သန်းဆွေ (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၄ -
 
== သန်းဆွေ [၁၉၂၆ - ၁၉၆၄] ==
ရန်ကုန် ကမာရွတ်တွင် အဖ ဦးဘသောင်း၊ အမိ ဒေါ်တင် တို့က ၁၉၂၆ (စံပြ ဦးတင်ဦး၏ "မြန်မာ စာရေး ဆရာ အဘိဓာန်" နှင့် သန်းဆွေ စာစု စာရင်း တွင်မူ ၁၉၂၄ ဟု ဖော်ပြသည်။) ခုနှစ်တွင် မွေးဖွားသည်။ ဒုတိယမြောက် သား ဖြစ်သည်။ ငယ်မည် ကျောင်တိုင်၊ကျောက်တိုင်၊ မူလ အမည် သန်းရွှေ ဖြစ်၏။
 
ငယ်စဉ် ကတည်း ကပင် ကျောင်းစရိတ်ကို ကိုယ်တိုင် ရှာဖွေကာ ကိုယ်ထူး ကိုယ်ချွန် ပညာ သင်ကြား ခဲ့ရသူ ဖြစ်သည်။ စံပယ်ပန်း ကိုယ်တိုင် သီကုံး ရောင်းခဲ့ ဖူးသည်။ သတင်းစာ ရောင်းခဲ့ ဖူးသည်။ ပန်းထိမ်ပညာပန်းတိမ်ပညာ သင်ယူခဲ့ဖူးသည်။ ဂျပန် ခေတ်တွင် ဂျပန်စာ သင်ယူပြီး ဂျပန် စကားပြန် အဖြစ် တနင်္သာရီတိုင်း အနှ့ံအနှံ့ ရောက်ခဲ့ ဖူးသည်။ ဂျပန် ခေတ်တွင်ပင် ငယ်မည် "သန်းရွှေ" ကို "သန်းဆွေ" အဖြစ် ပြောင်း၏။ သို့သော် အမည် တွင်ခြင်း မရှိ။ "ငါ့အသက် အစိတ် ကျရင် ငါရေးတဲ့ စာတွေကို ပုံနှိပ် စာလုံး အဖြစ်ကို ရောက်အောင် လုပ်မယ်" ဟု အသက် ၁၃ နှစ်သား အရွယ် ကတည်းက ကြုံးဝါး ခဲ့သည်။ ဂျပန်ခေတ် လက်ရေး စာစောင် တို့၌ ဝတ္ထုတို၊ ကဗျာ စသည်တို့ ရေးသော အခါ "မင်းလွင်" ကလောင် အမည် တပ်ခဲ့သည်။
 
 
စာကြောင်း ၅၅ -
 
 
ချမ်းသာ စာစောင်ကို ရှုမဝ ပုံနှိပ် စက်တွင် ရိုက်နှိပ် နေစဉ် စာပဒေသာကို ကူညီ လုပ်ကိုင် ပေးခဲ့သည်။ ချမ်းသာ စာစောင် ရပ်သွားသော အခါ စာပဒေသာတွင် စိတ်ရော ကိုယ်ပါ မြှုပ်နှံ လုပ်ကိုင် ခဲ့ပြန်သည်။ ဤတွင် [[တင့်တယ်]]နှင့် ဆုံတွေ့ခဲ့ရာမှ အနောက်တိုင်း စာပေ လောကနှင့် ဆုံစည်း ခဲ့ရသည်။ ဝတ္ထုရေးနည်း အတတ်ပညာ စာအုပ်များကို ဖတ်ခဲ့ ရသည်။ [[တက်တိုး]]နှင့် တွေ့သည့် အခါ ကမာ္ဘ့ဂန္ဒဝင်ကမ္ဘာ့ဂန္ဓဝင် စာအုပ် များနှင့် ဆုံရ ပြန်သည်။ မကြာမီပင် '''ချစ်သုံးလီ''' ဝတ္ထုကို ထုတ်ဝေ ခဲ့ပြန်ရာ ထိပ်တန်းသို့ ရောက်ရှိ စေသည် အထိ အောင်မြင် ခဲ့ပေသည်။ အလွမ်း ဝတ္ထုရေး ဆရာဟု အသိအမှတ် ပြုလာ ရတော့သည်။