သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၇ -
 
== စာပေလက်ရာများ ==
ပျို့များအပြင် ရှင်မဟာသီလဝံသသည် မော်ကွန်းများကိုလည်း ရေးသားသေးသည်။ ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၅၈ ခုနှစ် ဒုတိယမင်းခေါင် လက်ထက်တွင် တံတားဦးတည် မော်ကွန်းကို ဖွဲ့ဆိုသည်။ တံတားဦးရပ်တွင် ဒုတိယမင်းခေါင် တည်ထားကိုးကွယ်တော်မူသော မင်္ဂလာ စေတီတော်ကို ဖွဲ့ဆိုခြင်းဖြစ်သည်။ သို့သော် ၁၂ ပိုဒ်မျှ ပြီးစီးသည့်ကာလ ထိုတံတားဦးတည် မော်ကွန်းကို ရှင်မဟာ ရဋ္ဌသာရ ရေးသားစီရင် ပြီးစီး ကြောင်း သိသောအခါ ဆက်လက်မရေးသားတော့ဘဲ ရေးပြီး ၁၂ ပိုဒ်ကို ချေဖျက်စေသည်တွင် တပည့်ရဟန်းများ က ကူးယူသိမ်းဆည်းထားကြလေသည်။ ယင်းမော်ကွန်းတွင် ရှင်မဟာသီလဝံသသည် ဒုတိယ မင်းခေါင်းအားမင်းခေါင်အား ဗုဒ္ဓအလောင်းအလျာသဖွယ်ထား၍ သတ္တဝါတို့ကို ကယ်မတော်မူနိုင်သည့် ဘုရားစင်စစ်ဖြစ်မည့် အကြောင်းကို ခမ်းနားနက်နဲသော စကား ဥပမာ ဥပစာတို့ဖြင့်
တန်ဆာဆင်ကာ ရေးသားဖွဲ့ဆိုထားလေသည်။ ဘုရားအဖြစ်ကို ရရှိဖို့ရာ ပါရမီတော်ကို ဖြည့်ကျင့်ရန် ကြံတော်မူမည့်အကြောင်း နှင့် ဆုတောင်းတော်မူသော အကြောင်းအရာများကို ကဗျာ့ကဝိကြီး ပီသစွာ ဥပစာတင်စား၍ သုံးပုံမှာလည်း လွန်စွာ ကောင်းမွန်လှသည် ဖြစ်ရကား ရှင်မဟာ သီလဝံသ၏ ကဗျာ့အာဘော်ကို မီအောင်ပင် နောက်ဆရာများ မလိုက်နိုင်ကြ ပေ။ ဤမော်ကွန်းအပြင် အခြား မော်ကွန်းတို့ကား မိတ္ထီလာ (သျှိသျှား) ကန်တော်ဘွဲ့မော်ကွန်း၊ ရွှေနန်းတည် မော်ကွန်းတို့ဖြစ်၏။