ဗိုလ်ချုပ်အောင်ဆန်းလမ်း: တည်းဖြတ်မှု မူကွဲများ

"File:Bogyoke Aung San Road, Yangon.JPG|t..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
ထပ်မံဖြည့်စွတ်ခြင်းဖြစ်သည်။
 
စာကြောင်း ၁ -
[[File:Bogyoke Aung San Road, Yangon.JPG|thumb|Right|ဗိုလ်ချုပ်အောင်ဆန်းလမ်း]]
'''ဗိုလ်ချုပ်အောင်ဆန်းလမ်း'''သည် [[ရန်ကုန်မြို့]]တောင်ပိုင်းတွင်ရှိသော အဓိကလမ်းမကြီးတစ်ခုဖြစ်ပြီး အနောက်မှ အရှေ့သို့သွယ်တန်းထားကာ [[မဟာဗန္ဓုလလမ်း]]နှင့်အပြိုင် တည်ရှိသည်။ ထိုလမ်းပေါ်တွင် ဆေးရုံများ၊ [[အ.ထ.က(၁)လသာ|အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (လသာ)]](ယခင် စင်ထရယ်ကျောင်း)၊ [[အ.ထ.က(၂)လသာ|အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (လသာ)]] (ယခင် စိန့်ဂျွန်းကွန်ဗင့်ကျောင်း) နှင့် [[ရန်ကုန်ပြည်သူ့ဆေးရုံကြီး]] တို့ တည်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ကိုလိုနီခေတ်ကာလက အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ရန်ကုန်မြို့၌ ပထမဆုံးခန့်အပ်ခြင်း ခံခဲ့ရသည့် ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာ နေထိုင်ရာလမ်းဖြစ်သဖြင့် ကော်မရှင်နာလမ်း (Commissioner Road) ဟုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ရန်ကုန်သို့ ဆာဂျင်ရာထူးဖြင့် ရောက်ရှိလာခဲ့သူ မောင့်ဂိုမာရီကို အစွဲပြု၍ လမ်းအရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်း (Montgomerie) ဟုလည်းကောင်း ခေါ်ဆိုကြသည်။ လွပ်လပ်ရေးရရှိပြီးအချိန်တွင် ဗိုလ်ချုပ်လမ်းဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ (၃.၄.၁၉၅၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းဟု အမည်ပြောင်းလဲခဲ့သည်။
 
 
 
[[Category:ရန်ကုန်မြို့ရှိ လမ်းများ]]