မာရကက်ရှ်မြို့: တည်းဖြတ်မှု မူကွဲများ

"{{Infobox settlement |name..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၄၆ -
|footnotes = {{Notelist}}
}}
 
'''မာရကက်ရှ်မြို့''' သည် [[မော်ရိုကိုနိုင်ငံ]]ရှိ စတုတ္ထမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ အလယ်-အနောက်တောင်ပိုင်းဒေသ မာရကက်ရှ်-ဆာဖီ၏ မြို့တော်လည်း ဖြစ်သည်။ အက်တလပ်တောင်ကုန်းများ၏ အနောက်ဖက် တောင်ခြေတွင် တည်ရှိသည်။ မာရကက်ရှ်မြို့သည်. တန်ဂျီယာမြို့၏ အနောက်တောင်ဘက် {{convert|580|km|abbr=on}} အကွာ၊ မော်ရိုကိုနိုင်ငံမြို့တော် ရာဘတ်မြို့၏ အနောက်တောင်ဘက် {{convert|327|km|abbr=on}} အကွာ၊ ကာဆာဘလန်ကာမြို့၏ တောင်ဘက် {{convert|239|km|abbr=on}} အကွာ နှင့် အဂါဒီယာမြို့၏ အရှေ့မြောက်ဘက် {{convert|246|km|abbr=on}} အကွာတွင် တည်ရှိသည်။
 
ထိုဒေသတွင် ကျောက်ခေတ်သစ် ကာလကတည်းက ဘာဘာလူမျိုးများ အခြေချ နေထိုင်ခဲ့ကြသည်။ မြို့တော်အား ၁၀၆၂ ခုနှစ်တွင် အယ်လ်မိုရာဗစ် ဘုရင် ယူစွပ် အီဘင် တက်ရှ်ဖင် ၏ ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ လူမျိုးစုခေါင်းဆောင် အဘူ ဘာကာ အီဘင် အူမာ မှ အယ်မိုရာဗစ် ဧကရာဇ်နိုင်ငံတော်၏ နန်းမြို့အဖြစ် တည်ထောင်ခဲ့သည်။ထိုမြို့သည် မော်ရိုကိုနိုင်ငံရှိ နန်းမြို့ ၄ မြို့တွင် တစ်မြို့ အပါအဝင် ဖြစ်သည်။ ၁၂ ရာစုအတွင်း အယ်မိုရာဗစ်တို့သည် မက်ဒရာဆာခေါ် ကိုရ်အန်တရားစာကျောင်း များ နှင့် ဗလီများကို မာရကက်ရှ်တွင် တည်ထောင်ခဲ့ပြီး အန်ဒါလူရှားတို့၏ လွှမ်းမိုးမှုကို ပြသနေသည်။ ၁၂၂၂-၁၂၂၃ တွင် အလီ အီဘင် ယူစွပ်မှ တည်ဆောက်ခဲ့သော တံတိုင်းနီခတ်ထားသောမြို့ နှင့် ထိုကာလအတွင်း အနီရောင်သဲကျောက်များဖြင့် တည်ဆောက်ခဲ့သော အခြား အဆောက်အဦးများကြောင့် မြို့တော်အား မြို့တော်နီ ဟု တင်စား ခေါ်ဝေါ်ခြင်း ခံရသည်။ မာရကက်ရှ်မြို့သည် အလျင်အမြန်ပင် တိုးတက်လာခဲ့ပြီး မာဂရပ်ဗ်ဒေသ နှင့် ဆာဟာရတောင်ပိုင်း ဒေသတို့တွင် ယဉ်ကျေးမှု၊ ဘာသာရေး နှင့် ကုန်သွယ်ရေး အချက်အခြာနေရာ အဖြစ် တည်ထောင်နိုင်ခဲ့သည်။​ ဂျီမား အယ်လ်-ဖာနာ သည် အာဖရိက၏ လူအများဆုံး​ စုဝေးရာ ရင်ပြင်တစ်ခု ဖြစ်လာခဲ့သည်။
 
မြို့၏ အနေအထား ဆုတ်ယုတ်လာပြီးနောက် မြို့တော်အား ဖက်ဇ်မြို့မှ ကျော်တက်သွားခဲ့သည်။ သို့သော် ၁၆ ရာစု အစောပိုင်းတွင် မာရကက်ရှ်သည် နိုင်ငံ၏ မြို့တော် ဖြစ်လာခဲ့ပြန်သည်။ မြို့တော်သည် ချမ်းသာကြွယ်ဝသော ဆာဒီယန်မျိုးနွယ်စု စူလတန်များ ဖြစ်ကြသော အဘူ အက်ဘ်ဒယ်လာ အယ်လ်-ကွိမ်း နှင့် အာမက် အယ်လ်မန်ဆာ တို့ကြောင့် ပြန်လည် တောက်ပလာခဲ့ပြီး သူတို့မှ မြို့တော်အား တောက်ပထယ်ဝါသော အယ်ဘာဒီ နန်းတော် (၁၅၇၈) ကဲ့သို့သော နန်းတော်များဖြင့် တန်ဆာဆင်ခဲ့ရုံသာမက ပျက်စီးနေသော အထိမ်းအမှတ် အဆောက်အဦးများကိုလည်း ပြန်လည် ပြုပြင်ခဲ့သည်။ ၁၇ ရာစု အတွင်းတွင် မာရကက်ရှ်တွင် မြှုပ်နှံထားသော နာယကသူတော်စင် ၇ ပါး ကြောင့် ဆူဖီ မွတ်စလင် ဘုရားဖူးများကြားတွင် ထင်ရှားလာခဲ့သည်။ ၁၉၁၂ တွင် မော်ရိုကိုသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ်တည်ထောင်ခဲ့ပြီး သာမီ အယ်လ် ဂလာအိုရီသည် မာရကက်ရှ်၏ ပါရှာ ခေါ် နန်းရင်းဝန် ဖြစ်လာခဲ့သည်။ သူသည် ထိုရာထူးအား ရယူထားခဲ့သည်မှာ ၁၉၅၆ ခုနှစ်တွင် မော်စကိုနိုင်ငံ လွတ်လပ်ရေး ရရှိပြီး ဘုရင်စနစ်ကို ပြန်လည်ထူထောင်သည့် ၁၉၅၆ ခုနှစ် အထိပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မာရကက်ရှ် မြို့တော်ဝန်ဖြစ်သော ဖာတီမာ ဇာရာ မန်ဆိုရီသည် မော်ရိုကိုတွင် ဒုတိယမြောက် ရွေးချယ်ခံမြို့တော်ဝန် အမျိုးသမီး ဖြစ်လာခဲ့သည်။
 
မာရကက်ရှ်မြို့တွင် ဈေးသည်များ နှင့် သူတို့၏ ဈေးဆိုင်များဖြင့် ပြွတ်သိပ်နေသော တံတိုင်းကာထားသည့် မြို့ဟောင်း ရှိသည်။​ထိုမြို့ဟောင်း နေရာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် ဖြစ်သည်။<ref>{{Cite web|url=https://whc.unesco.org/en/list/331|title=Medina of Marrakesh|accessdate=26 January 2018|publisher=UNESCO World Heritage Centre}}</ref> ယနေ့အချိန်တွင် ၎င်းသည် အာဖရိက၏ လူအစည်ဆုံး မြို့တော်တစ်ခုဖြစ်ပြီး အဓိက စီးပွားရေး ဌာန နှင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအား မော်ရိုကိုနိုင်ငံ ဘုရင် ဆဋ္ဌမမြောက် မိုဟာမက်မှ တိုက်တွန်း အားပေးပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည်ဦးရေအား ၂ ဆတိုး၍ သန်း ၂၀ အထိ ဆွဲဆောင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်လျှက် ရှိသည်။ စီးပွားရေးကျဆင်းမှုများ ရှိသော်လည်း မာရကက်ရှ်ရှိ အိမ်ခြံမြေ အဆောက်အအုံ ဖွံ့ဖြိုးမှုနှင့် ဟိုတယ် တည်ဆောက်မှုများမှာ ၂၁ ရာစုတွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။ မာရကက်ရှ်သည် ပြင်သစ်များကြားတွင် အထူးသဖြင့် ရေပန်းစားပြီး ပြင်သစ် နာမည်ကျော် အနုပညာရှင် အတော်များများမှာ မြို့တော်တွင် ပိုင်ဆိုင်သည့် နေအိမ် အဆောက်အဦး စသည်ဖြင့်​ရှိကြသည်။