မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၄ -
===မဟာစည်ဆရာတော်===
 
၁၃၀၃ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲ၌ ဝင်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃လကျမ်းနှင့်၃ ကျမ်းနှင့် ဂုဏ်ထူး ၅ ကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော်မူ၍ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။
 
ဒုတိယကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃ ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ်ရွာ ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သောအခါတိုင်း ဝိပဿနာလုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထွန်းကားလာခဲ့ပါသည်။ ထိုအခါက သီတင်းသုံးရာဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော်ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။