ယေဘုယျနှိုင်းရသီအိုရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
အရေးမကြီး စာလုံးပေါင်း
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅ -
ယေဘုယျနှိုင်းရသီအိုရီ၏ ဟောကိန်းအချို့သည် [[ရှေးရိုးရူပဗေဒ]]မှ ဖော်ထုတ်ပေးသော ဟောကိန်းများဖြင့် သိသိသာသာ ကွဲပြားခြားနားသည်။ အထူးသဖြင့် အချိန်ပါဝင်ခြင်း၊ အာကာသ၏ [[ဂျီဩမေတြီ]]၊ [[လွတ်လပ်စွာကျဆင်းသော အရာဝတ္တု]]၊ [[အလင်း]]ပျံ့နှံ့မှု စသည်တို့ဖြင့် သက်ဆိုင်လျှင် သိသာစွာ ကွဲပြားခြားနားသည်။ ဥပမာတို့မှာ ဒြပ်ဆွဲအားဆိုင်ရာ အချိန်အလိုက်ပြောင်းလဲခြင်း၊ [[ဒြပ်ဆွဲအားမှန်ဘီလူး]]၊ အလင်း၏ ဒြပ်ဆွဲအားဆိုင်ရာ [[အနီရောင်အရွေ့|အနီရွေ့ခြင်း]]၊ ဒြပ်ဆွဲအားဆိုင်ရာ အချိန်နှေးခြင်း စသည်တို့ ဖြစ်သည်။ ယနေ့အချိန်အထိ စောင့်ကြည့်လေ့လာမှုများနှင့် စမ်းသပ်တွေ့ရှိချက်များ အားလုံးသည် ယေဘုယျနှိုင်းရသီအိုရီနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုပြီး ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် တစ်ခုတည်းသော ဒြပ်ဆွဲအားဆိုင်ရာ နှိုင်းရသီအိုရီ မဟုတ်သော်လည်း လက်တွေ့ရလဒ်များဖြင့် အမြဲကိုက်ညီသော အရိုးရှင်းဆုံး သီအိုရီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မဖြေရှင်းနိုင်သေးသော မေးခွန်းများလည်း ကျန်ရှိနေသေးသည်။ ယေဘုယျနှိုင်းရသီအိုရီအား [[ကွမ်တမ်မက္ကင်းနစ်|ကွမ်တမ်ရူပဗေဒ]]ဖြင့် မည်ကဲ့သို့ ညီညွတ်အောင် ပေါင်းစည်းကာ ပြီးပြည်စုံပြီး ကိုယ်တိုင်ညီညွတ်မှုရှိသော [[ကွမ်တမ်ဒြပ်ဆွဲအားသီအိုရီ]]ကို မည်သို့ ဖော်ထုတ်ရမည်နည်း ဆိုသည့်မေးခွန်းမျိုး ဖြစ်သည်။
 
အိုင်စတိုင်း၏ သီအိုရီသည် [[နက္ခတ္တရူပဗေဒ]]နှင့် ပတ်သက်၍ အရေးပါသော ဖော်ထုတ်ချက်များ ရှိသည်။ ဥပမာ [[တွင်းနက်]]များ ဖြစ်သည်။ တွင်းနက်ဆိုသည်မှာ ၎င်း၏ အာကာသအချိန်သည် လွန်စွာ ကွေးညွတ်နေ၍ အလင်းအပါအဝင် မည်သည့်အရာမှ လွတ်မြောက်နိုင်ခြင်းမရှိသော နေရာဒေသဖြစ်သည်။ ဒြပ်ထုကြီးသားသောဒြပ်ထုကြီးမားသော ကြယ်ကြီးများ ပြိုကွဲခြင်းဖြင့် တွင်းနက်များ ဖြစ်ပေါ်လာသည်။ အချို့သော အာကာသဝတ္တုများမှ ထုတ်လွှတ်သော ရောင်ခြည်များသည် တွင်းနက်များကြောင့်ဖြစ်ကြောင်း လုံလောက်သော သက်သေများ ရှိပြီးဖြစ်သည်။ ဥမာ [[မိုက်ကရိုကွာဆာ]]များနှင့် [[တက်ကြွလှုပ်ရှားသောဂလက်ဆီဝတ်ဆံ]] များသည် ကြယ်ဒြပ်ထုပမာဏရှိ တွင်းနက်များနှင့် များစွာပိုမိုဒြပ်ထုကြီးမားသော တွင်းနက်အမျိုးအစားများကြောင့်ဖြစ်သည်။ ဒြပ်ဆွဲအားကြောင့် အလင်းကွေးညွတ်သောအခါ ဒြပ်ဆွဲအားမှန်ဘီလူးကို ဖြစ်ပေါ်စေသည်။ ဥပမာ ကြားနေရာရှိ ဒြပ်ထုကြီးမားသောအရာက ဝေးလံသော အာကာသမှ အရာဝတ္တများ၏အလင်းကို ကွေးညွတ်စေသောအခါ ၎င်းဝေးလံသော အရာဝတ္တုကိုပင် ပုံရိပ်အများအပြား မြင်ရခြင်းဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် [[ဒြပ်ဆွဲအားဆိုင်ရာလှိုင်းများ]]၏ တည်ရှိမှုကိုလည်း ဟောကိန်းထုတ်ထားရာ LEGO ဒြပ်ဆွဲအားဆိုင်ရာလှိုင်းများ တိုင်းတာရေးကိရိယာက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဒြပ်ဆွဲအားဆိုင်ရာလှိုင်းများကို တိုက်ရိုက်တိုင်းတာ တွေ့ရှိခဲ့သည်။ ယေဘုယျနှိုင်းရသီအိုရီသည် လက်ရှိ [[စကြာဝဠာပြန့်ကားမှု ပုံစံ]]အခြေပြုထားသော သီအိုရီလည်းဖြစ်သည်။
 
==ကျမ်းကိုး==