မဏိပူရပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၇ -
ခုနှစ်တွင် မြန်မာတပ်များ စစ်ကူထပ်မံလာရောက် တိုက်ခိုက်နှိမ်နင်းရပြန်သည်။ အင်္ဂလိပ်တို့ကား မြန်မာတို့တန်ခိုးဖြန့်လာသည်ကို စိုးရိမ်သဖြင့် ကချာစော်ဘွားဟောင်း ဂေါဝိန္ဒချန္ဒရာကို အားပေးကူညီပြီးလျှင် မဏိပူရ စော်ဘွားတို့ကို ပင်စင်ရိက္ခာပေး၍ အေးချမ်းစွာ နေထိုင်စေသည်။ ထို့နောက် မြန်မာတပ်တော်တို့က ကချာနယ်သို့ချဉ်းနင်းဝင်ရောက်သည်တွင် အင်္ဂလိပ်နှင့် မသင့်မတင့် ဖြစ်ရသည်။ ဤသို့မဏိပူရစော်ဘွားတို့ကို လိုက်လံတိုက်ခိုက်သည်မှ အစပြု၍ အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြသည်တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအဆုံး ရန္တပိုစာချုပ်အရ မဏိပူရနယ် ကချာနယ်တို့ကို မြန်မာတို့က အနှောင့်အယှက် မပြုရတော့ချေ။ ဤတို့ဖြင့် မဏိပူရနယ်သည် မြန်မာတို့လက်မှ လွတ်မြောက်သွားသည်။ သို့ရာတွင် မဏိပူရ စော်ဘွားများသည် ထီးနန်းဆက်ခံရေးတွင် မသင့်မတင့် အငြင်းပွား မှုများဖြစ်ခဲ့၏။ ခရစ် ၁၈၉၁ ခုနှစ်တွင် နန်းဆက်ခံမှုနှင့် စပ်လျဉ်း၍ အငြင်းပွားသည်တွင် အာသံပြည် ဝန်ရှင် တော်မင်းကြီးချုပ်က နှိမ်နင်းရန် ဂေါ်ရခါးစစ်သည် ၄ဝဝဝနှင့် ဝင်ရောက်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့၏။ မဏိပူရကသည်းတို့က ဗြိတိသျှ ကိုယ်စားလှယ်တော် အိမ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် နှစ်ဖက်သဘောတူ အတိုက်အခိုက် ရပ်စဲနေခိုက်တွင် ဝန်ရှင်တော်မင်းကြီးနှင့် ဗြိတိသျှ ကိုယ်စားလှယ်တော်တို့သည် အခြား ဗြိတိသျှအရာရှိ ၃ ဦးနှင့်အတူ ဥပါယ်တံမျဉ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရသည်။
 
နောက်တစ်လ အကြာတွင် ဗြိတိသျှ စစ်တပ်က မဏိပူရကို သိမ်းပိုက်ပြီးလျှင် ယင်းနယ်တည်ရှိရေးကို အသိအမှတ်ပြု၍ အုပ်စိုးသော မင်းနွယ်မှ ဆင်းသက်လာသော ၅ နှစ်သားရွယ် မင်းသားကလေး ချူရာချန်အား စော်ဘွားခန့်အပ်ကာ ထိုစော်ဘွား အရွယ်မရောက်မီစပ်ကြား ဗြိတိသျှတို့က ကွပ်ကဲ၍ အုပ်ချုပ်သည်။ ၁၈၉၆ခုနှစ်တွင် မဏိပူရပြည်နယ်သည် ဗြိတိသျှမြန်မာနိုင်ငံ[[ပခုက္ကူ]]တောင်တန်းဒေသ၏အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်မှာ ၁၉၄၇၊သြဂုတ်လ ၁၅ ရက်အထိ ဖြစ်သည်။ ခရစ် ၁၉ဝ၇ ခုနှစ်၌ စော်ဘွား အရွယ်ရောက်သည်တွင် အုပ်ချုပ်ရေးအာဏာကို ပြောင်းယူလိုက်ပေသည်။
 
[[ဒုတိယကမ္ဘာစစ်]]ကြီးအတွင်းဖြစ်သော ၁၉၄၄ ခုနှစ်က မဏိပူရနယ်အတွင်းသို့ မြန်မာပြည်၌ တပ်စွဲလျက်ရှိသော [[ဂျပန်]]တပ်များက ဝင်ရောက်တိုက်ခိုက် ကာ အင်ဖာမြို့တော်ကိုပင် ထိုနှစ် မတ်လမှ ဇွန်လအထိ ဝိုင်းရံထားခဲ့သော်လည်း ဗြိတိသျှနှင့် အိန္ဒိယတပ်များက တွန်းလှန်လိုက်၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ မဏိပူရနယ်သည် အာသံနှင့်ပခုက္ကူတောင်တန်း၊ အာသံတို့နှင့် မဆိုင်တော့ဘဲ သီးခြားနယ် ဖြစ်လာသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
 
==ကိုးကား==