ဓမ္မသာမိ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၅ -
၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရမှ ကျင်းပသော ‘သာသနဓဇ ဓမ္မာစရိယ’၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၏ ‘သဒ္ဓမ္မောဒယဓမ္မာစရိယ’ နှင့် ရှမ်ပြည်နယ်၊ ပင်လုံမြို့တွင် ကျင်းပသော ရှမ်းဘာသာ ‘အဘိပါလ ဓမ္မာစရိယ’ စသော ဓမ္မာစရိယတန်း သုံးခုစလုံးကို သာမဏေဘဝဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၏ သဒ္ဓမ္မောဒယဓမ္မာစရိယတန်းကို ပါဠိဘာသာဖြင့် ပထမဆုဆွတ်ခူး အောင်မြင်ခဲ့သည်။
 
ဆရာတော်သည် ၁၉၉၃ ခုနှစ်တွင် Buddhist and Pali University of Sri Lanka, Colombo မှ မဟာဝိဇ္ဇာဘွဲ့ (MA, Buddhism) ကို ပထမအကြိမ် ရရှိခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ (MA, Buddhist Philosophy) (၁၉၉၃) နှင့် တတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ (M.Phil, Research DegreeeDegree) (၁၉၉၆) ကို University of Kalaniya, Colombo, Sri Lanka မှ ရရှိခဲ့သည်။
 
၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford တွင် ‘၁၇ ရာစုမှ မျက်မှောက်ကာလအထိ မြန်မာနှင့် ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးများ ပညာရေးသမိုင်းဖြစ်စဉ် _ Idealism and Pragmatism: A Study of Monastic Education in Myanmar and Thailand from the 17th Century to the Present’ ဟူသော ခေါင်းစဉ်ဖြင့် သုတေသနပြုစာတမ်းရေးသား၍ ပါရဂူဘွဲ့ (Doctor of Philosophy – D.Phil) ကို ရယူခဲ့သည်။<ref name="ပျော်နိုင်ပါရဲ့"/>