ကက်ကူအန်း: တည်းဖြတ်မှု မူကွဲများ

"{{Infobox ကမ္ဘာ့အမွေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၇:၁၅၊ ၂၅ ဇွန် ၂၀၂၀ ရက်နေ့က မူ

ကက်ကူအန်း သို့မဟုတ် ကာကူအန်း သည် တူနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ရှေးဟောင်းပြူးနစ်မြို့တော် တစ်ခုဖြစ်ပြီး ဘွန်းအငူအနီးတွင် တည်ရှိသည်။ ဤဖိုနီးရှားမြို့တော်အား ဘီစီ ၂၅၀ ပထမပြူးနစ်စစ်ပွဲ အတွင်း စွန့်ပစ်ခဲ့သည် ဟု ယူဆရပြီး ရောမတို့က ပြန်လည်တည်ဆောက်ခြင်း မပြုခဲ့ပေ။ ၎င်းသည် နှစ်ပေါင်း ၄၀၀ ကျော်မျှ တည်ရှိခဲ့သည်။

ပြူးနစ်တို့၏မြို့ ကာကူအန်းနှင့် ၎င်း၏ ဂူသင်္ချိုင်းများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

ကက်ကူအန်း မြင်ကွင်း
တည်ရှိသည့် နိုင်ငံ  တူနီးရှား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၃၃၂
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

မြို့ဟောင်းတူးဖော်ရာတွင် ဘီစီ ၄ ရာစု နှင့် ၃ ရာစုမှ ဒင်္ဂါးပြားများကို တွေ့ရသည်။ ထိုဒေသတစ်ဝိုက်တွင် မြို့၏ပုံစံကို အထင်အရှားပင် တွေ့ရှိနိုင်သေးကာ အိမ်အများအပြားမှာ တံတိုင်းများ ကျန်ရှိသေး၍ မျက်နှာစာရှိ ရောင်စုံရွှံ့များကို မြင်နိုင်ဆဲပင် ဖြစ်သည်။ အိမ်များကို ပုံစံတကျ တည်ဆောက်ထားပြီး ခေတ်မီသော မြို့စီမံပုံအတိုင်း ဖြစ်သည်။

ဘုရားကျောင်း နေရာတွင် တိုင်အချို့ တည်ရှိဆဲဖြစ်ပြီး အေထရီယံ အငယ်စားနေရာတွင် မှန်စီရွှေချများကို တွေ့နိုင်သေးသည်။


ကိုးကား