ဗညားဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၈ -
 
== ဇင်းမယ်စစ် ==
ဗညားဦး နန်းတက်ပြီး သုံးနှစ်အကြာ သက္ကရာဇ် ၇၁၃တွင် စောအဲဒိတ် နှင့် ဗေါကြယ်တို့ ဒုန်ဝန်းတွင် ပုန်စားသဖြင့် လိုက်လံနှိမ်နင်းရာ စောအဲဒိတ် နှင့် ဗေါကြယ်တို့ အရေးနိမ့်ပြီး ဇင်မယ်သို့ဝင်ပြေးကြသည်။ဇင်းမယ်သို့ဝင်ပြေးကြသည်။ ၎င်းတို့နှစ်ဦး၏ ကုန်းချောမှုကို ယုံ၍ ထိုနှစ်တွင်ပင် ဇင်းမယ်မင်းသည် မုတ္တမကို လုပ်ကြံစေ၏။ မြို့ငယ်များကျ၍ ရှမ်းတို့သည် မုတ္တမကို တစ်လ၊နှစ်လမျှ ဝန်းရံထားလေသည်။
 
ထိုအခါ ဗညားဦး၏ ဆင်ဖြူတော်သည် ရှင်ဘုရင်အား အိပ်မက်ပေးလေ၏။ အိပ်မက်အတိုင်း လုပ်လေသော် ဇင်းမယ်ရှမ်းစစ်သည်တို့လည်း ကစဥ့်ကလျား ပြေးလွှား၍တပ်ပျက်လေ၏။ ဆင်ဖြူတော်၏ တန်ခိုးကြောင့် ဇင်းမယ်စစ်ကို အနိုင်ရခြင်းဖြစ်လေ၏။ သုံ့ပန်း၊ ဆင်မြင်း၊ အမြောက်၊ သေနတ် များစွာရလိုက်လေ၏။