ဖိုးစိန်၊ ဦး (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎ဦးဖိုးစိန် (၁၂၃၄ - ၁၃ဝ၆): စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄ -
 
 
ဦးဖိုးစိန်သည် အဖ ဦးတန်ကျူ၊ အမိ ဒေါ်ရွှေပွင့် တို့၏ သားကြီး ဖြစ်၍ သက္ကရာဇ် ၁၂၃၄ ခုနှစ်၊ နှောင်းတန်းခူး လဆန်း ၈ ရက်၊ စနေနေ့ နံနက် ၁ ချက်တီးကျော် အချိန်တွင် ရန်ကုန်မြို့၌ ဖွားမြင် ခဲ့သူ ဖြစ်ပေသည်။ ငယ်စဉ်ကပင်လျှင် မြန်အောင်မြို့ ရွှေဘုံသာတိုက် ဝဲပျံကျောင်း ဆရာတော် ဦးသူရိယ ထံရင်း၌ သဒ္ဒါ၊ သဂြိုဟ်၊ မကာရနႝမကာရ တွက်ရိုး စသည် တို့ကို သင်အံ ဆည်းပူး ခဲ့၏။
 
 
စာကြောင်း ၁၆ -
 
 
သက္ကရာဇ် ၁၂၇၅ ခုနှစ်အတွင်း မန္ဈလေးမြို့မန္တလေးမြို့ နော်မံ ကျောင်းကြီးတွင် ခေတ္တ ကျောင်းအုပ်ကြီး အဖြစ် ၁ဝ လခန့် လုပ်ကိုင် ရသေးသည်။ ထို့နောက် မြင်းခြံ စီရင်စုနယ်တွင် ရဟန်းတော် ကျောင်းများကို အစိုးရ စာစစ်ခံ ကျောင်းများ အဖြစ် ဝင်ရောက် လာအောင် ဟောပြောရန် အထူး အလုပ် ဝတ္တရားနှင့် စေလွှတ်ခြင်း ခံရ ပြန်လေသည်။ ဦးဖိုးစိန်၏ ကြိုးပမ်းချက် ကြောင့်လည်း ရဟန်း ကျောင်းပေါင်း ရဝဝ၇ဝဝ ကျော်မျှ ဝင်ရောက် လာသောကြောင့် အစိုးရ ချီးကျူးခြင်းကို အထူး ခံရသည်။
 
 
နောက် သက္ကရာဇ် ၁၂၇၈ ခုနှစ်တွင် အစိုးရက ကျောင်းအဖွဲ့ များကို စတင် ဖွဲ့စည်းသော အခါ ဦးဖိုးစိန်ကို မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ ခေါ်ယူ၍ ရန်ကုန်မြို့ ကျောင်းအဖွဲ့ စက္ဗရီတေရီနှင့်စက္ကရီတေရီနှင့် ရန်ကုန်မြို့ ပညာအုပ် အလုပ် နှစ်ရပ်ကို တွဲဖက် လုပ်ကိုင် စေပြန်သည်။ ထို့နောက် သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရမင်း (အေ-တီ-အမ်) ဘွဲ့ဖြင့် အစိုးရက ချီးမြှင့်ခြင်း ခံရ၏။ သို့နှင့် ဦးဖိုးစိန်သည် ပညာဝန်ထောက် ရာထူးကို ရပြီး သည့်နောက် အသက် ၅၅ နှစ်သို့ ရောက်သော အခါ ရန်ကုန် မြို့ကပင် အငြိမ်းစား ရိက္ခာတော်ကို ခံယူ ရလေသည်။ အငြိမ်းစား ရိက္ခာတော်ကို ခံယူပြီးသည့် နောက်တွင်မှ ဩဝါဒ ဖတ်စာစဉ် မလှတင် ဝတ္ထု၊ ကျေးဇူးရှင် ဝတ္ထု စသော ဝတ္ထုတိုများ၊ စာစီ စာကုံးကျမ်း၊ မြန်မာ ကဗျာ ဖွဲ့နည်းကျမ်း၊ မြန်မာ သဒ္ဒါ ကျမ်းများနှင့် ဂမႝီသာရပျို့၊ဂမ္ဘီသာရပျို့၊ လောကသာရပျို့ စသော ပျို့များ၏ ခက်ဆစ် အဖြေကျမ်း များကို ရေးသား ဖြေဆိုသည်။