ဘီလူးပန်းဆွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၄ -
===သီဝနှင့် ရာဟုအသူရာ ဇာတ်လမ်း===
နောက်ထပ်ဇာတ်လမ်းတစ်ခုမှာ ဤသို့ဖြစ်သည်။
ဇလန္တခေါ်အသူရာသည် ယောဂအကျင့်ကို လုံလစိုက်ကာ ပြင်းထန်စွာအားထုတ်သဖြင့် သိဒ္ဓိတန်ခိုးအမျိုးမျိုးဖြင့် ပြည့်စုံလေးသည်။ပြည့်စုံလေသည်။ ထိုအခါ မာန်မာန ထောင်လွှားပြီး သီဝနတ်မင်းကိုပင် ပမာမခန့်ပြုလာသည်။ သီဝ၏ ကြင်ယာတော်လောင်း ပဗ္ဗတီနတ်သမီးကို လိုချင်နှစ်သက်၍ တမန်စေ၍ ပဗ္ဗတီကို တောင်းရမ်းလက်ထပ်ရန် စကားကမ်းလှမ်းခိုင်းသည်။ သူစေလွှတ်သောတမန်ကား ရာဟုအသူရာပင်ဖြစ်သည်။ တမန် ရာဟုအသူရာ၏ စကားကိုကြားသောအခါ သီဝနတ်မင်းသည် ဒေါသအမျက်ပြင်းစွာထွက်၍ သူ၏ နဖူးအလယ်ခေါင် (အာဇဉာစကြ)နေရာမှ ဆင်ခေါင်းနှင့် နတ်ဘီလူးတစ်ကောင်ကို ဖန်ဆင်းလိုက်သည်။
 
ထိုဘီလူ၏ထိုဘီလူး၏ ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ ကြောက်ခမန်းလိလိဖြစ်သည်။ မျက်လုံးသည် မီးတောက်မီးလျှံကဲ့သို့ အလျှံတညီး⁠ညီးထွန်းလင်းလျက်ရှိသည်။ လည်ဆံမွေးတို့သည်လည်း စကြာစဠာအနှံ့ဖြန့်ကျက်မိုးလျက်ရှိသည့် အသားစားကျူးသည် မဟာဧရာမဘီလူးကြီးဖြစ်လေသည်။ ထိုဘီလူးကြီးကို မြင်ရသောအခါ ရာဟုအသူရာသည် အားကိုးရာမရ တုန်လှုပ်ချောက်ချားကာ သီဝနတ်မင်းထံ အသက်ဘေးမှ ချမ်းသာပေးပါရန် တောင်ပန်ရလေသည်။ သတ္တဝါတို့ကို သနားညှာတာတတ်သူမဟာကရုဏာရှင် သီဝနတ်မင်းကြီးသည် လောကကို အစဉ်စောင့်ရှောက်သူဖြစ်သောကြောင့် အသက်ချမ်းသာခွင့်ပြုခဲ့သည်။
 
သို့သော် အသားစားကြူးသည့် ထိုဘီလူးအတွက် အသားလိုသည်။ ထို့ကြောင့် ရာဟုအသူရာ၏ လက်နှစ်ဖက်၊ ခြေအစုံကို အကုန်စားစေရန် သီဝနတ်မင်းက ဘီလူးကြီးကို အမိန့်ပေးလေးသည်။ ဘီလူးကြီးက စားကောင်း⁠ကောင်းနှင့် စားလိုက်ရာ ကိုယ်လုံးပါကုန်၍ ဦးခေါင်းသာကျန်တော့သည်။ ထိုအခါ သီဝနတ်မင်းက ရာဟုအသူရာခေါင်းပြတ်ကို "သင့်အား ယနေ့မှစ၍ ကိတ္တိမုခဟု ခေါ်တွင်ကြစေ။ ငါစံမြန်းရာ ဗိမာန်နန်းတွင် အမြဲမပြတ် စောင့်ကြပ်ရမည့် ဒွါရပါလတံခါးစောင့်အရာတည်စေ" ဟု အမည်ပေးကာ တာဝန်ပေးအပ်ခဲ့သည်။