လူသား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 1.46.97.142 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Dr Lotus Black ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၇၇ -
ကျောက်ခေတ်များ ကုန်ဆုံးပြီးနောက်တွင်ကား သတ္တုခေတ်သို့ ရောက်ရှိလာသည်။ လူတို့ ပထမဦးစွာ အသုံးပြုသော သတ္တုကိရိယာများမှာ ကြေးနီဖြင့်လုပ်သော ကိရိယာတန်ဆာပလာများဖြစ်သည်။ ကြေးနီခေတ် ကုန်ဆုံးသွားသည့်နောက် နှစ်ပေါင်း ၁၅ဝဝ မျှကြာသောအခါ ကြေးဝါ ခေတ်သို့ ရောက်ရှိလာသည်။ သံကိုမူ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်ကမှသာ ဥရောပတိုက်တွင် စတင်အသုံးပြုခဲ့ကြလေသည်။ ယင်းသို့အားဖြင့် သိပ္ပံပညာရှင်ကြီးများ စုံစမ်းရှာဖွေရရှိသော ပါဏဗေဒနှင့် ဘူမိဗေဒဆိုင်ရာ အထောက်အထားများကို ထည့်သွင်းစဉ်းစားသောအခါ လူသည် မိမိထက်နိမ့်ကျသော သတ္တဝါတစ်ခုမှ တဖြည်းဖြည်းပြောင်းလဲဆင်းသက်လာသည်ဟူသော အဆုံးသတ်အဖြေ ရရှိလေသည်။ ထို့အပြင် ယနေ့သိရှိကြသည့်အတိုင်း လူမျိုးများသည် တဖြည်းဖြည်း ပြောင်းလဲလာခြင်းမှ ပေါက်ဖွားလာသည် ဟူသောအချက်ကို ရရှိလေသည်။ သို့ရာတွင် ယခုခေတ်လူများ ဖြစ်ပေါ်ပုံအစနှင့် တိမ်ကောသွားပြီဖြစ်သော မျောက်ဝံတစ်မျိုး၏ သဏ္ဌာန်အကြားတွင် မည်သို့ဖြစ်ပျက်သည်ဟူသော အထောက်အထားများကိုမူ ယခုထက်တိုင်စုံစမ်းရှာဖွေ၍ မရသေးချေ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
= ကိုးကား =
=ေဇာ္ဂ်ီး =
{{Reflist}}