နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎စ‌‌ီးပွားရေး: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၁ -
 
 
၂၀၁၆ ခုနှစ် စာရင်းများအရ နယ်သာလန်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ ဂျာမနီနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ယူနိုက်တက် ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ အီတလီ၊ တရုတ်နှင် ရုရှားနိုင်ငံတို့ဖြစ်သည်။<ref>{{cite web|title = The World Factbook|url = https://www.cia.gov/library/publications/the-world-factbook/geos/nl.html|website = www.cia.gov|accessdate = 22 April 2015}}</ref> ထို့ပြင် နယ်သာလန်နိုင်ငံသည် ကမ္ဘာ့ပို့ကုန်ထိပ်သီး ၁၀ နိုင်ငံတွင်လည်း ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားသောက်ကုန်လုပ်ငန်းသည် ကုန်ထုတ်လုပ်ငန်း၏ အကြီးမားဆုံးသော အစိတ်အပိုင်းဖြစ်ပြီး အခြားသော အဓိကကုန်ထုတ်စက်မှုလုပ်ငန်းများမှာ ဓာတုပစ္စည်းလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ စက်ပစ္စည်းအစိတ်အပိုင်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ခရီသွားလုပ်ငန်းတို့ဖြစ်သည်။ နိုင်ငံတကာတွင် ကုမ္ပဏီခွဲများထားရှိလုပ်ဆောင်နေသော ဒတ်ချ်ကုမ္ပဏီများကို ဥပမာအဖြစ် ထုတ်နှုတ်ပြရလျှင် [[:en:Randstad Holding|Randstad]]၊ [[:en:Unilever|Unilever]]၊ [[:en:Heineken International|Heineken]]၊ [[:en:KLM|KLM]]၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် [[:en:ING Group|ING]]၊ [[:en:ABN AMRO|ABN AMRO]]၊ [[:en:Rabobank|Rabobank]]၊ ဓာတုပစ္စည်းလုပ်ငန်းများတွင် [[:en:DSM (company)|DSM]], [[:en:AkzoNobel|AKZO]]၊ ရေနံသန်စင်မှုလုပ်ငန်းများတွင်ရေနံသန့်စင်မှုလုပ်ငန်းများတွင် [[:en:Royal Dutch Shell|Royal Dutch Shell]]၊ အီလက်ထရောနစ်ပစ္စည်းလုပ်ငန်းတွင် [[:en:Philips|Philips]]၊ [[:en:ASML Holding|ASML]]၊ ဂြုဟ်တုဖြင့် သွားလာမှုညွှန်ပြသော ကုမ္ပဏီအဖြစ် [[:en:Tom Tom|Tom Tom]] တို့ဖြစ်ကြသည်။
 
 
စာကြောင်း ၉၇ -
 
 
 
နယ်သာလန်နိုင်ငံသည် ဂီနီညွှန်းကိန်း(GINI coefficient)အရကြည့်မည်ဆိုလျှင်လည်း အလွန်နည်းပါးပြီး ၀.၃၂၆ သာ ရှိသည်။ နိုင်ငံသားအလိုက် ဂျီဒီပီမှာ ၇ နိုင်ငံမြောက် အမြင့်ဆုံးတွင်ရှိသော်လည်း ယူနီဆက်(UNICEF) ၏ ချမ်းသာသော နိုင်ငံများတွင် ကလေးများအတွက် သုခပြည့်စုံမှု၌ အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး အဆင့် ၁ နေရာတွင် ရှိနေသည်။ စီးပွားရေးလွတ်လပ်ခွင့် ညွှန်းကိန်း(Index of Economic Freedom)အရ လွတ်လပ်သော ဈေးကွက် အရင်းရှင်စီးပွားရေးတွင် ၁၅၇ နိုင်ငံအား တိုင်းတာခဲ့ရာတွင် အဆင့် ၁၃ ရှိသော နိုင်ငံဖြစ်သည်။
 
 
 
အမ်စတာဒမ်သည် နယ်သာလန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ မြိုတော်ဖြစ်သည်။ Euronext ၏ အစိတ်အပိုင်းဖြစ်သော အမ်စတာဒမ်စတော့အိတ်ချိန်း(Amsterdam Stock Exchange, AEX)သည် ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံး စတော့အိတ်ချိန်းဖြစ်ပြီး ဥရောပ၏ အကြီးဆုံးစတော့အိတ်ချိန်းများထဲမှညတစ်ခုဖြစ်သည်။ စတော့အိတ်ချိန်းသည် မြို့တော်၏ အလယ် ဒမ်ရင်ပြင်(Dam Square)အနီးတွင် တည်ရှိသည်။ ယူရိုငွေကြေးကို တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နယ်သာလန်နိုင်ငံသည် ၎င်း၏ ယခင်ငွေကြေးဖြစ်သော "ဂီဒါ"နှင့် လဲလှယ်ခြင်းကို အခြားသော ထောက်ခံသူ ၁၅ နိုင်ငံနှင့်အတူ လဲလှယ်ခြင်းကို ၁ ဇန်နဝါရီ ၁၉၉၉ တွင် ဆောင်ရွက်ခဲ့ပြီး အမှန်တကယ် အသုံးပြုခြင်းကို ၁ ဇန်နဝါရီ ၂၀၀၂ ခုနှစ်တွင် ဆောင်ရွက်နိုင်ခဲ့သည်။ ၁ ယူရိုသည် ဒတ်ခ်ျဂီဒါ ၂.၂၀၃၇၁ နှင့် ညီမျှသည်။ ကာရစ်ဘီယံနယ်သာလန်တွင် အမေရိကန်ဒေါ်လာကို ယူရိုအစား အသုံးပြုကြပါသည်။
 
[[File:BlueEurozone.svg|thumb|left|The Netherlands is part of a monetary union, the [[:en:Eurozone|Eurozone]] (dark blue), and the [[:en:Internal Market (European Union)|EU single market]].]]
 
 
 
ဥရောပ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သော ရော်တာဒမ်ဆိပ်ကမ်းတည်ရှိရာ နယ်သာလန်နိုင်ငံ၏ တည်နေရာသည် ဂျာမနီနှင့် ယူနိုက်တက်ကမ်းဒမ်းအကြား ဈေးကွက်ချိတ်ဆက်ပေးရာ နေရာပင်ဖြစ်သည်။ စီးပွား‌ရေး၏ အခြားသော အရေးပါသည့် အစိတ်အပိုင်းမှာ နိုင်ငံတကာကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးတို့ဖြစ်သည်။ အမ်စတာဒမ်မြို့သည် နိုင်ငံတကာ ခရီးသွားဧည့်သည် ၄.၂ မီလီယံကျော် လာရောက်လည်ပတ်သည့် ဥရောပ၏ ၅ နေရာမြောက် ခရီးသွားထူထပ်ဆုံးသော မြို့ဖြစ်သည်။<ref name="42milvisitors">{{cite web|url=http://www.ez.amsterdam.nl/page.php?page=9&menu=27 |title=Amsterdam en de wereld: Toerisme en congreswezen |accessdate=၁၉ ဇွန် ၂၀၂၀ |url-status=dead |archiveurl=https://web.archive.org/web/20090215160103/http://www.ez.amsterdam.nl/page.php?page=9&menu=27 |archivedate=15 February 2009 }}. ez.amsterdam.nl</ref> ဥရောပသမဂ္ဂ၏ ရွေ့ပြောင်းလုပ်သားများ တိုးပွားလာမှုကြောင့် ဗဟိုနှင့် အရှေ့ဥရောပမှ ရွေ့ပြောင်းလုပ်သားများ နယ်သာလန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြပါသည်။<ref>{{cite news |url=http://uk.reuters.com/article/2012/02/10/uk-dutch-immigrants-idUKTRE8191ML20120210 |title= Dutch allow Wilders' anti-Pole website, EU critical | work= Reuters | date=10 February 2012 |first=Gilbert |last=Kreijger}}</ref>
 
 
 
နယ်သာလန်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွင် ထိပ်ဆုံးနိုင်ငံများမှ တစ်နိုင်ငံအဖြစ် ဆက်လက်ဦးဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် ရင်နှီးမြုပ်နှံမှု အကြီးမားဆုံးသော နိုင်ငံကြီး ၅ နိုင်ငံမှ တစ်နိုင်ငံဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် စီးပွားရေးနှေးကွေးလာမှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၆ ခုနှစ်တွင် ပို့ကုန်တိုးမြှင့်မှုနှင့် ရင်းနှီးမြုပ်နှံမှု ခိုင်မာခြင်းတို့ကြောင့် ခြောက်နှစ်အတွင့် အမြင့်ဆုံးနေရာသို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အရ နယ်သာလန်နိုင်ငံသည်ယှဉ်ပြိုင်နိုင်မှု စီးပွားရေးအရှိဆုံး စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။<ref name="wefcomp">{{cite web|url=http://www.weforum.org/issues/global-competitiveness |title=Global Competitiveness Report 2012–2013 |publisher=World Economic Forum |date=5 September 2012 |accessdate=၁၉ ဇွန် ၂၀၂၀ |url-status=dead |archiveurl=https://web.archive.org/web/20141210040419/http://www.weforum.org/issues/global-competitiveness |archivedate=10 December 2014}}</ref>
 
=== သဘာဝဓာတ်ငွေ့ ===
=== စိုက်ပျိုးမွေး‌မြူရေးနှင့် သဘာဝအရင်းအမြစ်များ ===
=== သယ်ယူပို့ဆောင်ရေး ===
၁၉၅၀ ခုနှစ်များကတည်းကစ၍ ဒတ်ချ်လမ်းမများ​ပေါ်တွင် သွားလာလှုပ်ရှားမှု မြင့်တက်များပြားလာခဲ့ကာ ယခုအချိန်တွင် တစ်နှစ်တွင် ကီလိုမီတာ ၂၀၀ ဘီလီယံ​ကျော်<ref>{{cite press release |title=SWOV Fact sheet | Mobility on Dutch roads |url=http://www.swov.nl/rapport/Factsheets/UK/FS_Mobility.pdf |archive-url=https://web.archive.org/web/20100415044922/http://www.swov.nl/rapport/Factsheets/UK/FS_Mobility.pdf |url-status=dead |archive-date=15 April 2010 |location=Leidschendam, the Netherlands |publisher=SWOV, Dutch Institute for Road Safety Research |date=July 2013 |accessdate=၁၀ ​မေ ၂၀၂၀ }}</ref>မျှ သွားလာကြပြီး ​လေးပုံသုံးပုံမှာ ကားဖြင့်သွားလာကြသည်ကို ​တွေ့ရသည်။<ref name="OECD-ITF">{{cite report |last1=Waard |first1=Jan van der |last2=Jorritsma |first2=Peter |last3=Immers |first3=Ben |date=October 2012 |title=New Drivers in Mobility: What Moves the Dutch in 2012 and Beyond? |url=http://www.internationaltransportforum.org/jtrc/DiscussionPapers/DP201215.pdf |location=Delft, the Netherlands |publisher=Organisation for Economic Co-operation and Development International Transport Forum |accessdate=၁၀ ​မေ ၂၀၂၀ |url-status=dead |archiveurl=https://web.archive.org/web/20130117223717/http://internationaltransportforum.org/jtrc/DiscussionPapers/DP201215.pdf |archivedate=17 January 2013 }}</ref>နယ်သာလန်နိုင်ငံတွင်းရှိ ခရီးအားလုံး၏ ထက်ဝက်ခန့်မှာ ကားဖြင့်သွားကြခြင်းဖြစ်ပြီး ၂၅%မှာ စက်ဘီးဖြင့်၊ ၂၀%မှာ လမ်း​လျှောက်၍ သွားကြပြီး ၅% နှုန်းမှာ အများပြည်သူ သယ်ယူပို့​ဆောင်​ရေးကို အသုံးပြုကြသည်။<ref name="OECD-ITF"/>