ကား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ် |
No edit summary |
||
စာကြောင်း ၂ -
[[File:Benz-velo.jpg|thumb|right|Karl Benz's "Velo" မော်ဒယ်လ် (၁၈၉၄)]]
[[File:World vehicles per capita.svg|thumb|right|300px|လူ ၁၀၀၀ လျှင်ရှိသောကားပမာဏ ကို ပြသော ကမ္ဘာ့မြေပုံ]]
[[ကား]] ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားကြသည်။ အချို့က ရိုမန်ကက်သလစ်မစ်ရှင်ဖြင့် တရုတ်ပြည်သို့သွားသော ဖာဒီနန် ဗာဘီရက်(Ferdinand Verbiest)က ပထမဆုံး ရေနွေးငွေ့ဖြင့် မောင်းနှင်သည့်ကားကို ၁၆၇၂ တွင် တရုတ်အင်ပိုင်ယာ အတွက် ကစားစရာအဖြစ်တီထွင်ပေးခဲ့သည် ဟု ဆိုကြသည်။ ထိုယာဉ်မှာ အရွယ်အစားသေးငယ်ပြီး မောင်းနှင်သူ သို့မဟုတ် စီးနင်းသူကို မတင်ဆောင်နိုင်သော်လည်း ဖြစ်နိုင်ခြေအားဖြင့် ပထမဆုံး ရေနွေးငွေ့သုံး ယာဉ်ဖြစ်သည်။ ရစ်ချက်ထရီဗီသစ်မှ သူ၏ မီးခိုးထွက်နေသော မိစ္ဆာဟု အမည်ရသည့် ရေနွေးငွေ့အားဖြင့် မောင်းနှင်သည့် ပထမဆုံးယာဉ်ကို ၁၈၀၁ ခုနှစ်တွင် သရုပ်ပြခဲ့သည် ဆိုသည့် အချက်ကိုမူ မည်သူမျှ သံသယမရှိကြပေ။ သို့သော် ထိုယာဉ်မှာ လုံလောက်သော ရေနွေးငွေ့ဖိအားကို ကြာရှည်စွာ မထိန်းသိမ်းနိုင်သဖြင့် လက်တွေ့အသုံးပြု နိုင်ရန် အနည်းငယ်မျှသာ အသုံးဝင်သည်။
[[ရုရှားနိုင်ငံ]]တွင်မူ ၁၇၈၀ခုနှစ်များတွင် အိုင်ဗင်ကူလီဗင်က ဖလိုင်းဝှီး၊ ဘရိတ်၊ ဂီယာဘောက်စ် နှင့် ဘယ်ရင် အစရှိသည့် ခေတ်သစ်နည်းပညာများပါဝင်သည့် လူ၏ခြေဖြင့်နင်းရသည့် သုံးဘီးယာဉ်ကို တီထွင်ခဲ့သည်။ သို့သော် ထိုယာဉ်ကို ဆက်လက်၍ တိုးတက်အောင် မလုပ်ဆောင်ခဲ့ပေ။
၁၈၈၁ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်တီထွင်သူ ဂူစတေ့ဗ် ထရောင်ဗီ (Gustave Trouvé) မှ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး၍ အလုပ်လုပ်သော သုံးဘီးမော်တော်ကားကို သရုပ်ပြခဲ့သည်။
ဂိုတလီယပ် ဒိန်းမလား (Gottlieb Daimler)၊ ဝီလ်ဟမ်မေဘတ်ရှ် (Wilhelm Maybach) နှင့် ဆိရက်ဖရိုက် မားကတ်စ် (Siegfried Marcus) တို့အပါအဝင် အခြားဂျာမန်အင်ဂျင်နီယာများမှာ တစ်ချိန်တည်းမှာပင် ပြဿနာကို အဖြေရှာဆဲဖြစ်သော်လည်း ကားလ်ဘင့်ဇ် (Karl Benz)ကို ခေတ်သစ်မော်တော်ယာဉ်၏ တီထွင်သူအဖြစ် ယေဘူယျအားဖြင့် သဘောတူကြသည်။
|