စန္ဒရား: တည်းဖြတ်မှု မူကွဲများ

→‎မြန်မာ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆ -
စန္ဒရားမှာ အသံပြိုင်အသံတွဲများပြားကျယ်ဝန်းရုံမက အသံပြောင်း အသံလွှဲများတွင် အကူးအပြောင်း လွယ်ကူလျင်မြန်လှ၍၊ အခြားသော ကြိုးတူရိယာနှင့် တီးခတ် တူရိယာများ စုပေါင်းတီးခတ်သော အသံစုံကို တီးနိုင်သော တူရိယာဖြစ်ပေသည်။
 
အနောက်တိုင်း ဂီတသမိုင်းကို လိုက်စားသူတို့၏ အဆိုအားဖြင့် စန္ဒရားသည် ရှေးခေတ် ပါးရှင်းလူမျိုးတို့၏ မူရင်းဖြစ်သော 'ဒါးလဆီမာ'ခေါ် ကြိုးတပ်တူရိယာတစ်မျိုးမှ တစ်ဖြည်း⁠ဖြည်းတဖြည်း⁠ဖြည်း တိုးတက်ကောင်းမွန် လာသော တူရိယာဖြစ်သည်။ ဒါးလဆီမာ တူရိယာသည် ရှေးနှစ်ပေါင်းများစွာအခါကပင် အရှေ့တိုင်း ပါးရှား ပြည်၌ရှိခဲ့သော တူရိယာတစ်ခုဖြစ်၍၊ ၁၁ ရာစုနှစ်နှင့် ၁၃ ရာစုနှစ်အတွင်း ကရူးဆိတ်စစ်သည်တော်များနှင့်အတူ ဥရောပတိုက်သို့ရောက်ရှိလာဟန်တူ၏။ ရှေးအကျဆုံး ဒါးလဆီမာမှာ ကြိုးဆယ်ချောင်းတပ် လက်ခတ်နှစ်ခုနှင့် တီးရသော တူရိယာဖြစ်၏။ ဥရောပတိုက်တွင် အလယ်ခေတ်ဆီက အသုံးအများဆုံးဖြစ်ခဲ့၍၊ တိုးတက်ကောင်းမွန်အောင်လည်း ပြုပြင်တီထွင်လာကြသည်။ ထိုခေတ်ကပင် ဒါးလဆီမာကို လက်ခတ်နှင့် မတီးဘဲ၊ လက်နှိပ်ခလုတ်များဖြင့် တီးသောစနစ် ကို တီထွင်ခဲ့ကြပြီးနောက် ခလုတ်တစ်ခုအတွက် ကြိုး ၂ ပင်မှ ၅ ပင်အထိ တပ်ဆင်ခဲ့ကြလေသည်။
 
ဤသို့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင်ပြုပြင်လာခဲ့ကြရာ၊ ၁၅ ရာစုနှစ်ဆီတွင် ယခုခေတ် စန္ဒရားများ၏အစဖြစ်သော'ကလာဗီခေါ့'ခေါ် လေးထောင့်ရှည်သေတ္တာပုံ လက်နှိပ်ခလုတ်ဖြင့်တီးရသော ကြိုး တူရိယာမျိုးပေါ်ပေါက်လာခဲ့သည်။ ကလာဗီခေါ့မှာ လေးထောင့်ရှည် သေတ္တာပုံတွင် အလျားလိုက်ကြိုးများ ပြိုင်တန်းလျက်ညှိကာ ထိုကြိုးများကို လက်နှိပ်ခလုတ်နှင့် ဆက်လျက်ရှိသော မောင်းတံဖြင့် ရိုက်ခတ် အသံထွက်စေသော တူရိယာဖြစ်၏။ အသံမြည်အောင် တီးခတ်ရန်အတွက် လက်နှိပ်ခလုတ်များသာမက လိုသောအသံအနိမ့်အမြင့်ကို ဖိပေးသောမောင်းတံများလည်း စန္ဒရား၌ တပ်ဆင်ထားသည်။ ခလုတ်တန်းမှာ ယခုခေတ် စန္ဒရားများတွင် တွေ့မြင်ရသော ခလုတ်တန်းကဲ့သို့ပင် အဖြူ နှင့် အနက် ခလုတ်များထားပုံ အစီအစဉ်တူသော်လည်း၊ အသံစဉ်ထားပုံမှာ ခြားနားသည်။