ခရစ်တော်]] ကိုယ်တိုင် တည်ထောင်ထား၍ တစ်ခုတည်းဖြစ်သော၊ သန့်ရှင်းသော၊ တစ်လုံးတစ်ဝတည်းဖြစ်သော၊ တမန်တော်ကြီးများမှ ဆင်းသက်လာသော အသင်းတော်ဖြစ်ကြောင်း သွန်သင်သည်။ ဆရာတော်များသည် ခရစ်တော်၏ တမန်တော်များ အရိုက်အရာကို ဆက်ခံသောသူများ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးသည် တမန်တော်[[ရှင်ပေါလု]]၏ အရိုက်အရာကို ဆက်ခံသူဖြစ်သည်ဟု သွန်သင်သည်။ ကက်သလစ်အသင်းတော်သည် Sacred Tradition ဟုခေါ်သော အသင်းတော်၏ ထုံးထမ်းစဉ်လာဖြင့်၊ မူလခရစ်ယာန်ယုံကြည်ခြင်း (original Christian faith) နှင့် မမှားမယွင်းသောသွန်သင်ချက် (infallibility) ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
ကက်သလစ်အသင်းတော်တွင်
ကက်သလစ်အသင်းတော်တွင် အပျိုစင်မာရိအား ဘုရားရှင်၏မယ်တော် (Mother of God) နှင့် ကောင်းကင်ဘုံဘုရင်မ (Queen of Heaven) အဖြစ် သတ်မှတ်တင်မြောက်ကာ သဒ္ဓါကြည်ညိုကြသည်။ ကက်သလစ်သွန်သင်မှုတွင် ဂရုဏာရှင်ယေဇူး (Divine Mercy) အား ရိုသေလေးမြတ်ခြင်း၊ ဧဝံဂေလိသတင်းကောင်းဟောပြောခြင်း (evangelization of the Gospel) နှင့် ကက်သလစ်လူမှုဆက်ဆံရေးသွန်သင်ချက် (Catholic social teaching) များလည်း ပါဝင်သည်။ ကက်သလစ်လူမှုဆက်ဆံရေးသွန်သင်ချက်သည် နာမကျန်းသူများနှင့် ဆင်းရဲသားများ အကူအညီပေးခြင်းကဲ့သို့သော စေတနာ့ဝန်ထမ်းအလုပ်များနှင့် သနားဂရုဏာလုပ်ငန်းများ ဖြစ်သည်။ ကက်သလစ်အသင်းတော်သည် ကမ္ဘာ့အကြီးဆုံး ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့ပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း ဖြစ်သည်။
|