ဘဖေ၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၅ -
ဦးဘဖေသည် တဖက်မှ သတင်းစာ လုပ်ငန်းကို လုပ်ဆောင်ရင်း တခြား တဖက်မှလည်း ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း]] ကိုလည်း စတင် တည်ထောင်သည်။ ဦးဘဖေနှင့် အတူ [[မောင်ကြီး။ ဆာ(ရဲတပ်ဗိုလ်ချုပ်)|ဦးမောင်ကြီး (ဆာ မောင်ကြီး)]]၊ ဦးစိန်လှအောင်၊ ဦးဘိုးမြေ၊ ဦးမုန်း၊ [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]]၊ [[ဘရင်၊ ဒေါက်တာ|ဒေါက်တာ ဘရင်]]၊ ဦးလှဖေ၊ ဦးသိန်းမောင် စသော ခေတ်ပညာတတ် လူငယ်၊ လူရွယ်များ ပါဝင်ခဲ့သည်။ ပါဝင်ချင် လာအောင်လည်း တစ်ဦးနှင့် တစ်ဦး အပြန်ပြန် အလှန်လှန် စည်းရုံး သိမ်းသွင်းကြသည်။
 
ဦးဘဖေသည် သူရိယ သတင်းစာ လုပ်ငန်းတွင် အယ်ဒီတာ အလုပ်မှ စပြီး အောက်ခြေသိမ်း တံမြက်လှည်း၊ သတင်းစာခေါက် အလုပ်မှ စပြီး အပင်ပန်းခံကာ အလုပ်လုပ်ခဲ့သည်။ အခြား သတင်းစာများထက် သတင်းထူများကိုသတင်းထူးများကို ဦးစား ပေးရေးခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၏ လှုပ်ရှားမှု အသက်ပါသော သတင်းစာ ဖြစ်၍ သတင်းစာ စောင်ရေ တရိပ်ရိပ် တက်လာခဲ့သည်။ ထိုစဉ်က ရွှေတိဂုံ စေတီတော်မြတ်ပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီး တက်နေကြသည်။ ဤသည်ကို မကြည့်ရက်နိုင်သော ဦးဘဖေသည် ကာတွန်း ရုပ်ပြောင်ဖြင့် သတင်းစာ ဖော်ပြခဲ့သည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အလိုတော်ရိများ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။
 
ကာတွန်း၏ ရုပ်ပုံမှာ တောင်ရှည် ပုဆိုးဝတ် ဘုရားလူကြီး၏ ကျောပေါ်တွင် မျက်ဖြူ ဇနီးမောင်နှံတို့က ဖိနပ်မချွတ်ဘဲ ခွစီးထားရင်း စေတီတော်မြတ်ကို လှည့်လည် ကြည့်ရှုနေပုံ ဖြစ်သည်။ ထိုမျက်နှာဖြူ ဇနီးမောင်နှံတို့ကပင် “အခုလို ဖိနပ်မချွတ်ဘဲ ဘုရားပေါ် လည်ကြည့်ရသဖြင့် ကျေးဇူးတင်ပါတယ်” ဟုသော စကားကိုပင် ဖော်ပြ လိုက်သေးသည်။ ထိုကာကွန်းကိုထိုကာတွန်းကို ရွှေတလေး ခေါ် ဦးဘလေးက ရေးဆွဲပေးသည်။
 
ထိုကာတွန်းကြောင့် ပုလိပ်မင်းကြီး မျက်နှာဖြူ ရှပ်တဲ (လ်) ဝပ် (သ်) က ဦးဘဖေနှင့် ဦးရွှေကလေးတို့ကို ခေါ်မေးလေသည်။ ဦဘဖေတို့ကို ခေါ်သော်လည်း ပုလိပ်မင်းကြီး စားပွဲရှေ့တွင် ထိုင်စရာ ဟူ၍ ဘာမျှမထား။ ဖျာလေး တချပ်မျှသာ ခင်းထားလေသည်။ ဦးဘဖေတို့က မထိုင်ဘဲ မတ်တပ်ရပ်လျက်ကပင် “ဂွတ်တမောနင်း မစ္စတာ ရှပ်တဲ(လ်)ဝပ်(သ်)” ဟု နှုတ်ဆက်လိုက်သည်။ မျက်နှာဖြူ ပုလိပ်မင်းကြီးက မျက်နှာထား ခပ်တည်တည်ဖြင့် ကာတွန်း ဘာကြောင့် ထည့်ရသလဲဟု မေးလေသည်။