ပအိုဝ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂ -
ပအိုဝ်းတို့သည် ကရင်မျိုးတို့တွင် လူဦးရေအားဖြင့် တတိယ အများဆုံးဖြစ်သည်။ ပအိုဝ်းတို့ကို မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ တောင်ပိုင်းရှမ်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်ဘက် နယ်စပ်ဒေသတို့တွင် အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့၏ အချက်အချာဒေသ ၂ ခုမှာ [[သံလွင်မြစ်]]အောက်ပိုင်း ပတ်ဝန်းကျင်ဒေသများနှင့် တောင်ပိုင်းရှမ်းပြည်ရှိ သထုံနယ်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်တို့တွင် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်ကြသည်။ [[တောင်ငူခရိုင်]]၊ [[ပဲခူးခရိုင်]]၊ [[ဖားအံခရိုင်]]၊ [[ကယားပြည်နယ်]]နှင့် [[ကော့ကရိတ်မြို့နယ်]] လခတို့တွင်လည်း ပအိုဝ်းလူမျိုးများ အနှံ့အပြား နေထိုင်ကြသည်။ မြန်မာနိုင်ငံမှအပ [[ထိုင်းနိုင်ငံ]]၊ [[ကမ္ဘောဒီးယားနိုင်ငံ]]များနှင့် [[မဲခေါင်မြစ်]] အောက်ပိုင်းဒေသတို့တွင်လည်း ပအိုဝ်းများ အထင်အရှား ရှိလေသည်။
[[ဖိုင်:PaO Grandma.jpg|thumb|ထမ်းဆန်းဂူ စတုဒီသာရှိ လုပ်အားပေး ပအိုဝ်း အဖွားအို၊ ဟိုပုံး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်]]
မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းတို့၏ မူလဇာတိဒေသဖြစ်သည်။မူလဇာတိဒေသဖြစ်သည်။လက်ရှိသထုံမြို့ကျက်သ‌ရ‌ေ‌ဆာင်‌လေးဆူဓာတ်စံ ရွှေစာရံစေတော်မြတ်ကြီးအားတည်ထားသော သူရိယစန္ဒာမင်းသည် ပအိုဝ်းတောင်သူလူမျိုးဖြစ်ပြီး ၊ မွန်တို့မတိုင်မှီ ပထမသုဝဏ္ဏဘူမိနိုင်ငံတော်တွင် ပအိုဝ်းမင်းဆက်ပေါင်း (၁၅၈) ဆက်ထိအုပ်ချုပ်စိုးစံခဲ့သည်ဟုသာသနာအစသထုံကစာအုပ်တွင်ရေးသားဖော်ပြထားသည်။ ဒဏ္ဍာရီပုံပြင်များအရ [[ပုဂံပြည်]]သို့ [[အနော်ရထာ]]မင်း သုံ့ပန်းအဖြစ် ဖမ်းယူသွားသော သထုံပြည့်ရှင် [[မနူဟာမင်း]]သည် ပအိုဝ်းလူမျိုးဟုမွန် - ပအိုဝ်ကပြားဟု ဆိုသည်။ ပုဂံသို့ မနူဟာမင်း ပါသွားပြီးနောက် နိုင်ငံပြိုကွဲ၍ အချို့ပအိုဝ်းတို့သည် မြောက်ဘက်သို့ ရောက်သွားပြီးလျှင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် သထုံနယ်သစ်ကို တည်ထောင်ကြသည်ဟု ဆိုသည်။ သထုံပြည်မှ ပြေးလာသော ပအိုဝ်းတို့သည် မြေလတ်တွင်လည်း အခြေစိုက်ကြသည်။ [[ပုဂံကျောက်စာ]]တို့တွင် တောင်သူဟူ၍ ဖော်ပြပါရှိရကား [[ပုဂံခေတ်]]ကပင် ပအိုဝ်းနှင့် မြန်မာတို့ အဆက်အသွယ်ရှိသည်ဟု ယူဆရပေသည်။
 
ရှမ်းပြည်နယ် သထုံနယ်တွင် ပအိုဝ်းတို့သည် နန်းခေ၊ တတုတ်၊ ကွန်လောင်၊ တန်စန်နှင့် ခိုင်ဟူ၍ လူမျိုးစု ၅ စု ကွဲသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ ပအိုဝ်းတို့ကို ရှမ်းတောင်သူဟုလည်း ခေါ်ကြသည်။ ရှမ်းပအိုဝ်းတို့သည် မိမိတို့ကိုယ်ကို သထုံပန်းရင်ဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်၊ သထုံနယ်ကိုလည်း အုပ်ချုပ်သူ မြို့စားသည် ပအိုဝ်းလူမျိုးဖြစ်သည်။
စာကြောင်း ၂၆ -
===လူဦးရေ===
 
မြန်မာနိုင်ငံ - ၁သန်းနီးပါး၄ သန်းမှ ၅ သန်းကြား
 
ထိုင်းနိုင်ငံ - ၁၀၀၀၀ - ၂၀၀၀၀ ကြား...