မိန်းမလှကျွန်း: တည်းဖြတ်မှု မူကွဲများ

→‎ပထဝီဆိုင်ရာ အခြေခံ အချက်အလက်များ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ဒဏ္ဍာရီ ပုံပြင်များ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၅ -
မိန်းမလှကျွန်းဟု ခေါ်ဆိုရခြင်းသည် ကျွန်းအား လှမ်းမျှော်ကြည့်လျှင် ဒီရေတောများသည် ကမ်းစပ်တွင် မိန်းမလှလှကြီးများ တန်းစီ၍ရပ်သယောင် ထင်ရလောက်အောင် လှပဝေဆာသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ လယ်ယာမြေ တိုးချဲ့လာမှု၊ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းတွေ တိုးချဲ့လာမှု၊ လောင်စာအတွက် ဒီရေတော တွေကို အလွန်အမင်း ထုတ်ယူမှု၊ ဒေသခံတွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ နည်းပါးမှုတွေ ကြောင့် မိန်းမလှကျွန်း အပါ အဝင် ဒီရေတော တွေဟာ တစစ ပြုန်းတီးလာခဲ့ ရတယ်။ ဒီရေတောတွေဟာ လယ်မြေတွေ ဖြစ်ကုန်၊ ထင်းနဲ့ မီးသွေး အတွက် ဒီရေတောတွေ ကို မတရား ခုတ်ခဲ့ကြတာကြောင့် အခု ဒေသခံ လုထု အတွက်တောင် သုံးစရာ လောင်စာ အခက်အခဲ ဖြစ်နေပါပြီ။
 
ဒီရေတွေကိုဒီရေတောတွေကို အခုမှ ပြန်လည် ပျိုးထောင်ဆဲ ဖြစ်ပြီး၊ ဒီရေတောတွေ နဲ့ အတူ ကျေးရွာ အလိုက် တနိုင်တပိုင် ထင်းစိုက်ခင်းတွေ ကိုလည်း စိုက်ပျိုးစေပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ ပေးတာတွေလည်း ပြုလုပ်နေပါတယ်။ လွန်ခဲ့တယ် ဆယ်စုနှစ် တခုကျော်လောက် အထိ အလွန် နာမည်ကြီးခဲ့တယ့် "ဘိုကလေး မီးသွေး" ကလည်း ဒီရေတောတွေကို အဓိက ပြုန်းတီးစေခဲ့တဲ့ အကြောင်းရင်း တစ်ခုပါ။ ဒီရေတောပင်တွေဟာ [[မီးသွေး]]ဖုတ်လို့ အင်မတန်မှကောင်းပါတယ်။ ဘိုကလေး မြို့နယ် အတွင်းမှာ ဒီရေတော တွေ အများကြီးပေါက်ရောက် ခဲ့တာ ကြောင့် အများအပြား ထုတ်လုပ်နိုင်ခဲ့ ပြီး ဘိုကလေးမီးသွေး ဟာလည်း နာမည်ကျော်ခဲ့ ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အတွင်းမှာတော့ ဘိုကလေး မီးသွေးဆို မမြင်ရလောက်အောင် ရှားသွားပါပြီ။
 
ဒါဟာ ဥပဒေကြောင်း အရ တားမြစ်ထားတာ ကြောင့်လည်း ဖြစ်သလို၊ ဘိုကလေးမြို့နယ် အတွင်းမှာ မိန်းမလှကျွန်းလို ထိန်းသိမ်းထားတဲ့ သစ်တောကလွဲလို့ တခြားခုတ်စရာ ဒီရေတောပင် တစ်ပင်တစ်လေတောင် မရှိတော့တာကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာရေး ခရီးစဉ်အတွင်း ရောက်ရာ ဒေသတွေမှာ ဒေသခံတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ဆွေးနွေးမှုတွေ လုပ်ကြတယ်၊ ဒီရေတော အပင်ပေါက်လေးတွေကို ဒေသခံတွေကို ကျေးရွာအလိုက်ဝေပေးကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကဒုံကနိ ကျေးရွာ အနီးနဲ့ မိန်းမလှကျွန်း မျက်နှာချင်းဆိုင်က ဗြုန်းမွှေးကျွန်းပေါ်မှာ ဒီရေတော အပင်လေးတွေ စိုက်ပျိုးခဲ့ကြတယ်။