သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၁ -
အင်းဝသို့ကြွရောက်ရန် ဒကာ၊ ဒကာမများကို နှုတ်ဆက်သည့်အခါတွင်လည်း တားမြစ်ကြသော်လည်း သွားလိုသည့် ဆန္ဒပြင်းပြနေ၍ ခွန်းတုံ့ပင် မပြန်နိုင်တော့ဘဲ ပါရမီတော်ခန်း ပျို့ကဗျာကြီးကို ကမ္ပလွေစာထုပ်တွင်ထည့်ကာ ၎င်းနှစ်မှာပင် အင်းဝမြို့သို့ သွားရောက်ခဲ့သည်။
 
ခရီးထွက်ခဲ့ရာ ဦးစွာ ပင်းယမြို့သို့ရောက်ရှိပြီး ခေတ္တတည်းခိုသီတင်းသုံးခဲ့သည်။ ထို့နောက် ဆက်လက်ခရီးဆက်ခဲ့ရာ အင်းဝမြို့တော်အနီး [[တံတားဦး]] အရပ်သို့ ချောမောစွာ ရောက်ရှိခဲ့သည်။ တံတားဦးသို့ ရောက်သောအခါ "တောင်တွင်းရှင်သီလဝံသမထေရ်သည် အင်းဝနေပြည်တော်သို့ ကြွလာတော်မူသည်" ဟု အင်းဝမြို့တွင်း သတင်းပျံ့နှံ့ကာ လူအများသည် ဆရာတော်ထံ လာရောက်တွေ့ဆုံ မေးမြန်းခဲ့ကြသည်။ ထို့နောက် ခေတ်ပြိုင်စာဆိုဖြစ်လာမည့် ရှင်ရဋ္ဌသာရသည်လည်းရှင်မဟာရဋ္ဌသာရသည်လည်း ဆရာဖြစ်သူ၏ တိုက်တွန်းချက်အရ လာရောက်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ အင်းဝသို့ ရောက်ရှိ သီတင်းသုံးသောအခါ အသက် ၄၀ ခန့်ပင် ရှိပြီဖြစ်သည်။
 
==မင်းဆရာဖြစ်ခြင်း==