ရွှေမန်း၊ ဦး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၁ -
၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ရာထူးသို့တိုးမြှင့်ပေးခံရသည်။ သူ့လက်အောက်ရှိ ခြေလျင်တပ်များမှ တပ်သားများ၏ လေးစားအားကိုးမှုကို အထိုက်အလျောက်ခံရသည်။ တာဝန်များအရ ရှေ့တန်းနှင့် ဒေသန္တရ စစ်တိုင်းများမှ တပ်ရင်းတွေနှင့် အလှမ်းကွာနေသည့် သဘောရှိသည်။
 
== ဘဝဖြတ်သန်းမှု ==
== စစ်ရာထူး အဆင့်ဆင့် ==
၁၉၆၆ - ပြင်ဦးလွင် (မေမြို့) စစ်တက္ကသိုလ် အမှတ်စဉ် (၁၁) တက်ရောက်သည်။ ဗိုလ်ကျောင်း အမှတ် (၆၇၂) ဖြစ်သည်။
 
စာကြောင်း ၈၇ -
 
၂၀၁၀ ဩဂုတ် - တပ်မတော်မှ အငြိမ်းစားယူသည်။
 
၂၀၁၀ နိုဝင်ဘာ ၇ - ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရီမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။
 
၂၀၁၁ ဇန်နဝါရီ ၃၁ - ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။
 
၂၀၁၁ ဧပြီလ ၁၀ - ဖြူးမြို့နယ် ခုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံအဆောက်အအုံသစ် ဖွင့်ပွဲ၊ အထက (၁) ကျောင်းဝင်းအတွင်း၌ နှစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ကျောက်တံခါးမြို့နယ် တောကျွဲအင်း (၁၆) ခုတင်ဆံ့ တိုက်နယ် ပြည်သူ့ဆေးရုံသစ် ဖွင့်ပွဲများကျင်းပရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက် တို့ တက်ရောက်အားပေး ချီးမြှင့်သည်။
 
၂၀၁၁ ‌အောက်တိုဘာ ၇ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံသည်။
 
၂၀၁၂ မေ ၃ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vimes ခေါင်းဆောင်သော အဖွဲ့ကို နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသည်။
 
၂၀၁၂ မေ ၆ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံ ဟန်ဆိုင်ဒယ် ဖောင်ဒေးရှင်း ၏ အစီအစဉ်ဖြင့် ဂျာမနီနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ လွှတ်တော်များသို့ လေ့လာရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက် ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
 
၂၀၁၂ မေ၂၃ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ အင်္ဂလန်ပြည်နှင့် ဒိန်းမတ်နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ပြီး ပြန်လည်ရောက်ရှိသည်။
 
၂၀၁၂ မေ ၃၀ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျာမနီနိုင်ငံ ဂျာမန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အော်ဂါစွမ်လ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံသည်။
 
၂၀၁၂ အောက်တိုဘာ ၁၄ - ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဦးသိန်းစိန်သည် ဥက္ကဋ္ဌ၊ သူရဦးရွှေမန်းသည် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၄၄ဦးပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ရွေးချယ်သည်။
 
၂၀၁၃ ဧပြီ ၂ - ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်ကာပူ သမ္မတနိုင်ငံသမ္မတ ဒေါက်တာတိုရီတန်ကင်ယမ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကိုနေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းဆောင်၌ လက်ခံတွေ့ဆုံသည်။
 
၂၀၁၃ ဧပြီ ၄ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေးနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး H.E. Mr. Trond Giske ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်၌ တွေ့ဆုံသည်။
 
၂၀၁၃ ဧပြီ ၂၇ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩစတြေးလျ ဥပဒေပြု အထက်လွှတ်တော် ဥက္ကဋ္ဌ ဆီနိတ်တာ Hon. John Joseph Hogg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လွှတ်တော်ရုံးခွဲ (ရန်ကုန်)၌ တွေ့ဆုံသည်။
 
၂၀၁၃ ဇွန် ၁ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ရန်ကုန်မြို့ သံလွင်လမ်းရှိ လွှတ်တော်ရုံးခွဲ၌ ကျင်းပသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
 
၂၀၁၃ ဇွန် ၃ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့အစည်း ဥက္ကဋ္ဌ မစ္စက်မဒလင်းအောလ်ဘရိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
 
၂၀၁၃ ဇွန် ၈ - အမေရိကန် ကွန်ဂရက်ဥက္ကဋ္ဌ H.E. John A. Boehner နှင့် အမေရိကန်ပြည်ထောင်စု အစိုးရတို့၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်သည်။
 
၂၀၁၃ ဇွန် ၂၀ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တိုင်းပါလီမန်ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ H.E Mr. Somsak Kiatsuranonk ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်မြို့သံလွင်လမ်းရှိ လွှတ်တော်ရုံးခွဲ၌ လက်ခံတွေ့ဆုံသည်။
 
၂၀၁၃ ဇူလိုင် ၁၆ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကော်မတီဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇမ္မူသီရိ ခန်းမဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
၂၀၁၃ ဇူလိုင် ၂၁ - ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ ကျင်းပ သည်။
 
၂၀၁၃ စက်တင်ဘာ ၂ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ ပြီး လွှတ်တော်ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ ပြည်သူများမေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
 
၂၀၁၃ စက်တင်ဘာ ၃ - သူရဦးရွှေမန်းသည် "ဝ" သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယစစ်ရေးချုပ် ဦးခွန်ဂန်၊ ပြည်ပဆက်ဆံရေးဌာနမှ ဦးကျောက်ကော့အန်း၊ "ဝ" တောင်ပိုင်းဗျူရိုမှ ဦးအိုက်လိပ်နှင့် (UWSP) ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်တို့နှင့် တွေ့ဆုံ၍ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူရေး အပါအဝင် အောက်ခြေတပ်များအကြား ပြဿနာ ဖြစ်ပွားပါက မြန်ဆန်စွာ ညှိနှိုင်းဖြေရှင်းရေး၊ ဥပဒေ‌ဘောင်အတွင်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
 
၂၀၁၃ စက်တင်ဘာ ၄ - ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့‌လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။ ထို့နောက် အထူးဒေသ (၂) မှ UWSA "ဝ" အဖွဲ့မှ ဦးအိုက်ဂျွန်း ဦးစီးသောငြိမ်းချမ်းရေးအဖွဲ့နှင့် လည်း ကောင်း၊ ညနေပိုင်းတွင် အထူး‌ဒေသ(၄) မှ ဦးစိုင်းလင်း ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့အား လည်းကောင်း ကျိုင်းတုံမြို့ ရွှေတြိဂံရိပ်သာ၌ တွေ့ဆုံသည်။
 
၂၀၁၃ နိုဝင်ဘာ ၂၃ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှုနှင့် အားကစားအဖွဲ့များ လေ့ကျင့် နေမှုကို ကြည့်ရှုအားပေးသည်။
 
၂၀၁၃ နိုဝင်ဘာ ၂၇ - ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ဂျပန်နိုင်ငံ House of Representative ဥက္ကဋ္ဌ၊ Hon.Mr. Bunmei Ibuki ၏ဖိတ်ကြားချက်အတွက် ရန်ကုန်မြို့မှ လေကြောင်းဖြင့်ထွက်ခွာသည်။
 
၂၀၁၃ နိုဝင်ဘာ ၂၉ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် အစိုးရ အိမ်တော် အထူးဧည့်သည်တော်များ ခန်းမဆောင်သို့ သွားရောက် ကာ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးနှင့် တွေ့ဆုံသည်။
 
၂၀၁၃ ဒီဇင်ဘာ ၁၆ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အဖွဲ့သည် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွား ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသည်။
 
၂၀၁၃ ဒီဇင်ဘာ ၂၁ - ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသော သူရဦးရွှေမန်းနှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားဘုရင် နန်းတော်သို့ ရောက်ရှိပြီး ကမ္ဘောဒီးယားဘုရင်နှင့် တွေ့ဆုံသည်။
 
၂၀၁၄ ဇန်နဝါရီ ၆ - သူရဦးရွှေမန်းသည် ဂျပန်နိုင်ငံ လွှတ်တော်ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ မစ္စတာ အီချီရိုအာရိုဆဝါနှင့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)၊ ဒီမို ကရက်တစ်ပါတီနှင့် ဂျပန် ပြန်လည်ထူထောင်ရေး ပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။
 
၂၀၁၄ မတ် ၂၆ - ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တိုင်းဥပ‌ဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္မူသီရိဧည့်ခန်းမဆောင်၌ သတင်းမီဒီ ယာများနှင့် တွေ့ဆုံ၍ မေးခွန်းများဖြေကြသည်။
 
၂၀၁၄ ဧပြီ ၈ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ သို့ ရောက်ရှိသည်။
 
၂၀၁၄ ဧပြီ ၁၁ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အဖွဲ့သည် ပေကျင်းမြို့၌ တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသည်။
 
၂၀၁၄ ဒီဇင်ဘာ ၃၁ - ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ရန်ကုန် တိုင်း ဒေသကြီး မှော်ဘီမြို့နယ် အားကစားကွင်း၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသို့ တက်ရောက်အမှာ စကားပြောကြားသည်။
 
၂၀၁၅ ဩဂုတ် ၁၂ - နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ် အမှုဆောင် ၁၂ဦးကို သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ဖြုတ်ချလိုက် သည်။
 
၂၀၁၆ ဖေဖော်ဝါရီ ၁ - ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်း က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးဝင်းမြင့်ထံ ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲ ပြောင်းပေးအပ်သည်။
 
၂၀၁၆ ဖေဖော်ဝါရီ ၄ - သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ပါဝင်သော ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များကိုသာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ပြည်သူ့လွှတ်တ်ေ အမိန့်ကြေညာစာ အမှတ် ၉၊ ၂၀၁၆ ဖြင့်ပြန်လည်ဖွဲ့စည်းသည်။
 
၂၀၁၇ နိုဝင်ဘာ ၂၀ - ပြည်သူ့လွှတ်တော်က သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သော ဥပဒေရေးရာ အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ် ရေး ကော်မရှင် (အထူးကော်မရှင်)ကို တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြန်လည်ပြင်ဆင်ပေးသည်။
 
၂၀၁၈ - ပြည်သူ့လွှတ်တော် ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိ သည်။ သူ၏ကော်မရှင်၌ ယခုအခါ အဖွဲ့ဝင်(၃၈)ဦးအထိ တိုးချဲ့ဖွဲ့ စည်းထားသည်။
 
၂၀၁၉ ဧပြီလ (၂၅) -သူရဦးရွှေမန်းသည် Union Betterment Party(UBP) ကိုတည်ထောင်ခဲ့ပြီး ပါတီ၏ ခေါင်းဆောင် နှင့် ဥက္ကဋ္ဌလည်းဖြစ်သည်။ ပါတီတည်ထောင်ရာတွင် တည်ထောင်သူ (၁၉) ဦးက ပူးတွဲလက်မှတ်ရေးထိုးလျက် UEC သို့ တင်ပြခဲ့သည်။
 
<br>