ဟီရိဂါရဝသုတ်: တည်းဖြတ်မှု မူကွဲများ

" ဟီရိဂါရဝသုတ်သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၁၅ -
မြတ်စွာဘုရားသည် ရဟန်းတို့အား ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်တွင် နတ်သားတစ်ပါးသည် ဇေတဝန်ကျောင်းတော်ကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် မိမိထံသို့ ချည်းကပ်လာ၏။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား “အသျှင်ဘုရာ ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။ အဘယ်တရားခုနစ်မျိုးတို့နည်းဟူမူ - မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု သမာဓိ၌ ရိုသေမှု၊ (မကောင်းမှုမှ) ရှက်ခြင်းမှ ရိုသေမှု၊ (မကောင်းမှုမှ) ကြောက်ခြင်း၌ ရိုသေမှုတို့ ဖြစ်ပါကုန်၏” ဟု လျှောက်ထားကာ ငါ့ကို ရှိခိုးလျက် အရိုအသေပြုပြီးနောက် ထိုအရပ်၌ပင် ပျောက်ကွယ်သွား၏။
 
ထို့နောက်တွင် မြတ်စွာဘုရားသည် လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်း ထက်သန်သော ရိုသေမှု ရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှု ရှိ၏၊ ဟိရီဩတ္တပ္ပနှင် ပြည့်စုံ၏၊ တုပ်ဝပ်မှု အလေးအမြတ် ပြုမှုရှိ၏။ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည်သာလျှင် ဖြစ်၏။ဖြစ်၏ဟု မိန့်တော်မူ၏။<ref name="ပိဋက"/>
 
==ကိုးကား==
{{reflist}}