ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇၄ -
၁၉၁၃ ခုနှစ်တွင် ဗီယင်နာမြို့မှ ဟစ်တလာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စစ်ထဲမဝင်မနေရအမိန့်ကိုဖီဆန်၍ ရှောင်ထွက်သွားခဲ့သည်ဆို၏။ ထိုမှ [[မြူးနစ်မြို့]]သို့ ရောက်သွားခဲ့သည် ဆို၏။ မြူးနစ်တွင်လည်း ဘီယာဆိုင်တွင် ဟစ်တလာသည် နိုင်ငံရေးစကားများကိုသာ ကြီးကြီးကျယ်ကျယ် ပြောဆိုနေခဲ့သည် ဆို၏။
သို့သော် ဟစ်တလာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေရန် ကမ္ဘာကြီးတွင် စစ်မီးကြီးလောင်ခဲ့သဖြင့် လူအများက နိုင်ငံရေးကို စိတ်ဝင်စားချိန် ကာလကြီးပင်တည်း။
၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟစ်တလာဘဝ အထူးပြောင်းလဲစေခဲ့သော မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင် ကြီး၏ လူထုတရားပွဲမှ စတင်ခဲ့လေသည်။ ဂျာမန်မှ ရုရှားပြည် ကြီးကို စစ်ကြေညာခဲ့ခြင်း၊ ဂျာမန်အမျိုးသားတိုင်း စစ်ထဲဝင်ကြရသလို ဟစ်တလာလည်း စစ်မှုထမ်းစစ်သား ဖြစ်ခဲ့လေ၏။ မထင်မရှား စစ်သားလေးဘဝ၊ စစ်တပ်ထဲတွင် ဆက်သားတာဝန်၊ ၁၉၁၅-၁၉၁၆ ခုနှစ်တွင် ခြေထောက်တွင် သေနတ်မှန်ကာ ဒဏ်ရာရခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် တပ်ကြပ်ကလေးဘဝ၊ တပ်သားကျော် ဆုတံဆိပ် ရရှိခဲ့သည်။ စစ်မြေပြင်တွင် သူတစ်ယောက်တည်းမှ ပြင်သစ်စစ်သား ၁၅ ယောက်ကို လက်ရဖမ်းဆီးခဲ့ကြောင့်လက်ရဖမ်းဆီးခဲ့‌သောကြောင့် ဟူ၏။ ၁၉၁၈ ခုနှစ် တိုက်ပွဲတစ်ခုတွင် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားသဖြင့် စစ်ဆေးရုံသို့ ပို့ပေးခဲ့ကြရသည်။ မျက်စိများ ယာယီ ကန်းသွားကာ ကိုယ်တစ်ပိုင်းလည်း သေသွားခဲ့သေးသည် ဆို၏။ မကြာခင် ပျောက်ကင်းခဲ့လေ၏။ ထိုနှစ်တွင် [[ပထမကမ္ဘာစစ်]]ကြီး ပြီးခဲ့လေ၏။ ဂျာမနီတို့ စစ်ရှုံးခဲ့လေ၏။ ဟစ်တလာတို့ ငိုခဲ့ရလေ၏။
 
ထိုအချိန်မှစ၍ ဟစ်တလာသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ၁၉၁၉ နှစ်အထိ စစ်တပ်ထဲတွင်နေခဲ့၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင်မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။ ထိုကာလတွင် ဂျာမနီနိုင်ငံရေးမှာ အလွန်ရှုပ်ထွေးနေလေ၏။ နေ့စဉ် တရားပွဲများ၊ ဆန္ဒပြပွဲများ၊ ဆူပူမှုများမပြတ် ရှိနေခဲ့သည့် ကာလများလည်း ဖြစ်သည်။
ထိုကာလတွင် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက်အောက်ရှိ နိုင်ငံရေးဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေးဌာနတွင်သတင်းဖြန့်ချီရေးဌာနတွင် ဟစ်တလာ အလုပ်လုပ်ခဲ့ရသည်။ ထိုမှ နိုင်ငံရေး နည်းပြသင်တန်းတက်ခဲ့ရပြီး နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့သည်။ ထိုမှ ဂျာမန်အလုပ်သမားပါတီနှင့် စစ်တပ်အကြား ညှိနှိုင်းရသော အရာရှိအဖြစ် စေလွှတ်ခြင်းခံရသည်။ ထိုမှ ဂျာမန် အလုပ်သမားပါတီသို့ ခြေစုံပစ်ဝင်ခဲ့ပြန်သည်ဆို၏။ ထိုပါတီတွင် ဟစ်တလာသည် ဝါဒဖြန့်ချိရေးတာဝန်ခံဝါဒဖြန့်ချီရေးတာဝန်ခံ ဖြစ်ခဲ့လေ၏။
 
 
စာကြောင်း ၉၄ -
၁၉၃ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နာဇီပါတီ အနိုင်ရလုလုနီးပါးဖြစ်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် နာဇီမုန်တိုင်းတပ်သားပေါင်းပင် တစ်သိန်းနီးပါး ရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် နာဇီပါတီအာဏာ ရလာခဲ့လေ၏။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ သည် ဂျာမနီပြည်၏ ဝန်ကြီးချုပ်ရာထူးကို တရားဝင် ရရှိခဲ့လေ သည်။ ပါလီမန်တွင် ဆက်လက်အနိုင်ရရှိအောင် ကြိုးစာခဲ့ရာတွင်လည်း နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ရာ အနိုင်ရရှိခဲ့လေ၏။
၁၉၃၄ခုနှစ်တွင် ဂျာမနီနိုင်ငံတော်သမ္မတကြီးဟင်ဒင်ဘတ် ကွယ်လွန်ခဲ့ရာ တစ်နာရီအတွင်းမှာပင် ဝန်ကြီးချုပ်ဟစ်တလာသည် သမ္မတကြီး၏ အရိုက်အရာကို ဆက်ခံရုံမျှမက ဂျာမန် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိချုပ်ရာထူးကိုပါယူ၍ နိုင်ငံတော်ကို ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟူ၏။
၁၉၃၅ ခုနှစ်တွင် [[အင်္ဂလိပ်]]၊ [[ပြင်သစ်]]အပါအဝင် နိုင်ငံကြီးများသည် ဟစ်တလာ အန္တရာယ်ကို ကြိုမြင်ခဲ့ကြရလေသည်။ ဂျာမနီသည် စစ်အင်အားကို တဖြည်းဖြည်း ထိုးချဲ့ခဲ့ရာတိုးချဲ့ခဲ့ရာ စစ်သားဦးရေ ၅ သိန်း ၅ သောင်းပင် ရှိခဲ့သည်ဆို၏။ ဂျာမနီ ကို အိမ်နီးချင်း တိုင်းပြည်များမှ ဝိုင်း၍ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဟစ်တလာသည် ဂရုမစိုက်။
သို့နှင့် ၁၉၃၆ ခုနှစ်၊ မတ်လတွင်ပြင်သစ်ပြည်ကို စတင် တိုက်ခိုက်ခဲ့လေတော့သည်။ အီတလီခေါင်းဆောင် [[မူဆိုလီနီ]]နှင့် လက်တွဲခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် [[ဩစတြီးယား]]ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ချက်ကိုစလိုဗေးကီးယားကို သိမ်းပိုက်သည်။ ထိုနှစ်မှာပင် [[ပိုလန်နိုင်ငံ]]ကိုလည်း သိမ်းပိုက်ခဲ့လေ၏။ ဂျူးလူမျိုးတို့ သုတ်သင်ရေးစီမံကိန်းကိုလည်း ထိုကာလများတွင် စတင်ခဲ့လေ၏။
၁၉၄ဝ တွင် ဟစ်တလာ၏ အစီအစဉ်များသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည် ဆိုကြရလေ၏။ [[ဗြိတိသျှ]]၊ [[ပြင်သစ်]]၊ [[ဘယ်လ်ဂျီယံ]]၊ [[နော်ဝေး]]တို့၏ တပ်ပေါင်းများစွာ၊မြို့ ပေါင်းများစွာမှ ဂျာမနီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် [[ဆိုဗီယက်ယူနီယံ]]ကို ဝင်ရောက် တိုက်ခိုက်ခဲ့လေ၏။ သို့သော် ဟစ်တလာ၏စစ်မျက်နှာများ လက်တံရှည်လျားလှသဖြင့် ထိုအချိန်မှစ၍ မနိုင်မနင်းဖြစ်ကာရှိနေခိုက်တွင် ဂျပန်နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သေး၏။ သို့သော် ထိုအချိန်တွင် ဟစ်တလာသည် စစ်ပန်းနေခဲ့ပြီ။ မကြာခင်မှာပင် [[ဂျပန်]]တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲ မှုကြီးသည် အမေရိကန်တို့ ရန်စကျူးကျော်ခြင်းဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် ဟစ်တလာနှင့် နောက်ပါမိတ်ဆွေနိုင်ငံများအတွက် ဆုံးရှုံးခြင်း နိမိတ်ဟု ယူဆခဲ့ကြသည်ဆို၏။
စာကြောင်း ၁၀၀ -
ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့်သေကြောင်း ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ဘဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိ ကြရပါသည်။ <ref>သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ</ref>
 
သူ၏မွေးရပ်မြေမှ [[ဂျာမနီနိုင်ငံ]]သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဂျာမနီ နိုင်ငံရေး လှုပ်ရှားမှုမျာတွင်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသားဆိုရှယ်လစ်အလုပ်သမားများပါတီ (NSDAP) ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည့် ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့ ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်း သိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ကိုယ်သူပင် အဆုံးစီရင်ခဲ့သည်။
 
== ဟစ်တလာနှင့် နာဇီဝါဒ ==