မနုဿဝိဂ္ဂဟပါရာဇိက: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၆ -
*(၂) တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အင်းပျဉ် ‘ခုံရှည်’ ၌ အဝတ်ပိုင်း ဖုံးနေသော ကလေးသူငယ်ကို ထိုင်လိုက်ရာတွင် ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသကကုက္ကုစ္စ’ ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ မဆင်ခြင် မစူးစမ်းဘဲ နေရာ၌ မထိုင်ရ၊ ထိုင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ ဟု မိန့်တော်မူ၏။
*(၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာအတွင်းရှိ ဆွမ်းစားဇရပ်၌ နေရာခင်းသည် ရှိသော် ထောင်ပပြီးထားသော ကျည်ပွေ့တို့တွင် ကျည်ပွေ့တစ်ခုကို ယူရာ ဒုတိယကျည်ပွေ့သည် လဲ၍ ကလေးတစ်ယောက်၏ ဦးထိပ်၌ တည့်တည့်ကျသဖြင့် ထိုကလေးသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကစ္စ’ ဖြစ်၏။ “ရဟန်း သင်သည် အဘယ်စိတ် ရှိသနည်း” ဟု (မေးတော်မူရာ) “ မြတ်စွာဘုရား တပည့်တော်မှာ သေစေလိုစိတ် မရှိပါ” ဟု (လျှောက်ထား၏)။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု (မိန့်တော်မူ၏)။
*(၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာတွင်းရှိ ဆွမ်းစားဇရပ်၌ နေရာခင်းရာ ဆုံလုပ်ရန် သစ်လုံးကို နင်းမိ၍ လိမ့်လေရာ ကလေးတစ်ယောက်ကို ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု (မိန့်တော်မူ၏)။
*(၅) တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြုကြကုန်၏။ အချိန်အခါကို လျှောက်ထားရာ သားက အဖကို “အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကို မျှော်နေပါသည်” ဟု လျှောက်ထား၍ ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျ၍ သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော်သည် သေစေလိုစိတ် မရှိပါ” ဟု (လျှောက်ထား၏)။ “ရဟန်းသေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
*(၆) တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြုကြကုန်၏။ အချိန်အခါကို လျှောက်ထားရာ သားက အဖကို “အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကို မျှော်လင့်နေပါသည်” ဟု လျှောက်ထား၍ သေစေလိုသဖြင့် ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျသော်လည်း မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။
*(၇) တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများအထံ၌ ရဟန်းပြုကြကုန်၏။ အချိန်အခါကို လျှောက်ထားရာ သားက အဖကို “အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကို မျှော်လင့်နေပါသည်” ဟု လျှောက်ထား၍ သေစေလိုသဖြင့် ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျသော်လည်း မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း ပါရာဇိကအာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
*(၈) တစ်ရံရောအခါ ရဟန်းတစ်ပါးအး ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင့် ‘ဆို့’ နေ၏၊ ရဟန်းတစ်ပါးသည် ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံးကျလာပြီး ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
*(၉) တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင် ‘ဆို့’ နေ၏။ ရဟန်းတစ်ပါးသည် သေစေလို၍ ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံးသည် ကျလာပြီးလျှင် ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။
*(၁၀) တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင် ‘ဆို့’ နေ၏။ ရဟန်းတစ်ပါးသည် သေစေလို၍ ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံးသည် ကျလာသော်လည်း ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
*(၁၁) တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အဆိပ်ပါသော ဆွမ်းကို ရလာခဲ့၍ ဆွမ်းစားဇရပ်သို့ ယူခဲ့ပြီးနောက် ရဟန်းတို့အား စားဦးကို လှူလေ၏။ ထိုရဟန်းတို့သည် သေကြကုန်၏။ ထို (စားဦးလှူသော) ရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော် မသိပါ” ဟု (လျှောက်ထား၏)။ “ရဟန်း မသိသော ရဟန်းအား အာပတ် မသင့်” ဟု မိန့်တော်မူ၏။
*(၁၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် စမ်းသပ်လို၍ ရဟန်းတစ်ပါးအား အဆိပ်ကို ပေးရာ ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိ၏။ ပ။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော် စမ်းသပ်လိုစိတ် ရှိပါသည်” ဟု (လျှောက်ထား၏)။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
*(၁၃) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းမြေရာကို စီရင်ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှ နေ၍ ကျောက်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ ကျောက်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျ၍ ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ် မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
*(၁၄ - ၁၅) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းမြေရာကို စီရင်ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှ နေ၍ ကျောက်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် သေစေလို၍ အောက်ကရဟန်း၏ ဦးထိပ်၌ ကျောက်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ ပ။ ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ထိုရဟန်းအား ပါရာဇိကအာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
 
==ကိုးကား==