"ဘင်္ဂလား​ဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာ" ၏ တည်းဖြတ်မှု မူကွဲများ

တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
==သမိုင်း​ကြောင်း==
 
တစ်ချိန်က ဗုဒ္ဓဘုရားရှင်သည် ဘင်္ဂလားသို့ ကိုယ်တိုင်ကြွရောက်၍ [[ဗုဒ္ဓဘာသာ]] မျိုးစေ့ကို ချပေးခဲ့သည်ဟုဆိုကြသည်။ သို့သော်လည်း မောရိယဧကရာဇ် သီရိဓမ္မာ အသောက မင်းကြီးလက်ထက်တွင်မှ ဗုဒ္ဓဘာသာသည်[[ဗုဒ္ဓဘာသာ]]သည် ပိုမိုအားကောင်းလာခဲ့သည်။ထိုအချိန်မှစ၍ ဗုဒ္ဓသာသနာသည် အစဉ်အဆက်ထွန်းကားလာခဲ့ရာ ပါလ အင်ပိုင်ယာနိုင်ငံ​ခေတ်၌ အထွန်း​တောက်ဆုံး ဖြစ်ခဲ့​လေ၏။
 
ပါလခေတ်က ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး ​မြောက်မြားစွာ​သော ကျောင်းတော် (ဝိဟာရ) များစွာကို ဆောက်လုပ်၍ လှူဒါန်းခဲ့ကြသည်။ ထိုကျောင်းတော်များအနက်မှ သောမပူရ မဟာဝိဟာရ (Somapūra mahāvihāra) ကျောင်းတော်သည် အထင်ရှားဆုံး အကျော်ကြားဆုံး အကြီးမားဆုံး ဖြစ်​လေသည်။ ယင်း​ခေတ်အခါက တည်​ဆောက်ခဲ့​သော ဘုရား​ကျောင်းကန်​စေတီပုထိုးများသည် ယနေ့ထက်တိုင် ရှိ​နေ​သေးသည်။ ယင်း​အချိန်က ဘင်္ဂါလီလူမျိုး အများစုသည်လည်း မဟာယာန ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြလေသည်။
==ဘင်္ဂလား​ဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင် ရခိုင်များ==
 
​ရှေးယခင်ကတည်းကပင် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ၏ အရှေ့​တောင်ပိုင်း​ဒေသ စစ်တ​ကောင်းနယ်သည် ရခိုင်ဘုရင်တို့၏ ဩဇာ​အောက်တွင် တည်ရှိခဲ့​ကြောင်း ရခိုင်ရာဇဝင်များက[[ရခိုင်]]ရာဇဝင်များက ​ဖော်ပြသည်။ ​မြောက်ဦး​ခေတ်လယ်ပိုင်းတွင် ရခိုင်ဘုရင်များသည် စစ်တ​ကောင်းဆိပ်ကမ်းဒေသကို သိမ်းပိုက်ထားခဲ့ပြီး ကုန်စည်ကူးသန်းခြင်းဖြင့် အကျိုးဖြစ်ထွန်းခဲ့သည်။
 
ထို့​ကြောင့် ယင်းအချိန်ကပင် စစ်တ​ကောင်း​ဒေသ၌ ရခိုင်များ အ​ခြေချ​နေထိုင်မှု ရှိခဲ့​ပေမည်။ သို့​သော် လူဦး​ရေ သိပ်မများနိုင်​ပေ။ ရခိုင်များ စစ်တ​ကောင်း၊ ပန်းဝါ စ​သော ​ဒေသများကို အလုံးအရင်းဖြင့် ဝင်ရောက် အ​ခြေချ​နေထိုင်သည်မှာ ရခိုင်ပြည် ကျဆုံးပြီးစ ကာလကပင် ဖြစ်သည်။
အမည်မသိ အသုံးပြုသူ